ပြည်ပမှာနေတယ်ဆိုတာ နေချင်လွန်းလို့ မဟုတ်ပါဘူး အောင်ရင်

0
129

aung-4yin

အောက်တိုဘာလအတွင်းက ကျင်းပခဲ့တဲ့ အောင်ရင်ရဲ့ “အောင်ရင် ၃၂” ဂီတပွဲကတော့ အောင်မြင်စွာ ပြီးဆုံးပြီး ဖြစ်ပါတယ်။ ဒီအပတ်ထဲ
အောင်ရင်နဲ့တွေ့ဆုံခိုက် ဒီပွဲအပေါ်ပွဲပြီးတဲ့အခါ ကိုယ်တိုင်ဘယ်လို သုံးသပ်မိလဲဆိုတာ အောင်ရင်ကို မေးတော့..

” ပွဲပြီးဆိုတာထက် ပွဲမတိုင်ခင်က စပြောရရင် ပွဲမတိုင်မီမှာ ကျွန်တော် သွေးတွေတအားတက်နေတာ။ ၁၇ဝ/၁၂ဝ ထိတက်နေတာ။ ပွဲမတိုင်မီတစ်ရက်မှာမှ ထူထူထောင်ထောင် ပြန်ဖြစ်တယ်။ ပွဲကိုတောင် ဖျက်ရပြီထင်တာ။ ဒါပေမဲ့ ဆေးတွေဘာတွေ သောက်ပြီး၊ ထိုးပြီးတက်ဆိုတော့ အိုတော့ အိုကေသွားတယ်။ ဒါပေမဲ့ ပွဲတစ် လျှောက်လုံး ကျွန်တော့်မှာစိုးတ ထိတ်ထိတ်နဲ့ ဖျော်ဖြေရတာ။အောင် အောင်မြင်မြင်ပြီးသွားတော့ အိုကေ တယ်ပြောရပေမယ့် စိုးရိမ် စိတ်က အပြည့်ပဲ။ ဆိုရင်းနဲ့များ အသံ မထွက်ဘဲ ဖြစ်မလားပေါ့။တစ်ချက် တစ်ချက်တော့နည်းနည်း အသံကပ် တာရှိတယ်။ ဒါပေမဲ့ သိပ်ရုပ်ပျက် ဆင်းပျက်တော့ မဖြစ်ဘူးထင်တာပဲ။ ပွဲပြီးတဲ့ ရလဒ်ကိုတော့ ကျေနပ်မှုရှိပါတယ်” လို့ အောင်ရင်က ပြောပါတယ်။ အောင်ရင်က နိုင်ငံရပ်ခြားမှာ အချိန်ကြာမြင့်စွာနေထိုင်ခဲ့ပြီး မြန်မာပြည် ပြန်လာ၊ ဖျော်ဖြေပွဲတွေ ပြုလုပ်တဲ့အချိန်မှာလည်း ပရိသတ်က နွေးထွေးစွာပြန်လည်ကြိုဆို အားပေးမှုတွေအပေါ်မှာ ပြောမပြတတ် အောင်ပီတိဖြစ်ရတယ်လို့ဆိုပါတယ်။

” ကျွန်တော့်အနေနဲ့ ပြောမပြတတ်အောင်ပါပဲ။ ဟိုမှာသွားနေတယ်ဆိုတာလည်း နေချင်လွန်းလို့ မဟုတ်ပါဘူး။ သိပ်ပြီးအဆင်ပြေ လှတယ်လည်း မဟုတ်ပါဘူး။ ကိုယ့် ကျန်းမာရေးအခြေအနေ၊ ကိုယ့်ဇနီး ရဲ့ ကျန်းမာရေးအခြေအနေအရသာ နေရတာပါပဲ။ ဒီပြန်လာတဲ့အခါမှာ လည်း မဝံ့မရဲနဲ့လုပ်ရတာမျိုးလေး တွေ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ့်မှာလည်း ပရိသတ် အားပေး မှုလေး အထိုက်အလျောက်ရှိသေး တယ်ဆိုတဲ့ စိတ်လေးရှိပါတယ်။ တစ်နှစ်တည်းမှာပဲ နှစ်ပွဲလုပ်တယ် ဆိုတာ တအာျးွငျု များပါတယ်။ ပရိသတ်တွေကလည်းလာလည်း ကြည့်ကြတယ်၊ အားလည်းပေးကြ တယ်ဆိုတော့ ကျေးဇူးလည်းတင်၊ ဝမ်းလည်းသာပါတယ်။ အရင်က ရှိခဲ့တဲ့ ပရိသတ်တွေက အခုအချိန်ထိ အခိုင်အမာ အားပေးတဲ့အတွက် ပြောမပြတတ်အောင် ပီတိဖြစ်ပါတယ်” လို့ အောင်ရင်က ပြောပါ တယ်။ အောင်ရင်က စီးရီးသစ် မထွက်တာကြာပြီဖြစ်တဲ့ အတွက် သူ့ပရိသတ်တွေအတွက် သီချင်း ၄ ပုဒ်ပါတဲ့ Mini Album တစ်ခု စီစဉ်နေပြီး PTL စတူဒီယိုမှာ အသံသွင်းနေတာ ပြီးစီးသလောက်ရှိပြီလို့လည်း သိရပါတယ်။

” ကျွန်တော် ၂ဝ၁၄ ခုနှစ်လောက်မှာ အွန်လိုင်းကတစ်ဆင့် “အိမ်အလွမ်း” ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ထုတ်ဖြစ်တယ်။ ထပ်လုပ်နိုင်ရင် ပိုကောင်းတယ်လို့ အား ပေးသူတွေရှိတဲ့အတွက် ကျွန်တော်ကြိုးစားနေပါတယ်။ ၄ပုဒ် လောက်ပါတဲ့တစ်ခွေလောက် ပေါ့။ အွန်လိုင်းကပဲ ဖြန့်မလား၊ စီးရီးခွေပဲထွက်ရှိမလားဆိုတာ Mixing ဆွဲပြီးမှ သိမယ်။ အရင်က ကျွန်တော်နဲ့ ထူးအိမ်သင်ဆိုထားတဲ့ တစ်ပုဒ်ရှိသေးတယ်။ အဲ့ဒါလေးလည်းသေချာ Mixing ပြန်လုပ်ပြီး ထည့်မယ်။ တေးရေး တွေကတော့ မောင်မောင်ဇော်လတ်တို့၊ Lလွန်းဝါ တို့ပါပါမယ်” လို့ အောင်ရင်က ပြောပြခဲ့ပြီး ဒီစီးရီးကိုတော့ သူပြည်ပကို မပြန်ခင်ဒီဇင်ဘာလအတွင်းလောက် မှာ ထွက်ရှိနိုင်ဖို့တော့ ကြိုးစားသွားမယ်လို့ပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here