Trending Now
Latest News
မန္တလေးတိုင်းနှင့်မွန်ပြည်နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲတွင် ငွေကျပ်သိန်း(၁)သောင်းကျော်ရရှိ
မန္တလေးတိုင်းနှင့်မွန်ပြည်နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရာ၌အသုံးပြုနိုင်ရန် စက်တင်ဘာ ၂၁ ရက်ကကျင်းပခဲ့သည့် အလှူငွေပေးအပ်ပွဲတွင် အလှူငွေကျပ်သိန်း(၁)သောင်းကျော်ရရှိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်သူများအတွက် အလှူငွေပေးအပ်ပွဲအား မန္တလေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် တက်ရောက်၍ကျေးဇူးတင်စကား ပြောကြားကာ အလှူငွေများကိုလက်ခံရယူပြီး အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် မန္တလေးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက ငွေကျပ်သိန်း(၇၁၀၀)ကျော်အား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း...
ရေဘေးကြောင့် ပျက်စီးခဲ့သည့် ပညာရေးအဆောက်အဦများကို နိုင်ငံတော်အစိုးရမှအမြန်ဆုံးပြင်ဆင်တည်ဆောက်ပေးသွားမည်
ရေဘေးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် ပ ညာရေးအဆောက်အဦများအား နိုင်ငံတော်အစိုးရမှအမြန်ဆုံးပြင်ဆင်တည်ဆောက်ပေးသွားမည်ဟု စက်တင်ဘာ ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၊ မြို့တော်ခန်းမ၌ကျင်းပသည့် ရေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်ရန်အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။
အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားစဉ် ရေဘေးသင့်ဒေသများရှိ ပိတ်ထားရသည့်စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိကာ ကျောင်းသားများအားလုံးအတန်းနှင့်လျော်ညီသည့် စာတတ်မြောက်ရေးအတွက်...
Celebrities' News
နိုင်ငံကျော်တေးသံရှင်စိုင်းဆိုင်မောဝ်ရဲ့စျာပနမြင်ကွင်းအခမ်းအနား
နိုင်ငံကျော်တေးသံရှင် စိုင်းဆိုင်မောဝ်ရဲ့စျာပနအခမ်းအနားကို ယနေ့ ဇူလိုင်လ ၁၉ ရက် နေ့လည် ၃ နာရီက ရေဝေးသုဿန်မှာကျင်းပခဲ့တာဖြစ်ပြီးအဆိုပါစျာပနအခမ်းအနားကို ဂီတ အသိုင်းအဝိုင်းမှ မိတ်ဆွေများမှတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
နိုင်ငံကျော်တေးသံရှင် စိုင်းဆိုင်မောဝ်ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး...
“ဂန္ထဝင်အဆိုတော်ကြီး မာမာအေး ကွယ်လွန်”
ဂန္ထဝင်အဆိုတော်ကြီး မာမာအေးဟာ ဇန်နဝါရီ ၈ ရက်နေ့ အမေရိကန်စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက်...
Mister Friendship International 2023 မှာ Title ဆု၄ ဆု ကိုရရှိခဲ့တဲ့ 5th Runner Upဆုရှင် ကောင်းစစ်
Mister Friendship International 2023 မှာ မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ကောင်းစစ်ဟာ 5th Runner-up ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွက်...
အကယ်ဒမီ ဝတ်မှုံရွှေရည် ရဲ့ မင်္ဂလာဦး အလှူ…
အကယ်ဒမီ ဝတ်မှုံရွှေရည် က သူမရဲ့ မင်္ဂလာဦး အလှူ အနေနဲ့ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ၊ စိတ်ကျန်းမာရေးဆေးရုံကြီး နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အစရှိတဲ့နေရာများအတွက် ဒီဇင်ဘာလ...
လှိုင်သာယာ က ပရိသတ်တွေ ဆီ ပြန်လည်ရောက်ရှိခဲ့တဲ့ AnoniMus
AnoniMus က သူကြီးပြင်းလာခဲ့တဲ့ လှိုင်သာယာမြို့နယ်ရှိ အောင်ဇေယျာမင်း ပရဟိတ ကျောင်းမှာ ဒီဇင်ဘာလ ၁၀ရက်နေ့ နံနက်၉နာရီ က လူပေါင်း ၁၃၀၀ ကျော်ကို...
Most Popular
INTERNATIONAL NEWS
ဆန္ဒမပြသည့် ဆရာဝန်များကို အမည်ပျက်စာရင်းသွင်းသူကိုဖမ်းပြီ
ဆိုးလ်၊စက်တင်ဘာ ၂၁
ဆန္ဒပြမှု၌မပါဝင်သည့် လုပ်ဖော်ကိုင်ဖက်များကို အမည်ပျက်စာရင်းသွင်းထုတ်ပြန်ခဲ့သည့်အတွက် သင်တန်းသားဆရာဝန်တစ်ဦးကို တောင်ကိုရီးယားအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မီဒီယာများနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။
ယခုကဲ့သို့ ဖမ်းဆီးမှုသည် ဆရာဝန်များနှင့်အစိုးရအကြား ပြသနာဖြစ်ပွားနေပြီး ခြောက်လတာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အဆိုပါဆန္ဒထုတ်ဖော်မှုကြောင့် ဆရာဝန်အင်အားမလုံလောက်ဘဲ အရေးကြီးလူနာအချို့ေ-သဆုံးမှုများရှိခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့်ဆရာဝန်သည် ဆန္ဒပြမှု၌မပါဝင်သူများနှင့်လုပ်ငန်းခွင်ပြန်ဝင်သွားသည့် လုပ်ဖော်ကိုင်ဖက်များ၏ အမည်များနှင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို တယ်လီဂရမ်ကဲ့သို့သော လူမှုကွန်ရက်များတွင် ထပ်တလဲလဲဖြန့်ဝေခဲ့မှုကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။
တောင်ကိုရီးယားနိုင်ငံဆရာဝန်များအသင်းအကြီးအကဲကမူ...
ဂျပန်နိုင်ငံအလယ်ပိုင်း၌ ရေကြီးရေလျှံ၊ တစ်ဦးေ-သ၊ ခုနစ်ဦးပျောက်ဆုံး
တိုကျို၊စက်တင်ဘာ ၂၁
ဂျပန်နိုင်ငံ အိရှိခဝခရိုင်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူတစ်ဦးေ-သဆုံးကာ ခုနစ်ဦးပျောက်ဆုံးနေပြီး လူများကို သောင်း နှင့်ချီ၍ ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
အိရှိခဝမှ လူတစ်ဦးေ-သဆုံးကာ သုံးဦးပျောက်ဆုံးနေပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရထားသကဲ့သို့ ပျောက်ဆုံးနေသူသုံးဦးအနက် နှစ်ဦးသည် မြစ်ရေတက်စဉ် ရေစီးနှင့်မြောပါသွားခြင်းဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ငလျင်ဘေးကြောင့် ပျက်စီးနေသည့် ဝဂျိမ မြို့ရှိလမ်းတစ်ခုကို...