ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများ၏ ပုဂ္ဂလိက လုံခြုံရေးပိုမို ကောင်းမွန်စေရန် ဆောင်ရွက်ပေးရေး အဆို မဲရှုံး

0
192

ရန်ကုန်တိုင်းဒေသကြီးအတွင်းပြည်သူများ၏ ပုဂ္ဂလိကလုံခြုံရေး ပိုမိုကောင်းမွန်၍ စနစ်ကျသော အခြေအနေသို့ ဆောင်ရွက်ပေးရန် အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်မဲခွဲရာ ကန့်ကွက်သူများသဖြင့် အဆိုရှုံးနိမ့်ခဲ့သည်။

ကိုကိုးကျွန်းမြို့ နယ်၊မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦး တင်ဝင်းမှ တင်သွင်းခဲ့သော “မြန်မာနိုင်ငံတွင် ရှိပြီးဖြစ်သော အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၏ ပုဂ္ဂလိက လုံခြုံ ရေးအား ပိုမိုကောင်းမွန်၍ စနစ်ကျသောအခြေအနေသို့ဆောင်ရွက် ပေးပါရန်” အဆိုကို ဒီဇင်ဘာလ ၁၆ရက်နေ့ကပြုလုပ်သော ဒုတိယ အကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်း အဝေး (၂၁) ရက်မြောက်နေ့တွင် တပ်မတော်သား ကိုယ်စားလှယ် (၂)ဦးက မှတ်တမ်းအဖြစ်သာထားရှိသင့် ကြောင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ကိုယ်စားလှယ် (၃) ဦးက ထောက်ခံဆွေးနွေးခဲ့သည်။ သို့သော်လည်း ကန့်ကွက်သူရှိနေ၍ တိုင်း လွှတ်တော်တွင်မဲခွဲရာကန့်ကွက်သူ ၄၆ ဦးရှိခဲ့ပြီး ထောက်ခံသူ ၄၂ ဦးသာရှိခဲ့၍ အဆိုရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော်တင်တဲ့အဆိုက လက်ရှိရှိပြီးသား ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတွေကို ပိုမိုစနစ်ကျအောင်ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ ဌာနတွေကိုတိုက်တွန်းတာ ရန်ကုန်တိုင်းဒေသကြီးမှာ လုံခြုံရေးကုမ္ပဏီ တွေကရှိတယ်။ တော်တော်များများက မှတ်ပုံတင်တာလည်းမရှိဘူး အလားတူသင်တန်းပေးတာတွေလည်း မရှိဖြစ်နေတဲ့အတွက် ပိုပြီးစနစ် ကျအောင်လို့။ ဒါပေမဲ့ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေက နားလည်မှုလွဲတယ်လို့ ကျွန်တော်မြင်တယ်။ ဒါကိုပြည်ထောင်စု အဆင့် မှလုပ်ရမှာ ဒီတိုင်းဒေသကြီးမှာ လုပ်ရမယ့်ဟာ မလုပ်ဘူး လို့မြင်ကြတယ်” ဟုအဆိုတင်သွင်းခဲ့သော ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်းက ပြောသည်။

ပုဂ္ဂလိက လုံခြုံရေးအဖွဲ့ များကို အဖွဲ့အစည်းတစ်ခုအဖြစ်စုစည်းပြီး အင်အားစုအဖြစ်တည်ထောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏အရံအင်အား အဖြစ်ဆောင်ရွက်သင့်ကြောင်း၊လုံခြုံရေး ကုမ္ပဏီများအနေဖြင့် အသင်းအဖွဲ့စည်းမျဉ်းအရဆောင်ရွက်ရ မည်မဟုတ်ဘဲ ဥပဒေပြဋ္ဌာန်း ချက်များအရ အကောင်အထည်ဖော်ဆောင်ရွက်သင့်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမဟုတ်ဘဲ တစ်နိုင်ငံလုံးလွှမ်းခြုံ ဆောင်ရွက်ရမည့်ကိစ္စဖြစ်၍ မှတ်တမ်းအဖြစ်သာ ထားသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်ကိုက ဆွေး နွေးခဲ့သည်။ ပုဂ္ဂလိကလုံခြုံရေးနှင့်သက်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲ ကို ပြီးခဲ့သည့် နိုဝင်ဘာလ၂၃ရက်နေ့ကပြုလုပ်ခဲ့ပြီး လက်ရှိပြန့်ကျဲ လျက်ရှိနေသော လုံခြုံရေးကုမ္ပဏီများကို မှတ်ပုံတင်နိုင်ရေးပထမဆုံး လုပ်နေကြောင်း၊ ပြီးပါကသင်တန်းပေးနိုင်ရန်သင်ရိုးဇယားဆွဲသွား မည်ဖြစ်ကြောင်း၊ ယင်းကိစ္စရပ်ကိုစီမံချက်ရေးဆွဲနေပြီး ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ထံတင်ပြသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး တင်အောင်ထွန်းကလွှတ်တော်တွင်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here