တောင်ဒဂုံက ရပ်ကွက်ရုံးစာရေး လက်ဖက်ရည်ထိုင်သောက်နေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၀၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးတစ်ဦး ယ နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ် ခံရသူမှာ (၁၀၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စာရေး ဦးမောင်မောင် ဆိုသူဖြစ်ပြီး ယနေ့ နံနက်ပိုင်း (၈) နာရီ ဝန်းကျင်က လက်ဖက်ရည်ေသာက်နေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
” သေသလား ရှင်သလားတော့ မသိဘူး။ သုံးလေးချက်လောက်ရှိမယ် အသံကြား လိုက်တာ ။ ပစ်သွားတာ။ သူ က အုပ်ကြီးရုံးက စာရေးလို့တော့ ပြောတယ်” ဟု အခင်း ဖြစ် နေရာအနီးတွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ တစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်တွင် အခင်းဖြစ်ပွားရာ နေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်တွင်လည်း ရပ်ကွက် အုပ် ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းဇော် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဝင်းဇော်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် အတွက် လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။