Archive for the Category ‘Articles’

ကန်သမ္မတဟောင်း၏ ကြိုးပမ်းမှုကြောင့် မြောက်ကိုရီးယားရှိ အကျဉ်းသားတစ်ဦး လွတ်မြောက်ပြန်

ကန်သမ္မတဟောင်း၏ ကြိုးပမ်းမှုကြောင့် မြောက်ကိုရီးယားရှိ အကျဉ်းသားတစ်ဦး လွတ်မြောက်ပြန်

တရုတ်နိုင်ငံမှတစ်ဆင့် မြောက်ကိုရီးယား နိုင်ငံဆီသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခြင်း ခံထားရသော အသက် ၃ဝ အရွယ်ရှိ အမေရိကန်နိုင်ငံသား အိုင်ဂျလွန် မာလီဂိုမက်စ်အား မြောက်ကိုရီးယား အစိုးရက သြဂုတ် ၂၇ ရက်က ပြန်လွှတ်ပေးလိုက်ကြောင်း နိုင်ငံတကာသတင်းဌာမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။ ဂိုမက်စ်သည် အာဖရိကန်အမေရိကန် ကပြားတစ်ဦးဖြစ်ပြီး သူ့အား မြောက်ကိုရီးယားအစိုးရက အလုပ်နှင့်ထောင်ဒဏ် ၈ နှစ်အပြင် ဒဏ်ငွေ ကန်ဒေါ်လာ ၇သိန်း ပေးဆောင်ရန် အပြစ်ပေးခြင်း ခံထားရသည်။  ဂိုမက်စ် လွတ်မြောက်ရေး အတွက် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက မြောက်ကိုရီးယား နိုင်ငံသို့ ၂ ရက်တာ ခရီးထွက်ကာ ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး လူသားချင်း ညှာတာထောက်ထားခြင်းအားဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခဲ့သော သမ္မတဟောင်းအား ကျေးဇူးတင်ကြောင်း အမေရိကန်နိုင်ငံခြားရေး [...]

တရုတ်နို့မှုန့်ကြောင့် ကလေးများ ရင်သားကြီးလာခြင်း မဟုတ်ဟု သက်ဆိုင်ရာမှ ကြေညာချက် ထုတ်ပြန်

တရုတ်နို့မှုန့်ကြောင့် ကလေးများ ရင်သားကြီးလာခြင်း မဟုတ်ဟု သက်ဆိုင်ရာမှ ကြေညာချက် ထုတ်ပြန်

မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ်တွင် ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသော နို့မှုန့်တစ်မျိုးမှာ ကလေးသူငယ်များအား ခန္ဓာကိုယ် ကြီးထွားနှုန်း မြင့်တက်စေပြီး ယင်းနို့မှုန့် သောက်သုံးသော ကလေး ၃ ဦးမှာ အရွယ်ရောက်ပြီး အမျိုးသမီးကဲ့သို့ ရင်သား ကြီးထွားနေသည်ကို တွေ့ရှိရသည့်အတွက် ဈေးကွက်အတွင်း နို့မှုန့် ထုတ်လုပ်ဖြန့်ဖြူးမှုကို ရပ်ဆိုင်းထားကြောင်းနှင့် ယူနန်ပြည်နယ် အရည်အသွေး စစ်ဆေးရေးဌာနမှ ပြည်နယ်တွင်း ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသော နို့မှုန့်များနှင့် သောက်ရေများကို စစ်ဆေးရာ ယင်းနို့မှုန့်များတွင် ကလေးငယ်များ ရင်သား ကြီးထွားစေခြင်းကို စစ်ဆေးတွေ့ရှိကြောင်း၊ ယူနန်ချွန်းချိန်ဝမ်ပေါင်မှ သတင်းကို ကိုးကား၍ Myanmar-tradenet ဝက်ဘ်ဆိုက်၏ အပြည်ပြည်ဆိုင်ရာ သတင်းကဏ္ဍတွင်ဖော်ပြထားသည်ကို တွေ့ရ၏။ ယူနန်ပြည်နယ်တွင် အများပြည်သူသုံး အဝီစိတွင်းရေ ၄၁၅ တွင်းကို စစ်ဆေးခဲ့ပြီး စံညွှန်းမပြည့်မီသော သောက်သုံးရေ ထုတ်လုပ်မှုလုပ်ငန်းများအား ရပ်ဆိုင်းခြင်း၊ [...]

အပေါ်စီးက ကြည့်တော့

အပေါ်စီးက ကြည့်တော့

ဟက်ကာ
မက္ကဆီကို ပင်လယ်ကွေ့ ရေ ပြင်ပေါ်က ရေနံချေးတွေကို အကုန် အစင် မရှင်းလင်းရသေးခင် မက္ကဆီ ကိုမယ်ကတော့ မယ်စကြဝဠာဖြစ် သွားချေပြီ။ မယ်အမေရိကန် ‘ရီမာ ဖခီး’သာ မယ်စကြဝဠာ ဖြစ်ခဲ့ပါက ပထမဆုံးသော အစ္စလာမ် မယ် စကြဝဠာ ဖြစ်ပေလိမ့်မည်။ အစွန်း ရောက် တာလီဘန်တွေကြောင့် ၉/၁၁ အကြမ်းဖက်မှု တုန်းက ပြို ပျက်ခဲ့သော ကမ္ဘာ့ကုန်သွယ်မှု ဗဟို အဆောက်အအုံကြီး တွေနားက ဗလီတစ်ခု ပြန်လည်ပြုပြင်ရန် အိုဘားမားက သဘောတူထောက် ခံခဲ့သဖြင့် ပူညံပူညံ အသံတွေ မစဲ သေးမီတွင်ပင် နျူးအော်လန်တွင် ကျင်းပမည့် ကက်ထရီးနားမုန်တိုင်း အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားကိုလည်း အိုဘားမား က ကူညီဦးမည် ဟုဆိုပြန်၏။ အမေ ရိကန်သမ္မတဟောင်း [...]

သတင်း၊ သတင်းဆောင်းပါးနှင့် အထူးသတင်းဆောင်းပါး ရေးသားရာတွင် . . . . .

သတင်း၊ သတင်းဆောင်းပါးနှင့် အထူးသတင်းဆောင်းပါး ရေးသားရာတွင် . . . . .

သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်း များတွင် သတင်း၊ သတင်း ဆောင်း ပါး၊ အထူးသတင်း ဆောင်းပါးများ ကို ရေးသားဖော်ပြနေကြသည်။ သတင်းသည် အကြောင်းအရာ အချက်အလက်ကို အခြေပြုသည်။ သတင်းဆောင်းပါးသည် သတင်း နောက်ခံသမိုင်းကို ဖော်ပြသည်။ အထူးသတင်း ဆောင်းပါးသည် သတင်းနောက်ခံ၊ ရေးဟန်၊ အတွေး အမြင်တို့ ပေါင်းစပ်ပါဝင်သည်။ ယနေ့ မီဒီယာလောကတွင် သတင်းထောက်လူငယ် မောင်မယ် များ၏ ကြိုးစားအားထုတ်မှုကို တွေ့ရသည်။ အကြောင်းအရာ တစ်ခုကို ရေးသားရာ၌ အမည်နာမ၊ လိပ်စာတို့ကို ထည့်သွင်းရေးသား ကြရာတွင် တစ်ခါတစ်ရံ လွဲချော် သွားတတ်သည်။ ရံဖန်အကြားဖြင့် ရေးသားမိ၍ လွဲမှား တတ် သည်။ သတင်း မီဒီယာလုပ်ငန်းသည် အချိန်ကိုလုကာ ရေးသားရ၍ ချွတ် ချော်တတ်လေ့ရှိသည်။ [...]

ဒါကို ဒီလိုလေ့လာပြီးမှ ဓလေ့နှင့် ဓမ္မတာ ကို ဝင်တွေ့ပါ

ဒါကို ဒီလိုလေ့လာပြီးမှ ဓလေ့နှင့် ဓမ္မတာ ကို ဝင်တွေ့ပါ

မဟာဗောဓိမြိုင်ဆရာတော်
၁၃၆၄ ခု စံရိပ်ငြိမ်မှတ်တမ်းများ-မှ
လူမျိုး တစ်မျိုးနှင့် တစ်မျိုး … တိုက်ချင်းတူ၊ အိမ်နီးချင်း နိုင်ငံချင်းပင် တူပစေဦး၊ အသုံးနှင့် အနှုန်း၊ အမူနှင့် အကျင့် ကွဲပြားခြားနား နေတတ်ကြ သည်။ ဦးစွာ လူ တစ်မျိုး ချင်း ၏ ဗီဇ သတ္တိသွေးကို လေ့လာကြည့် သင့်၏။ ထို့နောက် ယင်းလူ တစ်မျိုးချင်း နေထိုင်ရာ၊ ဆက်ဆံခွင့်ရရာ ရေမြေဒေသ၏ အကြမ်းအနုကိုလည်းကောင်း၊ ဥတု၏ အလေးအပေါ့ကို လည်းကောင်း၊ သွေးအုပ်စုတို့၏ အပူအအေးများကို လည်းကောင်း ဆက်လက်ပြီး လေ့လာသင့်၏။ ထိုသို့ လေ့လာပြီးစီးမှသာ ဒါက ဒီလို၊ ဒါဆို ဒီလိုနေ၊ ဒီလိုစား၊ ဒီလိုဝတ်ရခြင်းများ၏ အကျိုးနှင့် အပြစ်တို့ကို စိစစ် ဝေဖန်သင့်ကြသည်။ ထိုသို့ လေ့လာပြီး၍ [...]

ကမ်းခြေ သန့်စင်ရေး အတွက် အဝတ်လျှော်စက် နည်းပညာ ဘီပီ အသုံးချမည်

ကမ်းခြေ သန့်စင်ရေး အတွက် အဝတ်လျှော်စက် နည်းပညာ ဘီပီ အသုံးချမည်

ပင်လယ်တွင်း ယိုဖိတ်သော ရေနံများ ပင်လယ်ကမ်းခြေအထိ ရောက်လာသဖြင့် ရေနံနှင့်ကမ်းခြေရှိ သဲတို့ရောနှောကာ ကမ်းခြေညစ် ညမ်းသွားခြင်းကို အဝတ်လျှော်စက် နည်းပညာ အခြေခံသည့် နည်းပညာကို အသုံးပြု၍ ဗြိတိသျှရေနံ ကုမ္ပဏီက ဖြေရှင်းသွားမည် ဖြစ်ကြောင်း သိရသည်။ ရေနံများနှင့် ရောနှောနေသော သဲများကို အမေရိကန် ပြည်ထောင်စု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီမှ ခွင့်ပြုထားသည့်  ချွတ်ဆေးနှင့် ရောနှောကာ အဝတ်လျှော်စက် နည်းပညာကို အခြေခံသည့် ဟိုက်ဒြိုဆိုင်ကလုန်းခေါ် ဗဟိုခွာအားသုံး မွှေ့စက်ထဲသို့ထည့်ပြီး ရေနံ အညစ်အကြေးနှင့် သဘာဝသဲများကို ပြန်လည်သန့်စင် ခွဲထုတ်ပေးမည်ဖြစ်သည်။ ”အဲဒီလိုသန့်စင်ပြီးတဲ့ သဲတွေဟာ သကြားလို ဖြူဖွေးသန့်စင် သွားတယ်ဗျ”ဟု ကမ်းခြေ ပြန်လည် သန့်စင်ရေး လုပ်ငန်းမှ ဒါရိုက်တာ ဟာရိုးဂျာ့ဒ်စ်က ပြောပါသည်။ ယခု လောလောဆယ်တွင်မူ [...]

ရှော့ခ်ရှိတယ်

ရှော့ခ်ရှိတယ်

မာဂျေ
နှုတ်ခမ်းတစ်ခုလုံး ဖူးယောင် စုတ်ပြဲပြီး ညာဘက်လက်ကို ပတ်တီး သိုင်းချည်ထားတဲ့ မာဂျေကို တပည့် ကျော် ကြွက်နီက အစ်ကိုကြီး ဒဏ် ရာဒဏ်ချက်တွေ က မသေး ပါလား။ အိမ်ကမိန်းမ လက်ချက် မိလာတယ် ထင်တယ်တဲ့။ မင်းကလည်း မဟုတ် တာလျှောက်ပြော နေပြန်ပြီ။  ရှော့ခ် ရှိတယ်ဆိုတာ မယုံမိလို့ ဒီလို ဖြစ်သွားတာကွလို့ ဖြေလိုက် ရင်ပဲ ရှော့ခ်က တော့ရှိပြီ ပေါ့ဗျာ။ ညတိုင်းညတိုင်း ဂျာနယ်မှာ အင်တာနက် ကြည့် သတင်း ရေးစရာရှိတယ် လို့ လှိမ့်ပြီး အိမ်က ထွက်နေတော့ တစ် ချက် မဟုတ် တစ်ချက် တော့ ရှော့ခ်ဖြစ်ပြီပေါ့၊ ဟာဟာဟ …ရီရတယ်ဟေ့တဲ့။ တော်စမ်းပါ၊ မဟုတ်တာတွေးတဲ့ နေရာမှာ [...]

ကျည်သင့်နေသော အရှေ့အလယ်ပိုင်းတွင် ချိုးငှက်တို့၏အသံ ကြားရတော့မည်ထင်

ကျည်သင့်နေသော အရှေ့အလယ်ပိုင်းတွင် ချိုးငှက်တို့၏အသံ ကြားရတော့မည်ထင်

အမယ်ဘုတ်ရဲ့ သူ့ချည်ခင် ဖြစ်နေသော ရှုပ်ထွေးလွန်းလှသည့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ပြဿနာအတွက် ထင်ရှားတဲ့ ပြယုဂ်အဖြစ် အစ္စရေးနှင့် ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး တိုက်ရိုက် ဆွေးနွေးပွဲကို အမေရိကန်၏ ကမကထ လုပ်မှုဖြင့် လာမည့် စက်တင်ဘာတွင် ဝါရှင်တန်မြို့တော်၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ အစ္စရေးနှင့် ပါလက်စတိုင်းကြား တိုက်ရိုက်ဆွေးနွေး ပြောဆိုမှုများ မပြုခဲ့သည်မှာ ၂ နှစ်နီးပါးမျှ ကြာမြင့်နေပြီဖြစ်ပြီး ယခု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဝါရှင်တန်တွင် ဆွေးနွေးပွဲ ပြန်လည် လုပ်ဆောင်ရန်အတွက် နှစ်ဖက် ခေါင်းဆောင်များအား တရားဝင် ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။ နှစ်ဖက် ခေါင်းဆောင်များကလည်း အမေရိကန်၏ ဖိတ်ကြားချက်ကို ကြိုဆိုခဲ့ကြသည်။ ဆွေးနွေးမည့် အစီအစဉ်ကို သမ္မတအိုဘားမားက ဝါရှင်တန်တွင် လက်ခံကျင်းပပေးမည် [...]

အိန္ဒိယနှင့် အာဆီယံနိုင်ငံသား ခံတွင်းကင်ဆာဖြစ်သူများ၏ ၉ဝ ရာခိုင်နှုန်းမှာ ကွမ်းသမားများဖြစ်

အိန္ဒိယနှင့် အာဆီယံနိုင်ငံသား ခံတွင်းကင်ဆာဖြစ်သူများ၏  ၉ဝ ရာခိုင်နှုန်းမှာ ကွမ်းသမားများဖြစ်

အိန္ဒိယနိုင်ငံနှင့် အရှေ့တောင် အာရှနိုင်ငံများတွင် ခံတွင်းကင်ဆာ ဖြစ်နေသူအားလုံး၏ ၉ဝ ရာခိုင်နှုန်းသည် ကွမ်းယာထဲတွင် ဆေးရွက်ကြီး ထည့်စားသုံးသူများ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။ အဆိုပါနိုင်ငံများတွင် ပြုလုပ်သည့် သုတေသနမှတ်တမ်းများ အရ ၄င်းနိုင်ငံများတွင် အများဆုံး တွေ့ရှိရသည့် ကင်ဆာရောဂါ ၁ဝမျိုးထဲတွင် ခံတွင်းကင်ဆာရောဂါသည် ပဉ္စမအဆင့်တွင် ပါဝင်နေပြီး ကင်ဆာရောဂါ ဖြစ်နေသူအားလုံး၏ ၁ဝ ရာခိုင်နှုန်းသည် ခံတွင်းကင်ဆာ ရောဂါဖြစ်ပွားနေကြကြောင်း သိရသည်။ ထို့အပြင် ထုံးတွင်ပါဝင်နေသည့် သတ္တုဒြပ်ပေါင်းဖြစ်သော မဖောက်ထုံးသည် သွားဖုံး၊ ပါး၊ အာခေါင်၊ လည်ချောင်း၊ လျှာအပါအဝင် ခံတွင်းအမြှေးများနှင့် တိုက်ရိုက် ထိတွေ့နေလျှင် အပေါ်ယံအလွှာများကို အလွယ်တကူ ပျက်စီးစေနိုင်ပြီး ကွမ်းသီးတွင်ပါဝင်သည့်၊ အန္တရာယ်ပေးနိုင်သည့် ပစ္စည်းများကို ခန္ဓာကိုယ်ထဲ စိမ့်ဝင်ရန်အတွက် အထူးအားပေးကြောင်း၊ [...]

လနှစ်စင်းသဏ္ဌာန် အပြိုင်လင်းမည် ဆိုသည့် အင်တာနက် သတင်းမှာ မမှန်

လနှစ်စင်းသဏ္ဌာန် အပြိုင်လင်းမည် ဆိုသည့် အင်တာနက် သတင်းမှာ မမှန်

အင်တာနက် သတင်းများတွင် ပျံ့နှံ့လျက်ရှိသည့် သြဂုတ် ၂၇ ရက်တွင် အင်္ဂါဂြိုဟ်ကို လကဲ့သို့ ထွန်းလင်းတောက်ပသော အသွင်သဏ္ဌာန်မျိုး မြင်ရပြီး အင်္ဂါဂြိုဟ်နှင့် လသည် လနှစ်စင်းထွက်ပေါ်သည့် အသွင်သဏ္ဌာန်မျိုး ဖြစ်ပေါ်မည် ဟူသော သတင်းသည် မဟုတ်မှန်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောသည်။ ”နက္ခတ်ပညာ တွက်ကိန်းတွေ အရ အွန်လိုင်းပေါ်က အင်္ဂါဂြိုဟ် သတင်းဟာ ဖြစ်ပေါ်လာစရာ အကြောင်း လုံးဝမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အင်တာနက် သတင်းမှာ ဖော်ပြထားတဲ့ သြဂုတ် ၂၇ ရက်မှာ လနဲ့ အင်္ဂါဂြိုဟ်နဲ့ ရပ်တည်နေမယ့် အနေအထားကလည်း အရမ်းကို ရာသီတွေ ခြားနားမှု ရှိနေမယ်။ လအနေနဲ့က မိန်ရာသီခွင်မှာ ရပ်တည်နေပြီး အင်္ဂါ ဂြိုဟ်အနေနဲ့က ကန်ရာသီခွင်မှာ ရပ်တည်နေမှာဆိုတော့ [...]

Advertisement

Recent Comments