မုဏ်းက “မမထိပ်နှင့် အမွှေ စံအိမ်” ဇာတ်လမ်းတွဲမှာ အဒေါ် အပျိုကြီးရဲ့ တူမ၊ ချစ်သူကို တအား ရစ်တတ်သော ကောင်မလေး နေရာ က သရုပ်ဆောင် ခဲ့ပြီး ပရိသတ် တွေလည်း သဘောကျ နှစ်သက်ခဲ့ကြပါတယ်။ မုဏ်း ကိုယ်တိုင်က သူလည်း ဘယ်လို ရစ်ရမလဲဆိုတာ မသိတဲ့ အတွက်ကြောင့် ကာရိုက်တာနဲ့ ပီပြင်အောင် လေ့ကျင့်ခဲ့ရတယ်လို့ မုဏ်း က ဆိုပါတယ်။ ဇာတ်လမ်းတွဲ ထုတ် လွှင့်ပြသပြီးချိန်မှာ ပရိသတ်တွေက မုဏ်းရဲ့ မိတ်ကပ်ပြင်ဆင်မှု အပေါ် အများ ဆုံးမေးမြန်း ခဲ့ကြပါတယ်။
“မုဏ်းကို ဒီဇာတ်လမ်းတွဲမှာ မိတ်ကပ်မလိမ်း ဘူးလားလို့ ပရိသတ်တွေ တော်တော်များများ မေးကြပါတယ်။ ဒါရိုက်တာက မိတ်ကပ် လိမ်းတာမျိုးကို သိပ်မကြိုက်ပါဘူး။ မုဏ်း ကိုယ်တိုင်ကလည်း Natural ကျတဲ့ မိတ်ကပ် ပုံစံမျိုးပဲ လိမ်းရတာ ကြိုက်တယ်။ Foundation တွေ၊ ပေါင် ဒါတွေ၊ နှုတ်ခမ်းနီတွေ တော့ ဆိုးပါတယ်။ မုဏ်း အဲဒီတုန်းက လိမ်းတဲ့ မိတ်ကပ်က လည်ပင်း နဲ့ မျက်နှာ နဲ့ တစ်ထပ်တည်း ကျတဲ့ မိတ်ကပ်မျိုးပါ။ ဖြူတဲ့ မိတ်ကပ်မျိုး မဟုတ်ဘဲ ရုပ်ရှင် ရိုက်ရင်လိမ်းတဲ့ မိတ်ကပ် မျိုးဖြစ်တာကြောင့်ပါ”လို့ မုဏ်းက ပြောပါတယ်။
မုဏ်းက “မမထိပ်နှင့် အမွှေစံ အိမ်” ဇာတ်လမ်းတွဲ အပါအဝင် ဟာသကျေးရွာ၊ Happy Beach (၁၊၂)၊ ကံကံ၏ အကျိုး စတဲ့ ဇာတ်လမ်းတွဲ တွေ အပြင် အခြားဗီဒီယို ဇာတ်ကား၊ ရုပ်ရှင် ဇာတ် ကားတွေပါ ရိုက်ကူး လာရပြီ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး တဲ့အခါ သရုပ်ဆောင် ပိုင်းကွာခြားပုံကို မေးမြန်းတော့
“မုဏ်းအတွက် ဇာတ်လမ်းတွဲ ရိုက်ကူး ရတာ ပိုပြီး တာဝန်ကြီး ပါ တယ်။ ဇာတ်လမ်းတွဲက လေးလ လောက် အကြာကြီး ကာရိုက် တာကို စိတ်နှစ်ထား ရတယ်။ အဝတ်အစား အဆက် မှတ် ရတာတွေလည်း သတိ ထား ရတယ်။ ဇာတ်ကား ကျတော့ ဆံပင်ပုံစံတွေ၊ ကာရိုက်တာ ပုံစံတွေ ပြောင်းလိုက်တယ်။ စိတ်ထဲမှာလည်း (၁ဝ)ရက်၊ (၁၅)ရက်လောက်ပဲ မှတ် ထားစရာ လိုပါတယ်။ သရုပ် ဆောင်မှု အပိုင်းမှာတော့ ဇာတ်လမ်းတွဲ မို့လို့ပိုတယ်၊ လျော့တယ် ဆိုပြီး မရှိပါဘူး။ အတူတူပဲ သရုပ်ဆောင် ပါ တယ်။ မုဏ်းကတော့ ကိုယ့်အ လုပ် အပေါ်မှာ အကောင်းဆုံး ကြိုးစားပါ တယ်။ အခုထိလည်း လိုအပ်ချက် လေးတွေ ရှိနေပါ သေးတယ်”လို့ မုဏ်းက ပြောပါ တယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း