ရန်ကုန်၊ ဇန်နဝါရီ
စာရေးဆရာ မျိုးကိုမျိုး၏ ”လမင်းဖြူရဲ့ကောင်းကင်” ၈၈ ခုနှစ် ဒီမိုကရေစီရေး နောက်ခံ လုံးချင်းဝတ္ထု စာအုပ်သစ် ထွက် ရှိခြင်း မိတ်ဆက်ပွဲ ဇန်နဝါရီ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ စာပေ လောကစာအုပ် အရောင်းဆိုင် ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ် သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုအောင် သူ၊ ကိုဂျင်မီနှင့် ဟာသသရုပ် ဆောင် ဇာဂနာ၊ ကိုဇော်သက် ထွေး၊ ဘလော့ဂါနေဘုန်းလတ် စသူတို့အပြင် ဇန်နဝါရီ ၁၃ ရက်နေ့ကလွတ်မြောက်လာသည့် ၈၈ မျိုးဆက်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြသည်။စာအုပ်သစ် မိတ်ဆက်ခြင်း အထိမ်းအမှတ်အဖြစ် စာရေးဆရာ မျိုးကိုမျိုး၊ ကိုမင်းကိုနိုင်၊ ဇာဂနာ၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုအောင် သူ၊ ကိုဇော်သက်ထွေး၊ ကိုနေဘုန်းလတ်၊ ဒီဇိုင်နာ မြင့်ဝင်း မောင်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့သည်။










သို့ 
နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာဝန်ကြီးများသိရှိစေရန်ပြောပေးပါခင်ဗျား
မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊သာစည်မြို့ နယ်ရှိ ကောင်းဟိန်းစကိသုံးဆီ
ပုဂ္ဂလိကအရောင်းဆိုင်နှင့် သိုလှောင်ရုံသည် မိတ္ထီလာတောင်ကြီးကားလမ်းနှင့်
ကျောင်းသား ကျောင်းသူတို့အများဆုံး သွားလာရာ အ.ထ.က (၁) လမ်းထောင့်တွင်
လူနေအိမ်တို့နှင့်စည်ရိုးသားဖြားပြီတည်ရှိနေပါသည်။မြန်မာစီးပွားရေးဘဏ်၊လ.၀.ကရုံးတို့နှင့်လည်း
ကိုက်(၁၀၀) မသေးဘဲ တည်ရှိနေပါသည်။
ယခင်က ဂါလံ ၃၀၀၀ခန့် ၀င်ဆံသည့် တိုင်ကီ ၄လုံးနှင့်သိုလှောင်ရောင်းချ
နေပါသည်။ယခု (၇.၁.၂၀၁၂) နေ့က ဂါလံ ၄၀၀၀ခန့် ၀င်ဆံသည့် တိုင်ကီနှစ်လုံးကို
ထပ်မံသိုလှောင်ရန် လုပ်ကိုင်လာပါသည်။ကိုယ်ဇာတိအရပ်သားမဟုတ်သော
မြို့နယ်အုပ်ချုပ်ရေးမှုး၊မီးသက်ဦးစီး၊စည်ပင်လူကြီးတို့က မျက်စိမှိတ်
ခွင့်ပြုနေ၍ မြို့နေလူထုမှာ မီးဘေးအန္တရာယ်ကို အစဉ် စိုးရိမ်နေရပါသည်။
သို့ဖြစ်ပါ၍ပြည်သူတို့၏ အသက်အိုးအိမ်ကိုစောင့်ရှောက်ဖြင်းအလို့ငှာ
ဤဆီဆိုင်ကြီးနှင့်သိုလှောင်ရုံကို မြို့စွန်သို့ ထုပ်ပေးပါရန်
တောင်းခံအပ်ပါသည်။
မီးဘေးအန္တရာယ်ကြောင့် ပြည်သူတွေအစဉ်စိုးရိမ်နေရသောကြောင့်
ဤစာကို အများပြည်သူတို့သိရှိအောင် မြို့နေလူထုတစ်ယောက် အနေနဲ့ 
လေးစားစွာတောင်းခံအပ်ပါသည်။
ဂါလံ၄၀၀၀ဆံသည်ပီပါများထားရှိမည်နေရာဘေးတွင်
လူနေအိမ်နှင့်ကပ်လျက်ရှိပါသည။်
ဆက်လက်ဖြန့်ဝေပေးပါ