အစ္စရေးနိုင်ငံမှ စန္ဒရားပညာရှင် ‘ဗစ်တာဂိုလ်းဘတ်’သည် ဂန္ထဝင် ဂီတများနှင့် စန္ဒရား လက်စွမ်းပြ တီးခတ်မှုတို့ကို ထူးထူးခြားခြား ဆန်းသစ်သော ဖန်တီးမှုများဖြင့် ကမ္ဘာတစ်လွှား ပရိသတ်များကို လှည့်လည် တင်ဆက်လျက်ရှိပါ သည်။ သူသည် ရုရှားနိုင်ငံတွင် မွေးဖွားသော အစ္စရေးလူမျိုးဖြစ်ပြီး ဥရောပ၊ အစ္စရေးနှင့် အမေရိက နိုင်ငံများတွင် ပညာသင်ကြားကာ လက်စွမ်းပြပွဲ၊ ပြိုင်ပွဲများစွာတွင် ဆုများစွာ ရရှိခဲ့သည်။ ‘၂ဝဝ၈ ပရိုဂီတနိုင်ငံတကာဆု’ကို စန္ဒရား ပညာစွမ်း ပြောင်မြောက်စွာ တီးခတ် ပြသပြီး ဆုရရှိခဲ့သူဖြစ်သည်။ ယခု အာရှတစ်ခွင် လှည့်လည်ဖြေဖျော် ရာတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံများသို့ လာရောက် တင်ဆက်နေခြင်း ဖြစ် ၏။ ၁- ၈-၂ဝ၁ဝ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ အင်းလျား ကန်ဟိုတယ်တွင်လည်းကောင်း၊ ၄- ၈-၂ဝ၁ဝ ည ၇ နာရီတွင် မန္တလေးမြို့ Mandalay Hill Resort Hotel တွင်လည်းကောင်း ဖြေဖျော်မည်ဟု သိရသည်။
PN – 001




