ပြည်တွင်းရေကြောင်း ရေယာဉ်များတွင် ပီပါအသက်ကယ်ဖောင် ပြောင်းလဲအသုံးပြုမည်

Posted by Popular News on Jul 30th, 2010 and filed under Internal News. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry

ပြည်တွင်းရေကြောင်း ရေယာဉ်များတွင် အသုံးပြုနေသော သစ်သား အသက်ကယ်ဖောင်များ နေရာတွင် ပီပါ အသက်ကယ်ဖောင် များကို ပြောင်းလဲအသုံးပြုသွားမည် ဟု ပြည်တွင်းရေကြောင်း ပို့ဆောင် ရေး အလုံသင်္ဘောကျင်းမှ အင်ဂျင် နီယာမှူး ဦးမြတ်သူက ဇူလိုင် ၂၁ တွင် ပြောသည်။ ယခင်ကတည်းက အသုံးပြု လာသော သစ်သားနှင့်သွပ် ပေါင်း စပ်ပြုလုပ်ထားသည့် အသက်ကယ် ဖောင်သည် စရိတ်စကများခြင်းနှင့် လုံခြုံမှု အပြည့်အဝ မပေးနိုင်ခြင်းတို့ ကြောင့် အစားထိုးအသုံးပြုရန် ပလတ်စတစ်ပိုက်ဖြင့် ပြုလုပ်သည့် ၁ဝ ယောက်စီး အသက်ကယ်ဖောင် ကိုစမ်းသပ်ပြုလုပ်ကြည့် သော်လည်း ၄င်းသည် ကုန်ကျစရိတ် ကြီးမြင့်မှု ကြောင့် ပီပါ အသက်ကယ်ဖောင်ကို အသုံးပြုရန် စီစဉ်ခြင်း ဖြစ်ကြောင်း ပီပါ အသက်ကယ်ဖောင်ကို ပီပါနှစ်လုံးပူးကာ သံလက်ကိုင်ပုံးများဖြင့် ပြုလုပ် မည်ဖြစ်ပြီး အရွယ်အစားမှာ အလျား ၅ ပေ၊ အနံ ၃ ပေခွဲရှိ ကြောင်း၊ တန်ဖိုးအားဖြင့် ကျပ် ၅ သောင်းခန့်ကုန်ကျပြီး ရေယာဉ် တစ်စင်းလျှင် ပီပါဖောင် ၂ စင်းထား ရှိသွားမည်ဖြစ်ကြောင်း သိရသည်။
”အရင်က သစ်သားနဲ့ သွပ် လေးထောင့်ပုံးတွေနဲ့လုပ်တဲ့ဖောင် တွေရှိတယ်။ သွပ်ပုံးကပါးတဲ့အခါ ကျတော့ ပေါက်တယ်။ ပီပါဖောင် ကအမြင်မလှပေမယ့် သံလက်ကိုင် မှာသံပုံးနဲ့ ဆိုတော့ မဆွေးမြည့်ဘူး” ဟု ၄င်းကပြောသည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် စက်ရှိရေယာဉ်၊ စက်မဲ့ရေယာဉ်နှင့် ဆိပ်ခံတွဲရေယာဉ် ၄၆၇ စီးဖြင့် တစ်နှစ်လျှင် ခရီးသည် ၂၆ သန်းကျော်၊ ကုန်တန်ချိန် ၄ သန်းကျော်၊ ခရီးမိုင်စုစုပေါင်း ၉၁ဝ၂ မိုင် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
မေဇင်ဝင်း

Leave a Reply

Advertisement

Recent Comments