အခုအခါမှာ သရုပ်ဆောင်နေမင်းက ရှစ်လေးလုံးအရေး တော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ပြီး တိုင်းပြည်နဲ့ လူမျိုးချစ်စိတ်ကြီး စွာ မတရားဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အစိုးရကို တော်လှန်ဆန့် ကျင်ခဲ့ကြကာ အရေးတော်ပုံဖြိုခွင်းခံရလို့ တောခိုသွားကြသူ ကျောင်းသားလူငယ်များထဲက တစ်ဦးဖြစ်တဲ့ ရဲရဲတောက် အမျိုးသမီးငယ်လေးတစ်ဦးအကြောင်း ရုပ်ရှင် အဖြစ် ရိုက်ကူးပုံဖော်စီစဉ်နေကြောင်းကို…
“ABSDF မနန်းအောင်ထွေးကြည် ရဲ့အကြောင်းကို ရိုက်ကူးဖို့ ပြင်ဆင် နေပါတယ်။ သူ့ရဲ့တစ်ယောက်စာအကြောင်းပေါ့။ သူ့ရဲ့ ကိုယ်ပိုင်နံပါတ်နဲ့ သူ့အကြောင်းရိုက်ဖို့ ပြင်ဆင် နေကြတာပေါ့။ ဘာလို့ရိုက် ကူးလဲဆိုတော့ နိုင်ငံရေးကို ရိုက်ကူးချင်တာ မဟုတ်ဘူး။ စိတ် ပေါ့။ ၈၈ ဝန်းကျင်လောက်တုန်းက မြန်မာ ပြည်မှာရှိတဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့စိတ်နဲ့ တော် လှန်ရေးဆိုတဲ့ ဦးတည်ချက်နဲ့ တောခိုခဲ့ကြတယ်။ တကယ်တော့ ကလေးတစ်ယောက်ရဲ့အတွေး၊ ကလေး တစ်ယောက်ရဲ့စိတ်နဲ့ ဆုံးဖြတ်ပြီးတော့ကြိုးစားခဲ့တဲ့ အောင်မြင်မှုကမရရှိဘူး။ ဘာကြောင့်မရလဲဆိုတော့ သူတို့ရဲ့အတွေးနဲ့ သူတို့တိုင်းပြည်ကိုပေးဆပ်ချင်တဲ့ စိတ်နဲ့တန်ဖိုးထားဖို့ကောင်းတဲ့စိတ်ဓာတ်တွေက တစ်စုံ တစ်ယောက်သော လူတွေရဲ့မကောင်းတဲ့စိတ်တစ်ခု ကြောင့် စတေးခဲ့ရတယ်။ ပန်းတိုင်လည်း မရောက်ခဲ့ ကြဘူး။ နောက်ထပ် အနာဂတ်မှာရှိတဲ့ ကလေးတွေဆယ် ကျော်သက်တွေ အဲဒီလိုတစ်စုံတစ်ရာစွန့်စားပြီး မိုက်ရူးရဲ စိတ်နဲ့တွေးမယ်ဆိုရင် ဒီဟာကို အသိတရားရဖို့ တင်ပြချင်တဲ့ သဘောတရားတစ်ခုပါပဲ။ နိုင်ငံရေးတွေ ဘာမှမပါပါဘူး။ နောက် ပိုင်းဖြစ်လာမယ့်ဆယ်ကျော်သက်အရွယ်၊ တက္ကသိုလ် ဝင်တန်းပြီးသွားရင် လူငယ်တွေကမိုက်ရူးရဲစိတ်နဲ့ လုပ်ချင် တာလုပ်တတ်ကြတယ်။ အဲဒီနေရာမှာ အတွေးအမြင် မကျယ်ပြန့်မှုအပေါ်မှာ အကျင့်တစ်စုံတစ်ရာ လိမ်လည် လှည့်ဖြားပြီး သွေးဆောင်ချင်တဲ့ လူကြီးတစ်စုရဲ့လှည့်ဖြားမှု ပါသွားတတ်ကြတယ်။ အဲဒါမျိုးကို အမြင်မှန်ရစေချင် တာရယ်၊ ဒီဟာကိုကြည့် ပြီးသွားရင် သူတို့ရဲ့တိကျရေရာတဲ့ဆုံးဖြတ်ချက် ချဖို့အတွက် အသိတရားတစ်ခုပေးချင် တဲ့စိတ်နဲ့ ရိုက်ကူးချင်တာပါ”လို့ပြောပါတယ်။
ဒီဇာတ်ကားရိုက်ကူးဖို့ကို တော့ တိုင်ပင်ဆွေးနွေး နေဆဲပါပဲလို့ဆိုတဲ့ နေမင်းက “ဘယ်ထုတ်လုပ်ရေးနဲ့မှ မပြောရသေးဘူး။ ကာယကံရှင်ဖြစ်တဲ့ မနန်းအောင်ထွေး ကြည်ရယ် Publisher ဖြစ်တဲ့ မြစ်မခက ဆရာမမေသင်္ကြန် ဟိန်ရယ်၊ ကျွန်တော့်သူငယ်ချင်းတွေရယ်နဲ့ ဆွေးနွေး နေကြတုန်းပါပဲ။ ဇာတ်က မိန်းမဇာတ်ဖြစ်တော့ ကျွန်တော့် ကာရိုက်တာကိုတောင် မစဉ်းစားရသေးဘူး”လို့ ပြော ပါတယ်။