၂ဝ၁၂ လန်ဒန် အိုလံပစ်လာ လူများကြောင့် ရောဂါ ကူးစက်မှု ဖြစ်နိုင်ဟု သတိပေး

Share

၂ဝ၁၂ ခုနှစ်တွင် ပြုလုပ် ကျင်းပမည့် လန်ဒန် အိုလံပစ် ပွဲတော်ကြီးသည် ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ အားကစားသမားများနှင့် လာရောက် လည်ပတ် ကြည့်ရှုသူများ သည် တိုတောင်းလှသော ကာလ အတွင်း သန်းချီ၍ လာရောက် ကြမည် ဖြစ်သည်။
၎င်းတို့တွင် များပြားလှသော ရောဂါများကို သယ်ဆောင် လာကြသော ကူးစက် နယ်မြေ တစ်ခုအဖြစ် ကျရောက် သွားနိုင်ကြောင်း လန်ဒန်ရှိ ပြည်သူ့ ကျန်းမာရေး ကျွမ်းကျင် ပညာရှင် များကသတိပေးနေကြသည်။
အိမ်ရှင်နိုင်ငံသား များအဖို့ ဧည့်သည်များ ပြန်သွားပြီးနောက် ကျန်ရစ်ခဲ့သော ရောဂါများသည် လူပေါင်း များစွာကို ဆက်လက် ကူးစက်စေ ပြီးနောက် ကျန်နေ ခဲ့သော ရောဂါ အဖြစ် သတိပြု ရမည် ဖြစ်ပြီး အတူတကွ လာရောက် နေထိုင်ကြပြီး ဆိုးရွားစွာ ကျန်နေခဲ့သော ရောဂါများ ပြန့်ပွားမှု ဖြစ်စေသည်။ The Lancet Infectious Disease Journal က အထူးအသားပေး ဖော်ပြခဲ့သည်။
East Anglia တက္ကသိုလ်၏ ပါမောက္ခ Ibrahim Abubakar ၏ ရေးသား ဖော်ပြချက်မှာ ၂ဝဝ၈ ခုနှစ် သြစတြေးလျ နိုင်ငံတွင် World Youth Day ပွဲတော် ပြု လုပ်သော ကြောင့် တုပ်ကွေး ရောဂါ ဖြစ်ပွား ကျန်ခဲ့သည်ဟု ဖော်ပြထားသည်။
ဂျာမနီ နိုင်ငံ၏ 2010 Love Parade ပွဲတော်တွင်လည်း လူအုပ် ကြီး နင်းမိ၍ လူ (၂၁) ဦး သေဆုံး ခဲ့ပြီး ၅ဝဝ ကျော် ဒဏ်ရာ ရရှိခဲ့ကြသည်။
ဆော်ဒီအာရေဗျ တွင် နှစ်စဉ် ကျင်းပသော ဘုရားဝတ်ပြုပွဲ ဘာသာရေး ပွဲတော်သို့ ရောက်ရှိလာသည့် နှစ်သန်းမျှသော လူအုပ်ကြီးကြောင့် နှစ်စဉ် သေဆုံးမှုများ ကြုံကြ ရကြောင်းသတိပေးအ ကြံပြု ထားသည်။
လာရောက် လည်ပတ်သူများ ကြောင့် လူအုပ်ကြီး ပြိုနင်းမိ ခြင်းနှင့် အချင်းချင်း ကူးစက် တတ်သော ရောဂါများကြောင့် လက်ခံ ကျင်းပသော အိမ်ရှင် နိုင်ငံသားများ အဖို့ ကျန်းမာရေး ထိခိုက်မည်ကို သတိထား စောင့် ကြပ်ကြည့်ရှုရန် လိုအပ်သည် ဟု  ဗြိတိန်နိုင်ငံ ကျန်းမာရေး ဝန်ကြီး ပါမောက္ခ Ziad Memish က အကြံပြုထားသည်။

KLMA
AP/BBC

Share
ဆက်နွယ်သည့် သတင်းများ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>