ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်းစာအုပ်မှ အယ်ဒီတာချုပ် ကရစ်ဂလင်ဒေး၏ အဆိုအရ နီပေါလ်နိုင်ငံမှ ခါဂျန်ဒြာအား ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် မှတ်တမ်းတင်ရန် စစ်ဆေးခဲ့စဉ်က ယင်းသည် အရပ်အမောင်းအားဖြင့် ၂ဝ လက်မ(၅ဝ.၈ စင်တီမီတာ)သာ ရှိသဖြင့် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် မှတ်တမ်းဝင်နိုင်ပါသော်လည်း ယင်း၏အသက်အရွယ်မှာ ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်အဖွဲ့မှ သတ်မှတ်ထားသည် နှင့် ကိုက်ညီမညီ စုံစမ်းစစ်ဆေးရန်ခဲ့ရသေးကြောင်း သိရသည်။
အဘယ်ကြောင့်ဆိုသော် ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်းစာအုပ်၏ ”အမျိုးသား”ဆိုသည့်ဝေါဟာရကို သတ်မှတ်ထားချက်အရ လျှောက်ထားသူသည် အသက်(၁၈)နှစ် တင်းတင်းပြည့်ပြီးမှသာလျှင် လူလားမြောက်သူအမျိုးသားတစ်ဦးအဖြစ် လက်ခံခြင်းကြောင့်ဖြစ်လေ၏။ ခါဂျန်ဒြာ လျှောက်ထားစဉ်က ပူးတွဲတင်သွင်းသော နိုင်ငံသားကဒ်၊ မွေးစာရင်းစသည်တို့အရ ယင်းသည် ရက်ပေါင်း ၆၂၂ဝ (၁၇နှစ်နှင့် ၁၁ရက်)မျှသာ သက်တမ်းရှိနေသေးခြင်းကြောင့်ဖြစ်လေ၏။ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ဆေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထိုစဉ်က ခါဂျန်ဒြာအား ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်းစာအုပ် မှ ချက်ခြင်းလက်မခံခဲ့ခြင်းဖြစ်သည်။ သက်တမ်းစစ်ဆေးရာတွင် ဘဝသက်တမ်း၏ ပထမဆုံးနှစ်ကို (ဝ)အဖြစ်သတ်မှတ် တွက်ချက်ခြင်းဖြစ်ကြောင်းသိရပါသည်။ မှတ်တမ်းများအရ ခါဂျန်ဒြာသည် ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ(၄)ရက်နေ့တွင် မွေးဖွားသူဖြစ်ကြောင်းသိရသည်။
ယခင်က ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် သတ်မှတ်ခဲ့သော ဟေပင်းပင်းမှာ အသက်(၂၁)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး ဖြစ်ပါသည်။ သူ့အရပ်မှာ ၂ပေနှင့် ၅.၃၇ လက်မ(၇၄.၆ စင်တီမီတာ)ရှိပြီး ၁၉၈၈ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်သည်။
PN-002
ref : community.guinnessworldrecords.com





