
မြန်မာ့ရေထွက်ပို့ကုန်များကို ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ် စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ လာမည့်နှစ်လခန့်အထိ တင်ပို့နိုင်ဦး မည်မဟုတ်ဟု မြန်မာနိုင်ငံ ငါးလုပ် ငန်းအဖွဲ့ချုပ်မှ သိရသည်။ မောင်တောနယ်စပ် ကုန်သွယ် မှုစခန်းမှ ရေထွက်ပို့ကုန်များကို တင်ပို့နိုင်ခြင်း မရှိနေခြင်းမှာ ဇွန်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် လမ်းများ ချွတ် ယွင်းခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ် အတွင်း လအလိုက် လျာထားချက် ထက် ကျော်လွန်တင်ပို့နိုင်နေသည့် မောင်တောနယ်စပ်စခန်းမှာ ယင်းကဲ့ သို့ လမ်းပန်းဆက်သွယ်မှုအခက် အခဲကြောင့် တင်ပို့နိုင်ခြင်းရှိတော့ မည်မဟုတ်၍ ယင်းနယ်စပ်စခန်းမှ ပို့ကုန်ဝင်ငွေ ကျဆင်းသွားမည်ဖြစ် သည်။ သို့သော် ယင်းအချိန်ကာလ အတွင်း မောင်တော နယ်စပ်စခန်းမှ တင်ပို့မည့် ငါးပုစွန်ရေထွက်ကုန်များ အား စစ်တွေလမ်းကြောင်းမှ သင်္ဘောဖြင့် [...]
June 30, 2010 | Posted in
Internal News |
Read More »

ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ ကားတင်သွင်းရန် စိတ်ဝင်စားသော ခရီးသွား လုပ်ငန်းရှင်များကို စုစည်း၍ ကား တင်သွင်းရန် စီစဉ်လျက် ရှိ ကြောင်း သိရသည်။ ”စိတ်ပါဝင်စားတဲ့ အသင်း သားတွေစုပြီး လုပ်ငန်းနဲ့ ကိုက် ညီမှုရှိတဲ့ကားတွေကို တင်သွင်း ဖို့ ရှိပါတယ်။ သင့်လျော်တဲ့ ဈေးနှုန်းနဲ့ အရည်အသွေး ကောင်းမွန်တဲ့ တိုး ကားတွေကို တင်းသွင်းဖို့ စဉ်စားထားပါ တယ်” ဟု ခရီးသွားလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လတ်တလောတွင် ခရီး သွားလုပ်ငန်းများအနေဖြင့် ဧည့် ကြိုပိုနှင့် ခရီးစဉ်အတွက် သုံးစွဲ ရန်ကားများကို ကားဝန်ဆောင်မှု လုပ်ငန်းများမှ ငှားရမ်း လုပ် ဆောင်လျက်ရှိပြီး ကုမ္ပဏီ ပိုင် ကားများဝယ်ရန် စိတ်ပါဝင်စား [...]
June 30, 2010 | Posted in
Internal News |
Read More »

ကိုရီးယားဘာသာ ကျွမ်းကျင်မှုTest of Proficiency in Korean (TOPIK) စာမေးပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တစ်ပြိုင်နက်တည်း ကျင်းပမည်ဟု သိရသည်။ အဆိုပါစာမေးပွဲကို Basic (Level 1, 2) Inter-mediate (level 3, 4) နှင့် advanced (level 5, 6) ဟူ၍ အဆင့် သုံးဆင့် ခွဲခြားသတ်မှတ်ထားပြီး စာမေးပွဲတိုင်းတွင် Vocabulary Test, Grammar and Writing Test နှင့် Listening and Reading Test တို့ပါဝင်မည် ဖြစ်သည်။ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ကိုရီးယားသမ္မတနိုင်ငံ သံရုံး၊ အမှတ် ၉၇၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းနှင့် မန္တလေး နိုင်ငံခြားဘာသာ [...]
June 30, 2010 | Posted in
Internal News |
Read More »

ပြည်တွင်း၌ ထုတ်လုပ်လျက် ရှိသော ခဲမဖြူ၊ အဖြိုက်နက်သတ္တု များကို တရုတ်နိုင်ငံအပြင် ကိုရီးယား ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ဝယ်ယူလို ကြောင်း ကမ်းလှမ်းမှုများရှိနေသည် ဟု သတ္တုတွင်းလုပ်ငန်းရှင်များထံမှ သိရသည်။ ”တရုတ်နိုင်ငံကိုပဲ အဓိက တင်ပို့နေတာ။ ဝယ်ချင်တဲ့နိုင်ငံနဲ့ ပမာဏကများလို့ မပို့နိုင်ဘူးဖြစ်နေ တယ်” ဟု Delco သတ္တုတူးဖော် ရေးလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဦးက ပြောသည်။ သတ္တုတွင်းစတင်ရန်အတွက် လိုအပ်သည့်စက်ပစ္စည်းယန္တရားများ ကို တရုတ်မှ အကြွေးတင်သွင်းပြီး ၄င်းတန်ဖိုးများကို ပေးချေရန် သတ္တု ထွက်လာပါက ၄င်းတို့ကို ရောင်းချ ပေးမည်ဆိုသည့် ပုံစံမျိုးဖြင့် အရောင်းအဝယ် ပြုကြခြင်းမျိုးလည်း ရှိကြကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတကာမှ သတ္တု များကို တစ်လတန် ၂ဝဝ ဝယ်လို ကြောင်း [...]
June 30, 2010 | Posted in
Internal News |
Read More »

ကိုရီးယားနိုင်ငံရှိ တက္ကသိုလ် များ၌ မြန်မာအစိုးရဝန်ထမ်းများ ဘွဲ့လွန်ပညာသင်ဆုဖြင့် ထပ်မံသင် ကြားနိုင်ရန် ကိုရီးယားအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ KOICA က စီစဉ်ဆောင် ရွက်နေကြောင်း သိရသည်။ ”ဒီနှစ်ဆန်းပိုင်းကနေစပြီး ဟိုကတက္ကသိုလ် ၁ဝ ခုမှာ ပေးနေ တာ၊ အခုက နောက်ထပ်ပေးဖို့ တက္ကသိုလ် ၃ ခုကျန်သေးတယ်။ အဲဒီအတွက် ပညာသင်ဆု ၁ဝ ခု လောက်ကို ဒီနှစ်ထဲမှာ အပြီးသတ် ပေးဖို့စီစဉ်ဆောင်ရွက်နေတယ်”ဟု KOICA မှ စီမံကိန်းဒါရိုက်တာ ဦးအမ်သူအောင်က ပြောသည်။ KOICA သည် ၁၉၉၁ ခုနှစ်မှ စတင်ကာ ကိုရီးယားနိုင်ငံ၌ ဖွဲ့စည်း ခဲ့သည့်အစိုးရအဖွဲ့အစည်းတစ်ရပ် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ် ၌ ရုံးခွဲအနေဖြင့် ဖွင့်လှစ်ခဲ့သည်။ [...]
June 30, 2010 | Posted in
Internal News |
Read More »

၂၉-၆-၂ဝ၁ဝ နေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့၊ ကုန်သည် လမ်း၊ မြန်မာနိုင်ငံစာပေနှင့် စာနယ် ဇင်းအဖွဲ့ရုံးခန်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကိုရီးယားသတင်း စာဆရာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၊ ဗဟိုအမှုဆောင် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ နိုင်ငံခြားဆက်သွယ် ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ နှင့် တွေ့ဆုံဆွေးနွေးကြသည်။ ကိုရီး ယားသတင်းစာဆရာကိုယ်စားလှယ် အဖွဲ့တွင် Han Kook Ilbo စာ စောင်မှအကြီးတန်းသတင်းစာဆရာ စာရေးဆရာ Jung Byung Jin, MBC အသံလွှင့်ဌာနမှ အကြီးတန်း သတင်းထောက် Choi Myung Ghii, KBS အသံလွှင့်ဌာနမှ နိုင်ငံ တကာရေးရာဌာန ဌာနမှူး Lee Kang Duk, The Hankyorch မှဒစ်ဂျစ်တယ် သတင်းဌာနညွှန် ကြားရေးမှူး [...]
June 30, 2010 | Posted in
Internal News |
Read More »

၂ဝ၁ဝ ခုနှစ်တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင် မြင်သူများ၊ ရိုးရိုးအောင်မြင်သူများ နှင့် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်း ထောင်၊ အလုပ်စခန်းများရှိ မူလတန်း၊အလယ်တန်း၊အထက်တန်း၊ တက္ကသိုလ်တက်ရောက်လျက်ရှိသော အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ နှင့် ထောက်ပံ့ကြေးပေးအပ်ပွဲကို ဇွန်လ ၂၂ ရက်တွင် အင်းစိန် ဗဟို အကျဉ်းထောင်ရှိ အားကစားရုံ၌ ပြု လုပ်ခဲ့သည်။ ၄င်းပွဲတွင် မြန်မာတစ်နိုင်ငံလုံး ရှိ အကျဉ်းထောင်အလုပ်စခန်းအ သီးသီးမှ ၂ဝဝ၉-၁ဝ တက္ကသိုလ် ဝင်တန်းအောင်မြင်သော ကျောင်း သားကျောင်းသူ ၁၁၃ ဦး ကို စာမေးပွဲ အောင်မြင်ခြင်းအတွက် ကျပ် ၂ဝဝဝဝ၊ ဂုဏ်ထူးပါရှိပါက တစ်ဘာသာလျှင် ကျပ်၂ဝဝဝဝ နှုန်းစီ ချီးမြှင့်ခဲ့ပြီး ၂ဝ၁ဝ ပညာ သင်နှစ်အတွက်လည်း ပညာသင် [...]
June 30, 2010 | Posted in
Internal News |
Read More »

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ တွင် ပုဂ္ဂလိကဆီဆိုင်ကို ဇွန်လ ၁၉ ရက်တွင် ဖွင့်လှစ်ပြီးနောက် ဝယ်ယူ သူများပြားသည့်အတွက် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် အစိုးရ ဝန်ထမ်းများကို ဦးစားပေးရောင်းချ ပေးလျက်ရှိကြောင်းသိရသည်။ ”တနင်္လာကနေ သောကြာက တော့ ကြိုက်တဲ့လူ တန်းစီဝယ်လို့ရ တယ်။ ၃ ပုလင်းရယ်၊ ၁ ဂါလန်ရယ် ရောင်းပေးတယ်။ ဆိုင်ကယ်ထဲမှာ တစ်ဂါလန်မဆန့်လည်း တစ်ဂါလန် ဖိုး ရှင်းခဲ့၊ တိုင်ကီ ဆန့်ပဲထည့်ပေးပါ တယ်။ ပိုက်ဆံအမ်းခြင်း၊ ဘူးနဲ့ထည့် ပေးခြင်းတွေ မလုပ်ပေးပါဘူး” ဟု မိုးညှင်းဒေသခံတစ်ဦးက ပြော သည်။ ယင်းကဲ့သို့ ပုဂ္ဂလိက ဆီဆိုင် များ မိုးညှင်းမြို့တွင် တစ်ဂါလန် ၂၅ဝဝဖြင့် လာရောက်ဖွင့်လှစ်ပေး သည့်အတွက် တစ်ဂါလန်လျှင် ကျပ် [...]
June 30, 2010 | Posted in
Internal News |
Read More »

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာသည့် အတွက် နိုင်ငံခြားသားများ၏ အိမ် ခြံမြေအငှားဈေးကွက်လည်း ပိုသွက် လာကြောင်းအိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်ဦးစိုင်းခွန်နောင်က ပြော သည်။ ”ဒီမှာလာရောက် ရင်းနှီးမြှုပ် နှံတဲ့ နိုင်ငံခြားသားက တရုတ်၊ တရုတ် (တိုင်ပေ) နဲ့ ဗီယက်နမ်က များတယ်။ သူတို့တွေက မရမ်းကုန်း၊ ဗဟန်းနဲ့ ရန်ကင်းဘက်တွေမှာ ရွေး ချယ်ပြီး ငှားကြတာပိုများတယ်။ ကန် ဒေါ်လာ ၁၅ဝဝ တန်ကနေ ၇ဝဝဝ တန်လောက်ဝန်းကျင်ဈေးနှုန်းရှိတဲ့ ဟာတွေ အငှားအများဆုံးပဲ” ဟု ၄င်းက ထပ်လောင်းပြောသည်။ ယခုလအတွင်း အိမ်ခြံမြေ ဈေး ကွက် အရောင်းအဝယ်အငှားသည် ရွှေဈေးတက်မှု ကားဈေးကွက် မတည်ငြိမ်မှုတို့ကြောင့် အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက် ဘက်သို့ အမြတ်အစွန်း [...]
June 30, 2010 | Posted in
Internal News |
Read More »

ရန်ကုန်မြို့တွင်း၌ မြေဧက အ ကျယ်များ ဝယ်ယူလိုကြောင်း ဗီယက်နမ်လုပ်ငန်းရှင်များက ကမ်း လှမ်းလာကြောင်း မြန်မာနိုင်ငံ အိမ် ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (ဖွဲ့စည်းဆဲ) မှ အမှုဆောင် ဦးသန်းဦး (မဏ္ဍိုင်)က ပြောသည်။ ”၅ဝဝဝ စကွဲယားမီတာ လောက်တွေ လိုချင်တာ၊ Hyper Market တွေဘယ်နေရာမှာ ဆောက်လို့ရမလဲ မေးတယ်။ သူ တို့က မြေကြီးပဲလိုချင်တာ၊Hyper Market တွေ၊ ရုံးခန်းတွေ ဖွင့်ဖို့ အ ဆောက်အအုံအကြီးကြီးတွေ ဆောက်ချင်ကြတာ” ဟု ဦးသန်းဦး က ဆိုသည်။ ဗီယက်နမ်လုပ်ငန်းရှင်များ သည် ဇွန်လ ၂၂ ရက်တွင် အသင်း နှင့်အတူ [...]
June 30, 2010 | Posted in
Internal News |
Read More »