မိုးနှောင်းကာလဖြစ်သော စက်တင်ဘာမှ ဒီဇင်ဘာအတွင်း ဘင်္ဂလားပင်လယ်အော်၌ ဆိုင်ကလုန်းမုန်တိုင်း ၅ ကြိမ်ခန့် ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံသို့လည်း ရိုက်ခတ်မှုများရှိနိုင်သည့်အတွက် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလပညာရှင် ဒေါက် တာဦးထွန်းလွင်က ပြောသည်။ ၄င်းက ယခုနှစ်သည် အယ်လ် နီညိုရာသီဥတုမှ လာနီညာရာသီ ဥတုအဖြစ်သို့ ကူးပြောင်းသောနှစ် ဖြစ်၍ အဆိုပါရာသီဥတု၏ အကျိုး ဆက်ကြောင့် မိုးကြီးခြင်းနှင့် လျှပ် တစ်ပြက် ရေကြီးခြင်းတို့အပြင် မုန်တိုင်းများ ပိုမိုလာနိုင်ကြောင်း တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်း ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၆ ကြိမ်ဖြစ်ပွားရန် ကျန်ရှိနေသေး ကြောင်း၊ ထို့အတူ ဘင်္ဂလား ပင်လယ်အော်၌ ၁ နှစ်လျှင် မုန်တိုင်း ၈ ကြိမ်ခန့် ဖြစ်ပေါ်လေ့ရှိရာ လိုင်လာမုန်တိုင်း အပါအဝင် မုန်တိုင်း ၃ ခု ဖြစ်ပေါ်ခဲ့ပြီးသည့်အတွက် မိုးနှောင်း၊ မိုးလွန် ကာလအတွင်း မုန်တိုင်း ၅ ကြိမ်ခန့်ဖြစ်ပေါ်နိုင်သည့် အလားအလာရှိကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ မိုးရာသီကာလ၌ မုန်တိုင်း ဖြစ်ပေါ်ခဲ့ပါက စိုးရိမ်စရာ မရှိသော် လည်း မိုးကြိုနှင့်မိုးလွန်ကာလ များတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်း ဖြစ်ပေါ်ခဲ့ပါက မြန်မာနိုင်ငံ ကိုရိုက်ခတ်မှုရှိလာနိုင်သည့်အတွက် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။ ”ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်တိုင်း ကြောက်စရာ မလို ပါဘူး။ တကယ်အရေးကြီးတာက မိုးကြိုကာလဖြစ်တဲ့ ဧပြီနှင့် မေလ၊ မိုးလွန်ကာလဖြစ်တဲ့ အောက်တို ဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာတွေမှာ ဖြစ်ရင်တော့ အထူးသတိထားဖို့လို တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ကာလမှာဖြစ်တဲ့ မုန်တိုင်းတွေဟာ မြန်မာနိုင်ငံကို ဝင်လာတတ်လို့ပဲ။ ၁၉၇၈ ခုနှစ်နောက်ပိုင်းကစပြီး အခုထိ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၁၃ဝ၃ လုံး ဖြစ်ပေါ်ခဲ့တဲ့ အနက် မြန်မာနိုင်ငံကိုဝင်ခဲ့တာ ၈၃ လုံးပဲရှိတယ်။ နောက်ပြီး ရာခိုင်နှုန်း အားဖြင့် တွက်မယ်ဆိုရင် ဧပြီနဲ့ မေလမှာ ၅၁ ရာခိုင်နှုန်းရှိတယ်။ ဒီကာလက ဘင်္ဂလားပင်လယ်အော် မှာ မုန်တိုင်း ၂ လုံးဖြစ်ရင် ၁ လုံး ကတော့ ဝင်တယ်။ နောက်တစ်ခုက စက်တင်ဘာကနေ ဒီဇင်ဘာအထိ ကို မုန်တိုင်းဖြစ်ပေါ်မှုက ၄၅ ရာခိုင် နှုန်းရှိတယ်။ ဒါပေမဲ့ ဒီကာလမှာ မုန်တိုင်းဖြစ်တာနဲ့ ပျမ်းမျှအားဖြင့် လေးရာခိုင်နှုန်းက မြန်မာနိုင်ငံကို ဝင်တတ်တယ်။ ဒီနှစ်ကျတော့ ထူး ခြားတာတစ်ခုက မိုးကြိုကာလမှာ မုန်တိုင်း ၃ လုံးပဲဖြစ်ခဲ့တဲ့အတွက် မိုးလွန်ကာလမှာ မုန်တိုင်း ၅ လုံး ဖြစ်လာနိုင်တဲ့အပြင် လာနီညာ ရာသီဥတုကလည်း စတင်ပြီဖြစ်တဲ့ အတွက် မုန်တိုင်းဝင်ဖို့ ပိုအခွင့် အလမ်းများတယ်ဟု ၄င်းက ထပ် လောင်းပြောသည်။
သူရထွန်း


