Tuesday, January 14, 2025

ကာစီနိုကိုတရားဝင်ခွင့်ပြုမည့်ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု

လောင်းကစားလုပ်ငန်းနှင့် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် ဥပဒေကြမ်းတရပ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်...

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိက တို့...

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကတို့သည် အာရှ၏ ရေပြင်ပိုင်နက်တွင် တင်းမာမှုများမြင့်တက်နေမှုနှင့် ရင်ဆိုင်ကြုံ‌ေတွ့‌ေနရသဖြင့် သုံးနိုင်ငံအစီအစဉ်ဖြင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုခဲ့ကြကြောင်း ခေါင်းဆောင်သုံးဦး ဖုန်းဆက်သွယ်ပြောဆိုခဲ့အပြီးတွင်...

မုံရွာမြို့တွင် မေမေများအတွက် ဈေးရောင်းပွဲတော်ကျင်းပ

မေမေများကို လက်ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လက်မှုအနုပညာလက်ရာများ၊ မြန်မာ့ရိုးရာအစားအစာများကို အမေများနေ့ဖြစ်သည့် ပြာသိုလပြည့်နေ့၊ ဇန်နဝါရီလ (၁၃)ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ကျောက်ကာလမ်း၊ ဝါစက်ဝင်းရှေ့တွင်...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်နိုင်ရေးဆိုင်ရာလုပ်ငန်းစဉ် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်း ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ယခုလ ဇန်နဝါရီ (၇)ရက်မှ (၁၀)ရက်အထိ...
HomeNewsLocal Newsကမ္ဘာလှည့် ဗီဇာလျှောက်ထား ရယူခြင်းနှင့်...

ကမ္ဘာလှည့် ဗီဇာလျှောက်ထား ရယူခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်

ကမ္ဘာလှည့် ဗီဇာလျှောက်ထား ရယူခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်

ကမ္ဘာလှည့်ဗီဇာ လျှောက်ထားရယူခြင်းနှင့် ပတ်သက်သည့် သတ်မှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ (၅) ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဗီဇာစည်းကမ်း သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ကမ္ဘာလှည့်ဗီဇာနေထိုင်ခွင့်သက်တမ်းအနေဖြင့် (၂၈)ရက် ခွင့်ပြုသွားမည်ဖြစ် ကြောင်း ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် ကမ္ဘာလှည့် ခရီးသွားများအနေဖြင့် နိုင်ငံကူးလက် မှတ် ကိုင်ဆောင်ထားသူဖြစ်ရမည့်အပြင် သက်တမ်း အ နည်းဆုံး (၆) လ ကျန်ရှိသူ ဖြစ်ရမည်ဟု သိရသည်။

ထို့အပြင် ဗီဇာ လျှောက်ထားသူသည် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဟူသည့် တားမြစ်ချက်များလည်း ပါဝင်သည်။

မိဘ၏နိုင်ငံကူးလက်မှတ်တွင် နာမည်ပါဝင်သော(၇)နှစ်အရွယ်ကလေးငယ်များအနေဖြင့် minor sectionတွင်အချက်အလက်များထည့်သွင်းဖော်ပြရန်နှင့် ကမ္ဘာလှည့် ဗီဇာခွင့်ပြုမှုသည် ပြည်ဝင်ခွင့်ပေးခြင်း မဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ပြည်ဝင်ခွင့် ငြင်းပယ်ခံရပါက မူလလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာရန်လည်း ညွှန်ကြားထားသည်။

ထို့အပြင် ကမ္ဘာလှည့်ဗီဇာခွင့် လျှောက်ထားသူများအ တွက် ခွင့်ပြုချက်သည် တကြိမ်ပြည်ဝင်ခွင့်အတွက်သာ ဖြစ်ပြီး ပြည်ဝင်ခွင့် နောက်တစ်ကြိမ်ထပ်မံလျှောက် ထားပါက ဗီဇာကိုပါ ထပ်မံလျှောက်ထားရမည် ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကာစီနိုကိုတရားဝင်ခွင့်ပြုမည့်ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု

လောင်းကစားလုပ်ငန်းနှင့် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် ဥပဒေကြမ်းတရပ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည် ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက ဇန်နဝါရီ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။ ယခုအခါ လွှတ်တော်က သုံးသပ်ဆုံးဖြတ်နိုင်ရန် တင်ပြရမည်ဖြစ်သော ဥပဒေကြမ်းအရ ကြီးမားသော ဖျော်ဖြေရေးအဆောက်အအုံများတွင် လောင်းကစားလုပ်ခြင်းကို ခွင့်ပြုမည်ဖြစ်သည်။ လက်ရှိတွင် လောင်းကစားအမျိုးမျိုးကို ထိုင်းနိုင်ငံ၌ တားမြစ်ထားသော်လည်း မြင်းပြိုင်ပွဲနှင့် အစိုးရထီကဲ့သို့ တရားဝင်လောင်းကစားခွင့်ပြုထားသည့်အရာများနှင့်အတူ မြေအောက်လောင်းကစားလုပ်ငန်းများနှင့် ထီလောင်းကစားခြင်းများသည် ကျယ်ကျယ်ပြန့်ပြန့်ဆက်ကာရှိနေခဲ့သည်။ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် ဖိလစ်ပိုင်ကဲ့သို့...

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိက တို့ ပိုမိုနက်ရှိုင်းစွာပူးပေါင်းမည်ဟု ကတိပြု

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကတို့သည် အာရှ၏ ရေပြင်ပိုင်နက်တွင် တင်းမာမှုများမြင့်တက်နေမှုနှင့် ရင်ဆိုင်ကြုံ‌ေတွ့‌ေနရသဖြင့် သုံးနိုင်ငံအစီအစဉ်ဖြင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုခဲ့ကြကြောင်း ခေါင်းဆောင်သုံးဦး ဖုန်းဆက်သွယ်ပြောဆိုခဲ့အပြီးတွင် အဆိုပါသုံးနိုင်ငံက ထုတ်ဖော်ပြောကြားလိုက်သည်။ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနှင့် ရာထူးမှဆင်းတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် အာရှစံတော်ချိန် တနင်္လာနေ့မနက်ပိုင်းက အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြသည်။ စီးပွားရေး၊ ရေကြောင်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာ အားကောင်း လာစေရေးနှင့် နက်ရှိုင်းစေရေး ကို ခေါင်းဆောင်များက သဘောတူခဲ့ကြသည်ဟု...

မုံရွာမြို့တွင် မေမေများအတွက် ဈေးရောင်းပွဲတော်ကျင်းပ

မေမေများကို လက်ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လက်မှုအနုပညာလက်ရာများ၊ မြန်မာ့ရိုးရာအစားအစာများကို အမေများနေ့ဖြစ်သည့် ပြာသိုလပြည့်နေ့၊ ဇန်နဝါရီလ (၁၃)ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ကျောက်ကာလမ်း၊ ဝါစက်ဝင်းရှေ့တွင် ရောင်းချပေးခဲ့သည်။ "ဒီပွဲလေးလုပ်တာဟာ ဝါသနာတူတဲ့ သူတွေစုပြီး အမေများနေ့တစ်ရက်တည်း မေမေတွေလက်ဆောင်ပေးဖို့ရည်ရွယ်ချက်နဲ့ ရောင်းပေးတာပါ။ ဒီလိုပွဲလုပ်တာ ပထမဆုံးအကြိမ်ပါ။ အရင်ကလုပ်ခဲ့တာမရှိဘူး။ အခုမှဝါသနာတူသူငယ်ချင်းတွေစုပြီး သွားရောင်းကြမယ်ဆိုပြီးစိတ်တူကိုယ်တူလာရောင်းဖြစ်ကြတာပါ။ အခုလာမယ့်ချစ်သူများနေ့မှာ ရောင်းဖြစ်ကြမလားဆိုတာတိုင်ပင်နေကြပါတယ်"ဟု မသက်ထားမောင် (ဒေါ်ကြီးရွှေ မြန်မာ့ရိုးရာအစားအစာ)က ပြောသည်။ အမေများနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတွင် မြေစာဥဆ နွင်းမကင်း၊ ရွှေကြည်ပူတင်း၊ သီးစုံဆနွင်းမကင်း၊ အုန်းနို့ကျောက်ကျော၊ သာခွေယိုင်၊ အုန်းနို့ငှက်ပျောပေါင်း၊ ကလိန့်စေ့အုန်းနို့ပေါင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071