ချစ်သူတို့ရဲ့ အချစ်ခရီးပန်းတိုင်ဟာ လက်ထပ်ထိမ်းမြားခြင်း ပဲဖြစ်ပါတယ်။ချစ်ကြသူတိုင်းကတော့ အချစ်သက်တမ်း နုနုရင့်ရင့်ဒီပန်းတိုင်ဆီ အရောက်လှမ်းချီပြီး နှစ်ယောက်တစ်ဘ၀အချစ်ခရီးမှတ်တိုင်ကို အောင်မြင်စွာစိုက်ထူကြပါတယ်။
အခုချစ်ပရိသတ်များအားပေးချစ်ခင်တဲ့ အကယ်ဒမီ ချစ်စနိုးဦးတို့ရဲ့ ချစ်သူသက်တမ်းကလည်း ၅နှစ်လောက်ရှိသွားပြီဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်နဲ့ ဒီလောက်နှစ်တွေ ကြာအောင်လက်တွဲလာခဲ့တဲ့သူတို့ချစ်သူနှစ်ဦးရဲ့ အချစ်ခရီးပန်းတိုင်ကတော့…
ဒီအတိုင်းလေးလည်း အဆင်ပြေနေသေးလို့ ဒီအတိုင်းလေးပဲနေပြီး ကိုယ်လည်း အနုပညာကအလုပ်ကလေးလုပ်နေတာပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက်က အိမ်ထောင်ပြုလိုက်ြ့ပီဆိုရင် တာဝန်တွေများနေလာပြီလေ။အပျိုဘ၀တုန်းကလိုလွတ်လွတ်လပ်လပ် နဲ့ ကိုယ်အလုပ်လုပ်ချင်သလို မရတော့ဘူး။အဲ့ဒီတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်ကလေးတွေလည်းရှိသေးတော့ မယူဖြစ်ကြသေးဘူး။ယူတော့ယူမှာပါ။လောလောဆယ်မယူဖြစ်သေးတာပဲရှိတာပါ။နီးရင်တော့ပြောပြပါ့မယ်လို့ ချစ်စနိုးဦးကပြောပါတယ်။အိမ်ထောင်ပြုပြီးသွားကြတဲ့ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကတော့ အိမ်ထောင်မပြုဖို့တားကြပေမဲ့လည်းသူ့အနေနဲ့ကတော့ “အိမ်ထောင်ပြုပြီးတဲ့ သူတွေကတော့မယူကြဖို့ပြောကြတယ်။(ရယ်လျက်)။
ဒါပေမဲ့လည်း ယူတော့ယူမှာပေါ့နော်။ကိုယ့်လည်းကိုယ့်မိသားစုကိုယ့်ကလေးတွေ ကိုယ့်အိမ်ထောင်နဲ့တော့ပျော်ချင်သေးတယ်။မိသားစုတွေပျော်ကြတာမြင်ရင် ကိုယ်လည်းပျော်ချင်တယ်။အားကျတယ်ပေါ့နော်”လို့ချစ်စနိုးဦးကပြောပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ – ဇော်ဝင်းအောင်