
မိုးနှောင်းကာလဖြစ်သော စက်တင်ဘာမှ ဒီဇင်ဘာအတွင်း ဘင်္ဂလားပင်လယ်အော်၌ ဆိုင်ကလုန်းမုန်တိုင်း ၅ ကြိမ်ခန့် ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံသို့လည်း ရိုက်ခတ်မှုများရှိနိုင်သည့်အတွက် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလပညာရှင် ဒေါက် တာဦးထွန်းလွင်က ပြောသည်။ ၄င်းက ယခုနှစ်သည် အယ်လ် နီညိုရာသီဥတုမှ လာနီညာရာသီ ဥတုအဖြစ်သို့ ကူးပြောင်းသောနှစ် ဖြစ်၍ အဆိုပါရာသီဥတု၏ အကျိုး ဆက်ကြောင့် မိုးကြီးခြင်းနှင့် လျှပ် တစ်ပြက် ရေကြီးခြင်းတို့အပြင် မုန်တိုင်းများ ပိုမိုလာနိုင်ကြောင်း တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်း ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၆ ကြိမ်ဖြစ်ပွားရန် ကျန်ရှိနေသေး ကြောင်း၊ ထို့အတူ ဘင်္ဂလား ပင်လယ်အော်၌ ၁ နှစ်လျှင် မုန်တိုင်း ၈ ကြိမ်ခန့် ဖြစ်ပေါ်လေ့ရှိရာ လိုင်လာမုန်တိုင်း အပါအဝင် မုန်တိုင်း ၃ ခု [...]
July 30, 2010 | Posted in
International News |
Read More »

မိုးရေကာကွယ်သော နည်း စနစ်ဖြင့် မိုးရာသီအတွင်း ရော်ဘာ အစေးခြစ်ခြင်းကို မွန်ပြည်နယ်ရှိ ရော်ဘာခြံ ၃ ခြံတွင်အောင်မြင်စွာ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။ ရော်ဘာပင် အစေးခြစ်ရာပေါ် တွင်ပလတ်စတစ်အုပ်ပြီး မိုးရေကို ကာကွယ်ကာ အစေးခြစ်ခြင်းမှာ အောင်မြင်နေပြီဟု သထုံမြို့နယ် နောင်ကုလားရွာမှ ခြံရှင်ဦးမြင့်ဟန် ကပြောသည်။ ”ရော်ဘာပင်ရဲ့ အစေးခြစ်ရာ အပေါ်ပိုင်းမှာ ပလတ်စတစ်ကို ပွဲ့လျက်နဲ့ကပ်တယ်။ သားရေ ကျွတ်စနဲ့ ပလတ်စတစ်ကို အပင်မှာ တင်းကျပ်အောင်ချည်တယ်။ ပြီး တော့ အောက်ဘက်ကို ပလတ် စတစ်ကို လှန်ချပြီး သားရေကျွတ် စနဲ့ထပ်ပြီး ချည်လိုက်တယ်။ အဲဒီ နည်းနဲ့ ကျွန်တော့် ရော်ဘာခြံက ရော်ဘာပင် ၃၅ဝဝဝ ကို မိုးတွင်းမှာ အစေးခြစ်နေပါတယ်” ဟု ၄င်းက ပြောသည်။ [...]
July 30, 2010 | Posted in
Internal News |
Read More »

ပြည်တွင်းရေကြောင်း ရေယာဉ်များတွင် အသုံးပြုနေသော သစ်သား အသက်ကယ်ဖောင်များ နေရာတွင် ပီပါ အသက်ကယ်ဖောင် များကို ပြောင်းလဲအသုံးပြုသွားမည် ဟု ပြည်တွင်းရေကြောင်း ပို့ဆောင် ရေး အလုံသင်္ဘောကျင်းမှ အင်ဂျင် နီယာမှူး ဦးမြတ်သူက ဇူလိုင် ၂၁ တွင် ပြောသည်။ ယခင်ကတည်းက အသုံးပြု လာသော သစ်သားနှင့်သွပ် ပေါင်း စပ်ပြုလုပ်ထားသည့် အသက်ကယ် ဖောင်သည် စရိတ်စကများခြင်းနှင့် လုံခြုံမှု အပြည့်အဝ မပေးနိုင်ခြင်းတို့ ကြောင့် အစားထိုးအသုံးပြုရန် ပလတ်စတစ်ပိုက်ဖြင့် ပြုလုပ်သည့် ၁ဝ ယောက်စီး အသက်ကယ်ဖောင် ကိုစမ်းသပ်ပြုလုပ်ကြည့် သော်လည်း ၄င်းသည် ကုန်ကျစရိတ် ကြီးမြင့်မှု ကြောင့် ပီပါ အသက်ကယ်ဖောင်ကို အသုံးပြုရန် စီစဉ်ခြင်း ဖြစ်ကြောင်း ပီပါ အသက်ကယ်ဖောင်ကို ပီပါနှစ်လုံးပူးကာ [...]
July 30, 2010 | Posted in
Internal News |
Read More »

ယနေ့ခေတ် ကျောင်းသားလူငယ်များသည် ကမ္ဘာပေါ်တွင် ပေါ်ထွန်း လာသည့် ဘာသာရပ်များကို လေ့လာပြီး မိမိ၏ ပင်ကို စိတ်နေစိတ်ထားနှင့် မိမိစွမ်းရည်တို့ဖြင့် အကိုက်ညီဆုံး ‘ဘာသာရပ်’ကို မှန်ကန်စွာ ရွေးချယ်သင့် ကြောင်း ဒေါက်တာနေက ပြောသည်။ ”ကျွန်တော်တို့နိုင်ငံမှာ ကျောင်းသား အများစုက တက္ကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်ရင် အမြင့် ဆုံးဘာသာရပ်ကိုသင်ယူကြတော့တာပဲ။ အဲဒီဘာသာရပ်က ကိုယ့်ရဲ့ ပင်ကို စိတ်နေစိတ်ထားနဲ့ ကိုက်တယ်၊ မကိုက်တယ် ကြည့်မနေတော့ဘူး။ အဲဒီလို သင်ယူနေစဉ်မှာပဲ ကိုယ့်ရဲ့ပင်ကိုစိတ်၊ ဝါသနာနဲ့မကိုက်ညီလို့ စိတ်ပျက် နေရသူတွေကို မြင်တွေ့နေရတယ်။ တချို့ကဆေးတက္ကသိုလ်က ဘွဲ့ရပြီး ပေမယ့် ဆရာဝန်မလုပ်ဘဲ အခြား စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ တွေရှိသလို တချို့က ကျောင်းတောင်မပြီးသေးဘဲ တခြားလိုင်းတစ်ခုကို ကူးပြောင်းသွားတာတွေ လည်းရှိတယ်။ နောက်ပြီး လူပြော၊သူပြောများတဲ့ [...]
July 30, 2010 | Posted in
Internal News |
Read More »

နိုင်ငံတကာကျောင်းများနှင့် ချိတ်ဆက်နိုင်သည့် သင်တန်းကျောင်း ဆာကူရာတာဝါတွင် ဖွင့်မည် ဘာသာရပ်တစ်ခုကို ပြည် တွင်းတွင် အသိအမှတ်ပြု လက် မှတ်ရရှိပြီး စင်ကာပူ၊ သြစတြေးလျ နိုင်ငံတကာ ကျောင်းများတွင် ဒီဂရီ ဘွဲ့ယူရန် Transfer လုပ်နိုင်သည့် Brilliance Vocational Edu-cation Training Center ကို လာမည့် သြဂုတ်လအတွင်း ဖွင့်လှစ် မည်ဖြစ်ကြောင်း ယင်းစင်တာ၏ ဈေးကွက်ဒါရိုက်တာ ဦးစိုင်းကျော် ဝင်းက ပြောသည်။ ”အခုသင်တန်းကျောင်းက သြစတြေးလျနိုင်ငံ Kent Institute of Business & Technology က သင်ကြားတဲ့ သင်ရိုးညွှန်းအတိုင်း နယူးဇီလန်က ဆရာတစ်ဦးနဲ့ အမေရိကန်က ဆရာတစ်ဦးက သင်ကြားပေးမှာ ဖြစ်ပါတယ်”ဟု ၄င်းကဆိုသည်။ ကျောင်း စတင်ဖွင့်လှစ်သည့် [...]
July 30, 2010 | Posted in
Internal News |
Read More »

ဝက်မွေးမြူရေးနှင့် ထုတ်လုပ်မှုသင်တန်းကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၌ သြဂုတ် ၂ ရက်တွင် ပထမဆုံးအကြိမ် အခမဲ့သင်တန်းပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလမှာ နှစ်ပတ်ဖြစ်ပြီး သင်တန်းသား ၂ဝ သာလက်ခံ သင်ကြားပေးမည် ဖြစ်ကာ ယင်းသင်တန်းတွင် အခြေခံမွေးမြူ နည်း၊ ဝက်များတွင် ဖြစ်လေ့ရှိသောရောဂါများနှင့် ကာကွယ်နည်းများကို ပို့ချပေးမည်ဖြစ်သည်။ ဝက်မွေးမြူရေးနှင့်ထုတ်လုပ်မှုသင်တန်းကို မွေးမြူရေး နှင့်ကုသရေး ဦးစီးလေ့ကျင့် ပညာပေးရေးဌာန၌ သင်တန်းဖွင့်လှစ်မည်ဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းလုံးက မွေးမြူရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် ဝက်မွေးမြူသူများ တက်ရောက်နိုင်ပြီး တက်ရောက် လိုသူများမှာ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံ ဆက်သွယ်စာရင်းပေးနိုင်ကြောင်းသိရသည်။
PN – 043
July 30, 2010 | Posted in
Internal News |
Read More »

AFC ‘C’ လိုင်စင်နည်းပြသင် တန်းကို သြဂုတ် ၃ ရက်မှ ၁၉ ရက်ထိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို AFC Instructor တစ်ဦးဖြစ်သူ စင်ကာပူ နိုင်ငံသား Mr. Kunju Jamalu Deen က ပို့ချပေးမည်ဖြစ်သည်။ သင်တန်းတက်ရောက်ရမည့်သူ ၂၅ ဦးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။
မင်းသုအောင်
July 30, 2010 | Posted in
Internal News |
Read More »

ကမ္ဘာ့စီးပွားရေး အခြေအနေ ပြန်လည်ဦးမော့လာမှုကြောင့် အိမ်ထောင်ရှင်စုံတွဲပေါင်း ထောင်ချီ၍ ကွာရှင်းပြတ်စဲမှု ပြုလုပ်လာကြကြောင်း အင်္ဂလန်ရှေ့နေများက ဇူလိုင် ၂၂ ရက်က ပြောကြား လိုက်သည်။ ကွာရှင်းပြတ်စဲမှုများ ယခုကဲ့သို့ ရုတ်တရက် အဟုန်ပြင်းစွာ မြင့်တက်လာခြင်းသည် ဇနီး သည်များနှင့် ခင်ပွန်းသည်များကြား ပိုင်ဆိုင်မှုများခွဲဝေရသည့် ကုန်ကျ စရိတ်နှင့် ဥပဒေဆိုင်ရာအခွန်များ ပေး ရသည့် စရိတ်များအတွက် အကုန်အကျ ခံနိုင်လာခြင်းကြောင့်ဖြစ်သည် ဟု ၄င်းတို့က ယုံကြည်ကြသည်။ အင်္ဂလန်နိုင်ငံတွင်ပြီးခဲ့သည့် ၃ လတာအတွင်း ကွာရှင်းမှုပေါင်း ၂၈၆ဝဝ မှ ၃ဝ၄ဝဝ အထိ ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟုPANNONE ဥပဒေအကျိုးဆောင်အဖွဲ့ကဆိုသည်။
၂ နှစ်ကြာမျှ စီးပွားရေးကျဆင်းမှု ကြုံခဲ့ရပြီးနောက် စီးပွားရေးပြန်လည် ဦးမော့လာသဖြင့် အိမ်ထောင်ရှင်များ ကြား ရန်ပွဲများ ပိုမိုလာကာ [...]
July 30, 2010 | Posted in
International News |
Read More »

၂ဝဝ၅ ခုနှစ်ဝန်းကျင်မှစတင် ကာ မြန်မာနိုင်ငံ၌ အင်ဂျင်နီယာ ကျွမ်းကျင်သူ လူငယ်များထက် အိုင်တီကျွမ်းကျင်သူလူငယ် ပိုများ လာသည်ဟု သိရသည်။ လူငယ်များ၏ အသစ်အဆန်း ကို စိတ်ဝင်စားသော စိတ်သဘာဝ၊ ပုဂ္ဂလိကအိုင်တီသင်တန်းကျောင်း ပေါများခြင်းနှင့် ပြည်တွင်းပြည်ပ အလုပ်ကောင်း ရနိုင်ခြေရှိခြင်း စသည့် အားသာချက်များကြောင့် အိုင်တီ ကျွမ်းကျင်သူလူငယ် များလာခြင်း ဖြစ်သည်ဟု ဝါရင့်အင်ဂျင်နီယာ တစ်ဦးက သုံးသပ်သည်။ မြန်မာနိုင်ငံ၌ ခိုင်ခံ့သောအိုင်တီ သင်တန်းကျောင်း တစ်ကျောင်း ဖြစ်ရန် ရင်းနှီးမြှုပ်နှံရသော ကုန်ကျစရိတ် မှာ အင်ဂျင်နီယာ သင်တန်းကျောင်း ကုန်ကျစရိတ်ထက် များစွာ သက်သာသောကြောင့် အိုင်တီသင် တန်းကျောင်းများရခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။ ”ကွန်ပျူတာရှိတယ်၊ ကျွမ်းကျင်ပညာရှင် ရှိမယ်ဆိုရင် သင်လို့ ရပြီ။ ဆော့ဖ်ဝဲတွေဆိုတာက အလွန် ဆုံး [...]
July 30, 2010 | Posted in
Internal News |
Read More »

လုပ်ငန်းခွင်များမှ ဝန်ထမ်းများအတွက် ရည်ရွယ်ပြီး EQ for Better Working Relationship and Business Negotiation for The Win Course ၂ ခုကို ဇူလိုင် ၃၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းကို Career Pass Job Training Centre မှ သိရသည်။
စီးပွားရေးလုပ်ငန်းဆိုင်ရာများမှ ကြုံတွေ့လာမည့် အခက်အခဲများကို ဖြေရှင်းနည်းများ၊ ထားရှိရမည့် စိတ်နေစိတ်ထားများနှင့် စွမ်းဆောင်ရည် မြင့်မားလာစေရန်အတွက်ကို အဓိကထား ၍ သင်ကြားပေးမည်ဖြစ်ကြောင်းလည်း သိရ သည်။
သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ဝ၉ ၈ဝ ၂၁ဝ၂၇၊ ဝ၉၈ဝ၂၂၁၈၄ သို့ ဆက်သွယ်စုံစမ်း နိုင်သည်။
မင်းသုအောင်
July 30, 2010 | Posted in
Internal News |
Read More »