ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ တွေ့ဆုံကြပြီ

Share

ရန်ကုန်၊ ဇန်နဝါရီ ၂၄
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ဆုံမှုကို ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းက တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချိုနှင့် ကိုအံ့ဘွယ်ကျော် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ၉ ဦးသည် ယင်းနေ့ညနေ ၅ နာရီ ၄၅ မိနစ်၌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လာရောက်တွေ့ဆုံခြင်းဖြစ်သည်။
”သူတို့ ၅ နာရီ ၄၅ မိနစ်ကတည်းက ခြံထဲကို ဝင်သွားတာ။ မီဒီယာတွေ ဝင်ခွင့်မပြုဘူးတဲ့။ ၈၈ မျိုးဆက်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတယ်ဆိုတဲ့ အဖွဲ့လိုက် ဓာတ်ပုံလေးရရင် တော်ပြီ။ မဝင်ရဘူးဆိုတာ သိပေမယ့် ဓာတ်ပုံရမလား လာစောင့်တာ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံ ရှေ့ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ သတင်းထောက်များ က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံမှုသည် အဆိုပါနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ နံနက်ပိုင်းက ပဲခူးသို့ နေ့ချင်းပြန် သွားရောက်ခဲ့ပြီး အပြန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းဖြစ်သည်။
မိုးမြင့်မြတ်၊ စံကျော်

Share
ဆက်နွယ်သည့် သတင်းများ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>