Myanmar Media 7 Co.,Ltd မှ ထုတ်လုပ်ရိုက်ကူး မယ့် “ကိုယ်စောင့်နတ်’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲ ကို ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၉နာရီက ရွှေတိဂုံဘုရား အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ Myanmar Media 7 ရဲ့ သတ္တမမြောက် ထုတ်လုပ်တဲ့ ဒီဇာတ်ကားကြီးရဲ့ ဇာတ် လမ်းကို လွှမ်းပိုင်နဲ့ ဒါရိုက်တာ ဝင်းလွင်ထက် တို့က ပူး ပေါင်းရေးသား ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ် ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူး ပုံဖော်မှာ ဖြစ်ပြီး သရုပ်ဆောင်လွှမ်းပိုင်၊ ထွန်းထွန်း၊ ရဲထွေးအောင်၊ ခင်ဝင့်ဝါနဲ့ ခိုင်သဇင်ငုဝါ တို့က အဓိက ပါဝင် သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူး ပုံဖော်မယ့် ဒါရိုက်တာ ဝင်းလွင်ထက်က..
“ဒီဇာတ်ကားက လူငယ်ဆန် ဆန် ကျောင်းသား ဘဝ ကို အခြေခံပြီး ရိုက်ကူးမယ့် Fantastic Comedy ဇာတ် ကားလေးပါ။ Facebook ပေါ်မှာ Video Click လေးတွေ တင်တင်နေတဲ့ ရဲထွေးအောင် နဲ့ သုတဇော်လည်း ပါပါတယ်။ လွှမ်းပိုင်ရယ်၊ ရဲထွေးအောင်နဲ့ သုတဇော်က ဒီဇာတ်ကားရဲ့ ဇာတ်ကောင် ၃ယောက် ပုံစံနဲ့ အံဝင် ခွင်ကျ ရှိပါတယ်။ သူတို့ရဲ့ပုံစံက ကျောင်းမှာ အမြဲတမ်း အနှိမ်ခံရတယ်။ အထင်လည်း မကြီးကြဘူးပေါ့။ ဇာတ် ကားကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ပုံစံလေးနဲ့ ထူးခြား တဲ့ Presentation ပုံစံမျိုး လေးတွေနဲ့ ရိုက်ကူး သွားမှာပါ။ ဒီဇာတ်ကားလေး ရဲ့ အဓိကပေးချင်တဲ့ message က တော့ ကိုယ့်အား ကိုယ်ကိုးရမယ်။ ပြီးတော့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုထားမှ အောင်မြင်မယ် ဆိုတာလေးကို ပရိသတ်တွေကို ပြောပြချင်တာပါ”လို့ ပြောပါတယ်။
ဒီဇာတ်ကားလေးကိုတော့ ဇန်နဝါရီလ ၂ဝ ရက်နေ့က စတင်ပြီး ရိုက်ကူး ပုံဖော်သွားမယ်လို့ သိရပါတယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း