ဆန်ဆီစားသောက်ကုန်လှူဒါန်းပွဲတွင်ပါဝင်လှူဒါန်းသူများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းနဲ့ပညာသင်စရိတ်ထောက်ပံ့ခြင်းအခမ်းအ နားကို ရုပ်ရှင်အစည်းအရုံးမှာကျင်းပပြုလုပ်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နဝမ အကြိမ်မြောက် ဆန်ဆီစားသောက်ကုန်များလှူဒါန်းပေးခဲ့တဲ့လှူဒါန်းသူများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းအပြင် ပညာသင်ထောက်ပံ့ခြင်းအခမ်းအနားကိုယနေ့ ဇွန်လ ၁၇ ရက်နေ့ က ရုပ်ရှင်အစည်းအရုံးမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး ဦးအေးကြူလေး က” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနဝမအကြိမ်မြောက်ဆန်ဆီစားသောက်ကုန်လှူဒါန်းပွဲတွင်ပါဝင်လှူဒါန်းသူများဂုဏ်ပြုပွဲနှင့်ပညာသင်စရိတ်ထောက်ပံ့ပွဲအတွက်ပေးအပ်လှူဒါန်းခြင်းကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင်ကျင်းပပြုလုပ်ခဲ့ပြီးပါဝင်လှူဒါန်းသူများအားဂုဏ်ပြုလက်မှတ်ပေးအပ်ပြီးပညာသင်စရိတ်အလှူငွေများအားနာယကကြီးများအမှုဆောင်များကလက်ခံရယူခဲ့တယ် ” လို့ပြောပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ အနုပညာလောကသားများအတွက် အစားသောက်အဆင်ပြေနိုင်စေရန် ထောက်ပ့ံကူညီလာသည်မှာ နဝမအကြိမ်မြောက်ခဲ့ပြီးဖြစ်ပါတယ်။