နေထက် အဆ ၃ဝဝ ကျော် ကြီးမားသည့် အကြီးဆုံးကြယ် တွေ့ရှိ

Posted by Popular News on Jul 29th, 2010 and filed under Features. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry

နေထက် အဆ ၃ဝဝ ကျော် ကြီးမားသည့် အကြီးဆုံးကြယ် တွေ့ရှိ

နေထက်အဆ ၃ဝဝ ကျော် ကြီးမားပြီး တွေ့ခဲ့သမျှ ကြယ်များတွင် အကြီးဆုံးဖြစ်သည့် ကြယ်ကြီးကို နက္ခတ်ပညာရှင်များ ရှာဖွေ တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရှက်ဖီးလ်တက္ကသိုလ်မှ နက္ခတ္တ ရူပဗေဒပါမောက္ခ Paul  Crowther ဦးဆောင်သော အဖွဲ့ကအလွန်ကြီးမားသော အာကာသမှန်ပြောင်းကြီးကိုသုံးရန် NGC 3603 နှင့် RMC 136 ၏ ကြယ်အစုအဝေးကို လေ့လာရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
RMC 136 ကြယ်စုမှR136 a1သည် တွေ့ဖူးသမျှသော ကြယ်များအနက် အကြီးမားဆုံးဖြစ်သည်။ ယင်းကြယ်သည် နေထက် အဆ ၃ဝဝ ကျော် ကြီးမားသည်ဟု ကျွမ်း ကျင်သူများက ပြောသည်။
”အဲဒီကြယ်တွေဟာ နဂိုကတည်းက ကြီးကြီးမားမား ဖြစ်တည်လာတာဖြစ်ရင်ဖြစ် ဒါမှမဟုတ် ကြယ်လေးတွေစုပြီး ကြယ်ကြီးဖြစ် လာတာဖြစ်ရင် ဖြစ်နိုင်တယ်” ဟု ပါမောက္ခCrowtherက ပြောသည်။
”ဒီကြယ်တွေဟာရှားပါးလွန်းလို့ ဒီစံချိန်သစ်ကို တော်တော်နဲ့တော့ ချိုးနိုင်မှာမဟုတ်ဘူး”ဟု ပါမောက္ခ က ပြောသည်။
P.S, Ref : Internet

Leave a Reply

Advertisement

Recent Comments