ဘဝသစ်နယ်လှည့် သာပေါင်းတွင် သဘာဝဘေး ပညာပေး

Share

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ
ဘဝသစ်နယ်လှည့်အသိ ပညာပေးအဖွဲ့သည် နှစ်ဆန်းပိုင်း ပထမဆုံးခရီးစဉ်အဖြစ် သာပေါင်းမြို့နယ်သို့ စတင်ထွက်ခွာ သွားကြပြီဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
”၂ဝ၁၂ ခုနှစ်အတွက် ပထမဦးဆုံး ခရီးစဉ်အဖြစ် သာပေါင်းကို ၂ဝ ရက်နေ့က စထွက်ပါတယ်။ ၂၃ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဟိုမှာပညာပေး ဟောပြောပွဲတွေ လုပ်ပါမယ်။ ထုံးစံအတိုင်း ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေနဲ့ ရွာသူရွာသားတွေကို အဓိက ပညာပေးသွားမှာပါ”ဟု ဘဝသစ် နယ်လှည့်ပညာရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါ အသိပညာပေးအဖွဲ့မှာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ဂျပန်လူမှုအဖွဲ့အစည်း တစ်ရပ်ဖြစ်သည့် SEEDS Asiaတို့ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်ပြီး ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းနှင့် ဆူနာမီအစရှိသည့် သဘာဝဘေးနှင့် ပတ်သက်၍ ဟောပြောပညာပေးခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနှံ့ရှိ မြို့ရွာများသို့ ပညာပေးသွားရောက်ရာတွင် ကားလမ်းဖြင့် သွားရောက်၍မရသည့် နေရာများသို့ သင်္ဘောဖြင့် သွားရောက်ကြကြောင်း အထက်ပါပုဂ္ဂိုလ် က ဆိုသည်။
”သာပေါင်းပြီးရင် ဘယ်မြိုကို ဆက်သွားမယ်ဆိုတာတော့ အစီအစဉ် မဆွဲရသေးပါဘူး”ဟု ၄င်းကပြောသည်။
ဘဝသစ်နယ်လှည့် အသိပညာပးအဖွဲ့မှ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရာတွင်  ရေလွှမ်းမိုးမှုဖြစ်စဉ်နှင့် ယင်းအားလျှော့ချနိုင်မှု နည်းလမ်းများ၊ မြေငလျင် အကြောင်း သိရှိနားလည်စေရန်နှင့် ယင်းအတွက် အဆောက်အအုံနှင့် အားဖြည့်အထောက်အကူတို့ တောင့်တင်းခိုင်မာရန် လိုအပ်ပုံ၊ ရေနစ်ပါက အရေးပေါ် အသုံးပြုရန် ပစ္စည်းများပြုလုပ်ပုံနှင့် အရေးပေါ်အိတ် ပြင်ဆင်ရန် လိုအပ်ပုံတို့ကိုပါ ထည့်သွင်း ဟောပြောကြောင်း ၄င်းက ဆက်လက်ပြောသည်။
ဝေမာထွန်း

Share
ဆက်နွယ်သည့် သတင်းများ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>