
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းကျင်းပသည့် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲ (၁၇/၂ဝ၁ဝ)တွင် ပါမောက္ခ ဦးကျော်ဇောနိုင်မှ ‘မူပိုင်ခွင့်’ခေါင်းစဉ်ဖြင့် သြဂုတ် ၂၈ ရက်တွင် ဟောပြောခဲ့ကြောင်း သိရသည်။ ‘မူပိုင်ခွင့်’ ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် နီတိဆိုင်ရာ အခွင့်အရေး (Modelright) နှင့် စီးပွားရေးဆိုင်ရာအခွင့်အရေး (Economic-right) တို့နှင့် သက်ဆိုင်သော မူပိုင်ခွင့်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ ”မူပိုင်ခွင့်တွေဟာ ပိုပြီး ခေတ်စားလာတယ်။ အဲဒီအတွက် ပိုပြီး ကာကွယ်ရမယ်။ ဈေးကွက်တွေကလည်း ကောင်းလာတယ်။ မူပိုင်ခွင့် ဖြစ်ဖို့အတွက် စိတ်ကူးဟာ မူရင်း ဖြစ်ရမယ်။ အများပြည်သူသိအောင် တစ်နည်းနည်းနဲ့ ထုတ်ပြရတယ်။ အဲဒါမှ ကိုယ့်ရဲ့ မူပိုင်ခွင့်က ခိုင်မာမှာပေါ့”ဟု ပါမောက္ခ ဦးကျော်ဇောနိုင်က ပြောသည်။ [...]
September 4, 2010 | Posted in
Internal News |
Read More »

ပထမဆုံးအကြိမ်အဖြစ် ထိုင်းကုန်စည်များ စုစည်းပြသသည့် The 1st Yangon International Products Showcase 2010 ပြပွဲ ကို ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ သြဂုတ် ၂၇ မှ ၂၉ ထိ ၃ ရက် ကြာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပြပွဲတွင် ကုမ္ပဏီပေါင်း ၁ဝဝ ကျော် ပါဝင်ပြီး ဆိုင်ခန်းပေါင်း ၁၃ဝ ဖြင့် တစ်နေရာတည်း၌ တစုတစည်း လေ့လာဝယ်ယူနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း ၄င်းပြပွဲ စီစဉ်သည့ှ်ုည်သမငအ့ာ-ဖြေန မှ ဒေါ်မိုးမိုးအောင်က ပြောသည်။ ”မြန်မာနိုင်ငံမှာ တရားဝင် မှတ်ပုံတင် အသိအမှတ်ပြုပြီးသား ကုမ္ပဏီတွေပေါ့။ ဒီလိုမျိုး နာမည်ရပြီးသား ကုန်စည်တွေ တစုတစည်းတည်း ပြတဲ့အခါ သုံးစွဲသူတွေလည်း တစ်နေရာတည်းမှာတင် ကိုယ့်စိတ်ကြိုက် [...]
September 4, 2010 | Posted in
Internal News |
Read More »

အိန္ဒိယနိုင်ငံရှိ ကမ္ဘာ့ဝိပဿနာ စေတီတော်တွင် မြန်မာမှုလက်ရာ ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံ မှ ပန်းပုပညာရှင် ၂ဝ ဦးအား စက် တင်ဘာလထဲတွင် ထပ်မံသွား ရောက် လုပ်ကိုင်ကြမည် ဖြစ်ကြောင်း ဗန္ဓုလ ကုမ္ပဏီမှ ဦးရွှေကပြော သည်။ ”ကမ္ဘာ့ဝိပဿနာ စေတီတော် ဟာ မြန်မာဘုရား ဖြစ်တဲ့အတွက် မြန်မာမှုလက်ရာ ဖြစ်တဲ့ ပန်းပုလက် ရာကို ထည့်သွင်း ပြုပြင်သွားတာပါ၊ အိန္ဒိယကနေ မြန်မာ့ပန်းပုပညာရှင် ၁၇ ယောက်ဟာ သြဂုတ် ၁ဝ ရက် ကပြန်လည် ရောက်ရှိပါတယ်။ သူတို့ ကို ၁နှစ်ပြည့်ရင် တစ်ခါ အိမ်ပြန် ခွင့်ပြုပေးပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ အိန္ဒိယသို့ သွားရောက်သော ပန်းပုပညာရှင်များထဲတွင် ရွှေတိဂုံ ဘုရား၌ [...]
September 4, 2010 | Posted in
Internal News |
Read More »

မန္တလေးမြို့၊ မလွန်ဈေး ဆန် လှူအသင်းကြီးမှ နှစ်စဉ် တော်သ လင်းလတွင် မန္တလေး ငါးမြို့နယ်နှင့် စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုး ကြီးသုံးရပ်ရှိ ရဟန်း သာမဏေ၊ သူတော်နှင့် သီလရှင်များအား ဆွမ်း ဆန်စိမ်းများ လောင်းလှူလာခဲ့သည် မှာ ယခုနှစ်တွင် ၁၁၄ နှစ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆန်လှူ အသင်းကြီးမှ ပြီးခဲ့သည့် ၁၁၃ နှစ်မြောက်တွင် မန္တလေးငါးမြို့နယ်ဖြစ်သော အောင် မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာ အောင်မြေ၊ ချမ်းမြသာစည်၊ ပြည် ကြီးတံခွန်ရှိ ရဟန်း ၂၁၂၄၃၂ ပါး၊ သာမဏေ ၁၅၃ဝ၆၅ ပါးနှင့် သီလ ရှင် ၃၂ဝ၃ ပါးတို့အား ဆွမ်းဆန်စိမ်း ၉၉၃၈ တင်း၊ စစ်ကိုင်း၊ [...]
September 4, 2010 | Posted in
Internal News |
Read More »

အင်းစိန်ဗဟို အကျဉ်းထောင် ဝင်းအတွင်းရှိ ဆေးရုံသို့ သီတဂူ ဆရာတော်နှင့် အာရှတော်ဝင်တို့မှ ခွဲစိတ်ခန်းသုံး ပစ္စည်းများ လှူဒါန်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အကျဉ်းထောင်ဆေးရုံသို့ နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်းနှင့် သွေးပေါင်အချိန်ပြည့်တိုင်းတာဖော် ပြသောစက်၊ ခွဲစိတ်ခန်းသုံး ရွေ့လျား မီးအိမ်၊ လျှပ်စစ် ခွဲစိတ်ခန်းသုံး ပေါင်း စက်၊ ခွဲစိတ်ခန်းသုံးပစ္စည်းတစ်စုံ၊ ခွဲ စိတ်ကိရိယာတင်စင်နှင့် လူနာသယ် တွန်းလှည်း ၆ မျိုး လှူဒါန်းမည်ဖြစ် ကြောင်း သိရသည်။
”အသေးစား ခွဲစိတ်မှုတွေကို အကျဉ်းထောင် အတွင်းထဲက ဆေး ရုံမှာပဲ လုပ်တယ်။ ဒါကြောင့် ခွဲစိတ် ခန်းသုံးပစ္စည်းတွေလှူတာ” ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ အင်းစိန်ဗဟို အကျဉ်းထောင် အတွင်းရှိ ဆေးရုံမှာ ခုတင် ၅ဝ [...]
September 4, 2010 | Posted in
Internal News |
Read More »

သာယာဝတီခရိုင်၊ သုံးဆယ် မြို့၊ ဓမ္မသုခကျောင်းတိုက်ဝင်း အ တွင်းတွင် ဓုတင်္ဂါစာရ အရှင်ဥာဏ ဆရာတော်ကြီးအား ဦးထိပ်ထား လျက် ပန္နက်တင် တည်ထားခဲ့သော သက်သတ်လွတ် မဟာစည်တရား စခန်းဗိမာန်တော်ကြီးကို သြဂုတ် ၂၄ ရက်၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်အချိန်တွင် ထီးတော် တင်လှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သုံးဆယ် ဆရာတော်ကြီး ရှင်ဥာဏကိုယ်တိုင် စိန်ဖူးတော်၊ ရွှေထီးတော်၊ ရွှေဆွဲပွဲ ခေါင်းလောင်းတော်တို့ကို မြတ်စွာ ဘုရားရှင်ထံ ဦးစွာ ဆက်ကပ် လှူ ဒါန်း ပြီးဝေနေယျများကို မေတ္တာပို့ခဲ့သည်။ အဆိုပါတရားစခန်း ဗိမာန် တော်ကြီး၏ အလှူရှင် ဦးနိုင်ဝင်း (ခ) ဦးအောင်ချမ်း၊ ဇနီး ဒေါ်လင်း လင်းထွန်း နှင့်မြေး မဆုရတီနိုင် [...]
September 4, 2010 | Posted in
Internal News |
Read More »

ဧရာဝတီမြစ်အတွင်းမှ ဆယ် ယူပင့်ဆောင်ထားသော လိုရာပြည့် စုံ ရန်မျိုးလုံပေါ်တော်မူဘုရားဆင်း တုတော် ၅ ဆူအား သြဂုတ် နောက်ဆုံးပတ်မှ စတင်ကာ ရောင် တော်ဖွင့် မင်္ဂလာ ပြုလုပ်ပေးလျက်ရှိ ကြောင်း ဘုရားဂေါပကအဖွဲ့မှသိရ သည်။ ရန်မျိုးလုံ ဘုရားဂေါပကအဖွဲ့ ၏ သြဝါဒါစရိယ ဆရာတော်ကြီး များ သြဝါဒနှင့်အညီ ရောင်တော် ဖွင့်နေခြင်း ဖြစ်ပြီး ရောင်တော်ဖွင့် မင်္ဂလာအတွက် အလှူရှင်များလည်း ပါဝင်လှူဒါန်း နိုင်ကြောင်း ဂေါပက အတွင်းရေးမှူး ဦးဘိုကျန်က ပြော သည်။
အဆိုပါ ပေါ်တော်မူဘုရား ဆင်းတုတော်များကို ၂ဝဝ၈ ခုနှစ်၊ မေလ ၂၇ ရက်မှ စတင်၍ ဧရာ ဝတီမြစ်အတွင်းမှ ဆယ်ယူပင့် ဆောင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ရန် မျိုးလုံ [...]
September 4, 2010 | Posted in
Internal News |
Read More »

နေပြည်တော် ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၊ တော်ဝင် ခရီးသည် ပို့ဆောင်ရေးလုပ် ငန်းမှ တော်ဝင်မြို့တွင်း ဘတ်စ်ကား ယာဉ်လိုင်းများ မော်တော် ယာဉ်လုပ် ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မြို့တွင်း) ယာဉ်လိုင်းများ ဖြစ်သည့် ရွှေမြို့တော်၊ အားမာန်သစ်၊ တောင် ညို-မိုးစွေ စသည့် မြို့ပတ်ယာဉ် လိုင်းများ ပြေးဆွဲပေးလျက် ရှိရာ ၄င်း မြို့ပတ်ယာဉ်လိုင်းများကို ဘတ်စ် နံပါတ် တပ်ဆင်ပြေးဆွဲသွားမည် ဖြစ် ကြောင်း နေပြည်တော်ယာဉ်လုပ် ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မြို့တွင်း)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ မြို့ပတ်ယာဉ်လိုင်း ပြေးဆွဲနေသည့် တော်ဝင်မြို့ပတ် ဘတ်စ်လိုင်း အနီရောင်လိုင်း၊ ရွှေမြို့တော် ယာဉ်လိုင်း အဝါရောင် လိုင်း၊ အားမာန်သစ် ယာဉ်လိုင်း [...]
September 4, 2010 | Posted in
Internal News |
Read More »

နေပြည်တော် ဗန္ဓုလသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၊ တော်ဝင်ခရီးသည်ပို့ဆောင်ရေးလုပ် ငန်းမှ တော်ဝင်မြို့တွင်းဘတ်စ်ကား ယာဉ်လိုင်းများ မော်တော် ယာဉ်လုပ် ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မြို့တွင်း) ယာဉ်လိုင်းများဖြစ်သည့် ရွှေမြို့တော်၊ အားမာန်သစ်၊ တောင် ညို-မိုးစွေ စသည့် မြို့ပတ်ယာဉ် လိုင်းများ ပြေးဆွဲပေးလျက်ရှိရာ ၄င်း မြို့ပတ်ယာဉ်လိုင်းများကို ဘတ်စ် နံပါတ် တပ်ဆင် ပြေးဆွဲသွားမည်ဖြစ် ကြောင်း နေပြည်တော် ယာဉ်လုပ် ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မြို့တွင်း)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ မြို့ပတ်ယာဉ်လိုင်း ပြေးဆွဲနေသည့် တော်ဝင်မြို့ပတ် ဘတ်စ်လိုင်း အနီရောင်လိုင်း၊ ရွှေမြို့တော် ယာဉ်လိုင်း အဝါရောင် လိုင်း၊ အားမာန်သစ် ယာဉ်လိုင်း အပြာရောင်လိုင်း၊ တောင်ညို-မိုးစွေယာဉ် လိုင်း အစိမ်းရောင်လိုင်း [...]
September 4, 2010 | Posted in
Internal News |
Read More »

မော်လမြိုင်မြို့နယ် မော်တော် ယာဉ်တန်ဖိုး စိစစ် သတ်မှတ်ရေးရုံး တွင် မော်တော်ယာဉ်များ တရားဝင် လိုင်စင်ပြုလုပ်ရန် ဇူလိုင် ၂၇ ရက်မှ စတင်ပြီး ဆောင်ရွက် ခဲ့ သော် လည်း ကောလာဟလ များကြောင့် တရားဝင်လိုင်စင် လာရောက်ပြုလုပ်သူ နည်းပါးခဲ့သည်။ယခုရက်များအတွင်း တရားဝင်လိုင်စင် လာရောက်ပြုလုပ်သူ ရုတ်တရက် များပြားလာပြီး သြဂုတ် ၂၆ ရက်အထိ လိုင်စင်လာရောက် ပြုလုပ်သော မော်တော်ယာဉ် အ ရေအတွက်မှာ ၁၆ဝ စီးရှိကြောင်း မော်တော်ယာဉ် တန်ဖိုးစိစစ် သတ်မှတ် ရေးရုံးမှ သိရသည်။ တရားဝင် လိုင်စင်လာရောက် ပြုလုပ်သော မော်တော်ယာဉ်များမှာ တိုယိုတာမတ်တူး၊ ကရီနာ၊ တိုယို တာဟိုက်အေ့စ်၊ တိုယိုတာ မတ်တူး ဆလွန်း၊ ပါဂျဲရိုး စသည့်အပေါ်ကား များ [...]
September 4, 2010 | Posted in
Internal News |
Read More »