၂ဝ၁၆ခုနှစ်အကယ်ဒမီစာရင်းဝင် ဇာတ်ကားပေါင်း ၃ဝကျော်နဲ့ ပြိုင်ဆိုင်မှုပြင်းထန်တော့မယ့် အကယ်ဒမီ

0
165

aca1

၂ဝ၁၆ ခုနှစ် အကယ်ဒမီ စာရင်းဝင်ဇာတ် ကားတွေကို စိစစ်အကဲဖြတ်နေမှုဟာ လက်ရှိမှာဆိုရင် ဇာတ်ကားပေါင်း၂၈ကားအထိ အကယ်ဒမီဘုတ်အဖွဲ့အနေနဲ့ ကြည့်ရှုစိစစ်ခဲ့ပြီး ပြီဖြစ်ပြီး နောက်ထပ် ရုံတင်ပြသလာဦးမယ့် ရုပ်ရှင် ဇာတ် ကားတွေ ကျန်နေသေးတာမို့ အကယ်ဒမီ စာရင်းဝင်ဇာတ်ကားဟာစုစုပေါင်း ၃၂ ကားအထိ ရှိလာ နိုင်ကြောင်း ရုပ်ရှင်နာယကကြီးတစ်ဦးဖြစ် သူဒါရိုက်တာ ဦးနှင်းမိုးက ပြောပါတယ်။

” နယ်ရုံတင်တဲ့ ဇာတ်ကားတွေ အထိဆိုရင် ၃၂ ကားလောက်အထိ အများဆုံးဖြစ်လာလိမ့်မယ်။ ရန်ကုန်မှာလည်းပြသမယ့် ဇာတ်ကားတွေရှိနေ သေးတော့လေ။ အကယ်ဒမီဘုတ်အဖွဲ့တွေ အနေ နဲ့ကတော့ ဒီဇင်ဘာလကုန်မှာ စိစစ်မှုပြီး နိုင်လိမ့်မယ်ဆိုပေမယ့် နောက်ဆုံးစိစစ်မှုအနေနဲ့ ဇန်နဝါရီလထဲမှာ ပြန်ကြည့်ရမယ်ဆိုရင်တော့ အဲ့ဒီအချိန်ကျမှပဲ အပြီးသတ် စိစစ်နိုင်လိမ့်မယ်” လို့ ဦးနှင်းမိုးက ပြောပြပေးပါတယ်။ အခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားပေါင်း ၃ဝ ကျော် အကယ်ဒမီ စာရင်းဝင်လာတဲ့အပြင် ဇာတ်ကားတွေရဲ့ အရည်အသွေးတွေ၊ ကွာလတီတွေက လည်း မြင့်မားကောင်းမွန်လာတဲ့အတွက် ပြိုင်ဆိုင်မှုကတော့ အရင်နှစ်တွေထက်ပြင်းထန်လာလိမ့်မယ်လို့လည်း မှတ်ချက်ပြုဆိုပါတယ်။

” ဇာတ်ကားကောင်းတွေ အများကြီးပါဝင်လာပါတယ်။ ဘာလို့လဲဆိုရင် ဒီနှစ်မှာ ဟာသရုပ်ရှင်တွေနဲ့ ဒရာမာရုပ်ရှင်တွေဟာ အချိုးကျ ပါဝင်လာတာကိုလည်းတွေ့ရတယ်။ ဟာသရုပ် ရှင်ဇာတ်ကားတွေထဲမှာလည်း တအားကောင်းတဲ့ ဇာတ်ကားလေးတွေ ပါဝင်နေပါတယ်။ ဒရာမာ ဇာတ်ကားတွေကလည်းကောင်းတယ်။ ပြောရင် ဒီနှစ်က အပြိုင်အဆိုင်များတယ်။အဲ့ဒီတော့ ပြိုင် ဆိုင်မှုကလည်း ပြင်းထန်နိုင်တယ်” လို့ ဦးနှင်းမိုးက ဆက်လက်ပြောပြပေးခဲ့ပါတယ်။

လက်ရှိအကယ်ဒမီဘုတ်အဖွဲ့စိစစ်အကဲ ဖြတ်ခဲ့ပြီးသလောက် အကယ်ဒမီစာရင်းဝင်လျက်ရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ အနူးဘစ်၊ စားတယ် (ကိုတင့်တို့စူပါရပ်ကွက်-၂)၊ ချစ်လှစွာ သောအမုန်း၊ အချစ်စစ်၊ ပြန်ခေါ်သက်သေ၊ ဖေ့စ် ဘုတ်ရွာ၊ ခိုးဆိုးလုနှိုက်၊ ရုံးပတေသီးလေးများ၊ မနောမြေမှကျောက်စိမ်းကမ္ဘာ၊ အီဖေကိုယ်တို့ ရွေးကောက်ပွဲ၊ မအေးပွင့်မြင့်မြင့်စန်းလမ်းသုံး ဆယ်၊ ကျွန်တော် ကျွန်မ ယောက်ျား ဗိုက်ကြီးသည်၊ အုတ်ကြားမြက်ပေါက်၊ ရပ်ကွက်ဘုရင်မ(၁)၊ မှော်ကျောက်စာ၊ ရိုက်လိုက်ပါဦး ဒုန်းဒုန်းဒုန်း၊ ကာလာစုံလက်ဆင်၊ လူးရတနာသိုက်၊ အေဒင်ရဲ့ နတ်သမီး၊ ဘောစိ၊ သင်္ကြန်ပြတိုက်၊ ရပ်ကွက် ဘုရင်မ(၂)၊ From Bangkok to Mandalay ၊ ရွှေဒင်္ဂါးကို ထွေခင်းကစားမယ်၊ နှစ်ယောက်တစ် ဘဝ၊ ဘွန္တောကြက်သူခိုး၊ ငဘ၊ မင်းလည်း ဘိုကေငါလည်းဘိုကေ စတဲ့ ရုပ်ရှင် ဇာတ်ကားတွေ ဖြစ်ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here