အာဃာတမထားရေး နှင့် နောက်ကြောင်း မတွေးရေးမူဝါဒဖြင့် ၈၈ မျိုးဆက် ကျောင်းသားများ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖော်ဆောင်မည်

Share

အာဃာတနှင့် အငြိုးတရားတို့ဖြင့် နိုင်ငံကို တည်ဆောက်မရ၍ဟု ယုံကြည်သောကြောင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ပုဂ္ဂလိကအနာများဖြင့် ခရီးဆက်မည် မဟုတ်ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကပြောသည်။
ဇန်န၀ါရီ ၂၁ရက်နေ့က တော်ဝင်စင်တာ၌ ပြုလုပ်သည့် ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အပေါ် ကိုကိုကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသားများ ခေါင်းဆောင်ကိုမင်းကိုနိုင်က သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ညီညွတ်ရေးအမြင် ကို ယခုလိုပြောသည်။
“ကျွန်တော်တို့ဘက်က ညီညွတ်ရေးကို ဘယ်အချက်နဲ့ အခြေခံမှာလဲဆိုတော့ အာဃာတမထားရေး၊ နောက်ကြောင်းမတွေးရေးနဲ့ပဲ အခြေခံဖို့ ရှိပါတယ်။ မှန်ကန်တဲ့ လက်ကမ်းလာရင် ကျွန်တော်တို့ဘက်က ဆုပ်ကိုင်ဖို့အသင့်ရှိပါတယ်”ဟု ပြောသည်။
သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ နာမည်ကျော်စကားတစ်ခွန်းဖြစ်သော “စားဖားတွေ ညီညွတ်တာမျိုး မလိုချင်ဘူးဗျာ”ဟု ကိုမင်းကိုနိုင်၏ ညီညွတ်ရေး ဒဿနကို ဖွင့်ဆိုပြ ခဲ့သည်။
”ဦးသိန်းစိန် စထွက်ထွက်ချင်း မိန့်ခွန်းကို အင်မတန် ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သဘောထား မတူတဲ့သူတွေကိုရအောင် လက်တွဲ မယ်ဆိုတဲ့ကိစ္စ။ ဒါပေမဲ့ ကျွန်တော် တို့မှာ နှစ်ပေါင်းများစွာ ရလဒ်အဖြစ်ကတော့ သုမနကျောမှာ ဒဏ်ရာနဲ့ဆိုသလို သွေးတွေမတိတ်သေးဘူး။ အဲဒီတော့ လက်တွေက သံသယကိုပဲ ပြဋ္ဌာန်းထားတယ်။ ဒါပေမဲ့ အဲဒီသံသယကို အမျိုးသား ပြန်လည်သင့်မြတ်ရေး ညှိနှိုင်းဆွေး နွေးပြီး အဖြေရှာမယ်ဆိုတဲ့ လက်တစ်ဖက်နဲ့ သံသယရဲ့ ပါးစပ်ကို ပိတ်ထားပါတယ်”ဟု ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အပေါ် ကိုမင်းကိုနိုင်က သူ၏ သဘောထားကိုပြောသည်။
PN-012 

Share
ဆက်နွယ်သည့် သတင်းများ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>