အလွဲအမှားလေးများ

Posted by Popular News on Jul 30th, 2010 and filed under Articles. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry

ပုံ-၁

ပုံ-၁

(ပုံ-၂)

(ပုံ-၂)

(ပုံ-၃)

(ပုံ-၃)

ပုံ-(၄)

ပုံ-(၄)

အာချီသန်းထွန်း

ကျွန်တော် ‘အင်္ဂလိပ်’ဘာသာ စကားနဲ့ စာကို ချစ်ပါတယ်။ စိတ် ဝင်စားမှုရှိလို့လည်း လေ့လာပါ တယ်။ ကျွန်တော် သူငယ်တန်းတုန်း က တက်ခဲ့တဲ့ ကျောင်းနာမည်က ‘လေဒီပေါ်ထွန်းကျောင်း’ သို့မဟုတ် ‘ကလေးများကို ကစားနည်းဖြင့် ပညာသင်ကျောင်း’ ဖြစ်ပါတယ်။ သူငယ်တန်းမှာ သုံးဆင့်တက်ခဲ့ရပါ တယ်။’အောက်ခြေ’အဆင့်၊ ‘အ လယ်’ အဆင့်နဲ့ ‘အထက်’အဆင့် ရယ်လို့ ရှိခဲ့ပါတယ်။ ကစားနည်း တွေနဲ့သင်သလို ကစားစရာပစ္စည်း များနဲ့လည်း အင်္ဂလိပ်လိုချည်း သင် ကြားပါတယ်။ ‘သိုးမွေး’ ရောင်စုံ ဘောလုံးလေးတွေမျိုး၊ အန်စာတုံးတွေ မှာ စာတွေ၊ အရုပ်တွေ ဆွဲထားပြီး အင်္ဂလိပ်သီချင်း၊ ကဗျာများနဲ့ ကလေးတွေ စိတ်ဝင်တစား ဖြစ်အောင် သင်ကြားပေးပါတယ်။ ဆရာမတွေ ချည်းပဲရှိပြီး အလယ်တန်းအဆင့် ၄ တန်းအထိ သင်ကြားခဲ့ပါတယ်။ အဲဒီကနေမှ ‘စိန်ဂျွန်းဒိုင်အိုစီဇင် ယောက်ျားလေးများကျောင်း’ မှာ ၁ဝ တန်းအထိ သင်ကြားခဲ့ပါတယ်။ နှစ်ကျောင်းစလုံးက အင်္ဂလိပ် အခြေခံ၊ အရေး၊ အပြော အသင် အပြ အရမ်းကောင်းပါတယ်။ အဲဒါအပြင် အင်္ဂလိပ်သတင်း စာဆရာကြီး ‘ဦးပီအောင်ခင်’ ဦး ဆောင်တဲ့ ‘ဂါးဒီးယန်း’သတင်းစာ၊ တနင်္ဂနွေအထူးထုတ်ကဏ္ဍမှာ ‘ပရုပ်(ဖ်)’ ဖတ်သူအဖြစ် တော်တော် ကြာကြာလေး လုပ်ခဲ့ပါတယ်။ အင်္ဂလိပ်စာကို ကိုယ်ကကျွမ်းကျင်မှု ရှိချင်မှရှိမယ်။ ဒါပေမဲ့ အလွဲတွေ၊ အထူးသဖြင့် စာလုံးပေါင်းမှားတာ တွေကို အထူးမြင်တတ်ပါတယ်။ အင်္ဂလိပ်စာကို ဝါသနာပါလို့ သွား ရင်းလာရင်း လွဲမှားတာလေးတွေကို တွေ့မိလို့ ဒီဆောင်းပါးရေးဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ အပြစ်မြင်တဲ့အနေနဲ့ မဟုတ်ဘဲ မှန်စေချင်လို့ စေတနာနဲ့ တွေ့မြင် ခဲ့တာလေးတွေ ချရေးပြခြင်း သာဖြစ်ကြောင်း အားလုံး သိနား လည်စေချင်ပါတယ်။ လူအများမြင် စေချင်လို့၊ ဖတ်စေချင်လို့ ရေးဆွဲ ထားတဲ့ ‘ဆိုင်းဘုတ်’ တွေက အလွဲ အမှားလေးတွေသာ မှန်မှန်ကန်ကန် ဖြစ်သွားမယ်ဆိုရင်၊ ဂရုစိုက်ပြီး ကြော်ငြာ၊ ကြေညာဖြစ်မယ်ဆိုရင်၊ သိပ်ကောင်းမှာပဲလို့ တွေးမိပြီး ရေးပြခဲ့ခြင်းဖြစ်ပါတယ်။ ဥပမာ ပုံ(၁)က ‘Ladys’ဆိုတဲ့ စကားလုံး ကို ‘Ladies’ လို့သာ ရေးဆွဲထားခဲ့ မယ်ဆိုရင်။ နောက်တစ်ခု.. ဆိုင်း ဘုတ်ကြီးမှ အကြီးကြီးပါ။ လမ်းဆုံ လမ်းခွကြီးမှာ။ ထီးထီးမားမား။ စကားလုံးကြီးကလည်း အကြီးကြီး ရေးထားတာ။ ‘Mixing’ ဖြစ်ရမှာ ‘Maxing’ ဖြစ်နေပါတယ်(ပုံ-၂)။  နောက်ထပ် တွေ့မိတာက (ပုံ-၃) မှာ ‘Laser’ ဖြစ်ရမှာ ‘Lacer’ ဖြစ် နေပါတယ်။ တွေ့မိပြန်ပြီ။ လမ်းဆုံ လမ်းခွက ဆိုင်းဘုတ်အကြီးကြီးပါပဲ။ (ပုံ-၄)မှာပါ။  ‘Warranty’ ဖြစ်ရမှာ ‘Warrenty’ လို့ တွေ့ရပါလိမ့်မယ်။
ဆိုင်ကလေးတစ်ခုမှာ တွေ့မိပါ သေးတယ်။ ‘3 buy 1 get free’တဲ့။  သုံးခုဝယ်ရင် တစ်ခုလက်ဆောင် (အလကား)ရမယ်ဆိုပြီး ကြော်ငြာ ထားပုံရပါတယ်။ ‘buy 3, get 1 free’ ဆိုရင် ပိုပြီးမှန်မလားလို့ ထင်မိ ပါတယ်။ နောက်တစ်ခုက ‘Today’s Price’  ဖြစ်ရမှာ ‘Today Price’ လို့ တွေ့ခဲ့ရပါတယ်။ သွားရင်းလာရင်း တွေ့မိတာ လေးတွေကို ဝါသနာအရ မှတ်တမ်း တင်ခဲ့ခြင်းဖြစ်ပါတယ်။ ‘အပြု သဘော’ဆောင်ပါကြောင်း ထပ်ပြီး အသိပေးလိုပါတယ်။ တကူးတက မဟုတ်ဘဲ သွားတုန်းလာတုန်း ကြုံ တုန်းလေး မြင်မိတာလေးတွေ ထပ် ရေးနေမိဦးမယ် ထင်ပါတယ်။
အာချီသန်းထွန်း

Leave a Reply

Advertisement

Recent Comments