မိုးရေကာကွယ်သော စနစ်ဖြင့် မိုးရာသီတွင် ရော်ဘာအစေးခြစ်ပြီ

Posted by Popular News on Jul 30th, 2010 and filed under Internal News. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry

သထုံမြို့နယ် နောင်ကုလားကျေးရွာရှိ ဦးမြင့်ဟန်၏ ပလတ်စတစ်အုပ်ထားသော ရော်ဘာပင်များ

သထုံမြို့နယ် နောင်ကုလားကျေးရွာရှိ ဦးမြင့်ဟန်၏ ပလတ်စတစ်အုပ်ထားသော ရော်ဘာပင်များ

မိုးရေကာကွယ်သော နည်း စနစ်ဖြင့် မိုးရာသီအတွင်း ရော်ဘာ အစေးခြစ်ခြင်းကို မွန်ပြည်နယ်ရှိ ရော်ဘာခြံ ၃ ခြံတွင်အောင်မြင်စွာ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။ ရော်ဘာပင် အစေးခြစ်ရာပေါ် တွင်ပလတ်စတစ်အုပ်ပြီး မိုးရေကို ကာကွယ်ကာ အစေးခြစ်ခြင်းမှာ အောင်မြင်နေပြီဟု သထုံမြို့နယ် နောင်ကုလားရွာမှ ခြံရှင်ဦးမြင့်ဟန် ကပြောသည်။ ”ရော်ဘာပင်ရဲ့ အစေးခြစ်ရာ အပေါ်ပိုင်းမှာ ပလတ်စတစ်ကို ပွဲ့လျက်နဲ့ကပ်တယ်။  သားရေ ကျွတ်စနဲ့ ပလတ်စတစ်ကို အပင်မှာ တင်းကျပ်အောင်ချည်တယ်။ ပြီး တော့ အောက်ဘက်ကို ပလတ် စတစ်ကို လှန်ချပြီး သားရေကျွတ် စနဲ့ထပ်ပြီး ချည်လိုက်တယ်။ အဲဒီ နည်းနဲ့ ကျွန်တော့် ရော်ဘာခြံက ရော်ဘာပင် ၃၅ဝဝဝ ကို မိုးတွင်းမှာ အစေးခြစ်နေပါတယ်” ဟု ၄င်းက ပြောသည်။ မလေးရှား၊  သီရိလင်္ကာ၊ အိန္ဒိယနှင့်တရုတ် ရော်ဘာခြံများ တွင်လည်း အထက်ပါ စနစ်မျိုးဖြင့် မိုးရာသီတွင် အစေးခြစ်နေကြောင်း၊ မိုးရာသီတွင် အစေးခြစ်သဖြင့်အစို ဓာတ်ရရှိကာ ရော်ဘာစေးထွက်နှုန်း ပိုမိုကောင်းမွန်ကြောင်း၊ သံဖြူဇရပ် မြို့နယ်ရှိ ဦးအောင်ကြည်ခြံနှင့် ကျိုက် မရောရှိ ဦးခိုင်စိုးခြံတို့တွင်လည်း အထက်ပါနည်းအတိုင်း အစေးခြစ် နေပြီဖြစ်ကြောင်း၊ မိုးရာသီတွင် အစေးခြစ်ခြင်းကြောင့် အစေးထွက် နှုန်း ကျဆင်း မသွားသည့်အပြင် အစေးခြစ်ရက် ပိုများလာသဖြင့် ဝင် ငွေပိုကောင်းလာကြောင်း ၄င်းက ထပ်လောင်းပြောသည်။ နှစ်စဉ်မိုးရေချိန် လက်မ ၂ဝဝ ကျော်ရွာသွန်းသော မွန်ပြည်နယ် တွင်ယခင်ကရော်ဘာအစေးခြစ်ခြင်း ကိုမိုးရာသီတွင် ရပ်နားထားသည့် အတွက် တစ်နှစ်လျှင်အစေးခြစ်ရက် ၂ဝဝ ခန့်သာရှိကြောင်း သိရသည်။ ယခုအခါ မိုးရာသီအတွင်း အစေးခြစ်ထားသော ရော်ဘာစေး များကို ဈေးကွက်သို့ ရောင်းချနေပြီ ဖြစ်ကြောင်းသိရသည်။
ထူးထူး(မော်လမြိုင်)

Leave a Reply

Advertisement

Recent Comments