Thursday, December 26, 2024

ကျိုက်မရော ချောင်းနှစ်ခွ ဒေသခံစစ်ရှောင်များ တစ်နှစ်ကျော်ကြာသည်အထိ...

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်‌နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင်...

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို (၃၃)ရက်တိုင်တိုင်...

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကို(၃၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ (၄၆၂)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ (၇၇)ကြိမ်မြောက်...

လားရှိုး- မိုင်းကျက်- မိုင်းယော်သွားလမ်းပိုင်းရှိ တံတားတစ်စင်း...

ရှမ်း/မြောက် လားရှိုး-မိုင်းကျက်- မိုင်းယော်သွားလမ်းပိုင်းရှိ မိုင်းယော် (ဖွန်ချောင်)တံတားမှာ ယမန်နေ့ဒီဇင်ဘာ (၂၅) ရက် မွန်းလွဲပိုင်းအချိန်ခန့်က ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ လမ်းပိုင်းအတွင်း သွားလာနေသည့်...
HomeNewsLocal Newsစက်သုံးဆီစျေးနှုန်း ယနေ့တွင် 92...

စက်သုံးဆီစျေးနှုန်း ယနေ့တွင် 92 တစ်လီတာ၂၂၄၀ ကျပ်ဈေးဖြစ်လာ

စက်သုံးဆီစျေးနှုန်း ယနေ့တွင် 92 တစ်လီတာ၂၂၄၀ ကျပ်ဈေးဖြစ်လာ

စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၁၂ ရက်(ယနေ့) တွင်၂၂၀၀ ကျပ်ကျော်ရောက်ရှိနေသဖြင့် ရန်ကုန် တိုင်းအတွင်း 92 Ron တစ်လီတာလျင် ၂၂၄၅ ကျပ်ဖြစ်လာခဲ့သည်ကို စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ တီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

အလားတူ မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊ပုသိမ်၊ဘားအံ၊မော်လမြိုင်တို့တွင်လည်း 92 Ron တစ်လီတာလျင် ၂၂၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

ထို့ပြင် ထားဝယ်၊မုံရွာ၊မြစ်ကြီးနား၊စစ်တွေ၊လားရှိုး၊တောင်ကြီးနှင့်လွိုင်ကော်တို့တွင် 92 Ron တစ်လီတာလျင် ၂၃၀၀ ကျပ်ကျော်၊ ဟားခါးတွင် ၂၅၀၀ ကျပ်ကျော်နှင့်ကျိုင်းတုံတွင် ၂၇၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၂၂၂၄၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၁၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၅၅၀ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၆၂၆ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၂၁၄၂ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၂၀၃ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၄၃၆ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၅၀၇ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုက်မရော ချောင်းနှစ်ခွ ဒေသခံစစ်ရှောင်များ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်‌နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အဆိုပါ ဒေသတွင် တပ်မတော်နှင့် ဒေသတွင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ ဒေသခံထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ကြောင်း ဆိုသည်။ " အခု ‌ရွာ(ချောင်းနှစ်ခွ)မှာက နေတဲ့သူတွေနေပြီဆိုပေမယ့် အရေအတွက် နည်းသေးတာပေါ့။ ပြန်မနေသေးတဲ့ သူတွေက တိုက်ပွဲဖြစ်မှာဆိုးတာရော။ အိမ်ပြန်ဆောက်ဖို့ မတတ်နိုင်သေးတာရောကြောင့် မပြန်ကြတာပေါ့။ အဓိက ကကြောက်နေသေးတာပေါ့။ ရွာမှာတော့ပြန်လည်ထူထောင်ရေးလုပ်နေတယ်လို့ကြားရပေမယ့် အားလုံးစိတ်ချရမှပြန်ရဲမှာ"ဟု ၎င်းက...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင် ကွန်ရက်ပြဿနာများစတင်ဖြစ်ပွားခဲ့သည်ဟု X ပေါ်တင်ခဲ့သော ပို့စ်တစ်ခုတွင် JAL က ပြောကြားခဲ့သည်။ သို့သော်လည်း ချို့ယွင်းမှုဖြစ်ရသည့် အကြောင်းရင်းကို နံနက် ၈း၅၆ နာရီတွင် ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့သည်ဟုပြောသည်။ စနစ် ကို ချို့ယွင်းစေသော router တစ်ခုကို ယာယီပိတ်လိုက်ရပြီး ဒီဇင်ဘာလ ၂၆ ရက်‌နေ့တွင် ထွက်ခွာမည့် ခရီးစဉ်များအတွက် လက်မှတ်ရောင်းချမှုကို ဆိုင်းငံ့ထားကြောင်းလည်း...

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို (၃၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ (၄၆၂)ပါး ဝင်ရောက်ဖြေဆိုမည်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကို(၃၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ (၄၆၂)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်အထိ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးသို့ ဝင်ရောက်ဖြေဆိုကြမည့် ရဟန်းသာမဏေများသည် အနည်း ဆုံးပထမကြီး၊ ဝိနယဝိဒူ၊ သာမဏေကျော်(တတိယဆင့်) အောင်မြင်ပြီးသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071