နိုင်ငံတကာကျောင်းများနှင့် ချိတ်ဆက်နိုင်သည့် သင်တန်းကျောင်း ဆာကူရာတာဝါတွင် ဖွင့်မည်

Posted by Popular News on Jul 30th, 2010 and filed under Internal News. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry

နိုင်ငံတကာကျောင်းများနှင့် ချိတ်ဆက်နိုင်သည့် သင်တန်းကျောင်း ဆာကူရာတာဝါတွင် ဖွင့်မည် ဘာသာရပ်တစ်ခုကို  ပြည် တွင်းတွင် အသိအမှတ်ပြု လက် မှတ်ရရှိပြီး စင်ကာပူ၊ သြစတြေးလျ နိုင်ငံတကာ ကျောင်းများတွင် ဒီဂရီ ဘွဲ့ယူရန် Transfer လုပ်နိုင်သည့် Brilliance Vocational Edu-cation Training Center ကို လာမည့် သြဂုတ်လအတွင်း ဖွင့်လှစ် မည်ဖြစ်ကြောင်း ယင်းစင်တာ၏ ဈေးကွက်ဒါရိုက်တာ ဦးစိုင်းကျော် ဝင်းက ပြောသည်။ ”အခုသင်တန်းကျောင်းက သြစတြေးလျနိုင်ငံ Kent Institute of Business & Technology က သင်ကြားတဲ့ သင်ရိုးညွှန်းအတိုင်း နယူးဇီလန်က ဆရာတစ်ဦးနဲ့ အမေရိကန်က ဆရာတစ်ဦးက သင်ကြားပေးမှာ ဖြစ်ပါတယ်”ဟု ၄င်းကဆိုသည်။ ကျောင်း စတင်ဖွင့်လှစ်သည့် ကာလတွင် Foundation Course အသိအမှတ်ပြု အဆင့် ၃ မှ စတင် သင်ကြားမည်ဖြစ်ကာ ဘာသာရပ် တစ်ခုကို သြစတြေးလျကျောင်း များတွင် ၆ လ သင်ကြားပါက မြန်မာနိုင်ငံတွင် ၄ လဖြင့်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။
”ဒီမှာ အသိအမှတ်ပြု သင် တန်း တက်ခြင်းအားဖြင့်နိုင်ငံတကာ မှာ သွားတက်တာထက် ကုန်ကျ စရိတ်သက်သာစေပါတယ်။ကျောင်း ပြီးတာနဲ့ ဘာသာရပ်တူတဲ့ နိုင်ငံ တကာကျောင်းကို Transfer လုပ် နိုင်တဲ့အပြင် အလုပ်လုပ်နိုင်တဲ့ အခွင့် အလမ်းတွေလည်း ရှိပါတယ်” ဟု ဦးစိုင်းကျော်ဝင်းက ဆိုသည်။ အဆိုပါ သင်တန်းကျောင်း၌ သြဂုတ် ၇ ရက်နေ့တွင်ကျောင်းသား စတင်လက်ခံမည်ဖြစ်ကာ သြဂုတ် ၁၆ ရက်အတွင်း ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။
မင်းထက်စံ

Leave a Reply

Advertisement

Recent Comments