အကြည်တော်
လူအတော်များများ အိမ်လေး တစ်အိမ်တော့ ဆောက်လုပ် နေထိုင်ဖူးမှာပါ။
အိမ်တစ်အိမ် ပီပီသသဖြစ်ဖို့ ဆိုတာ လွယ်ကူတာတော့ မဟုတ်ပါ ဘူး။
အခြေခံအုတ်မြစ်ကိုက ခိုင်မာ မှ ရေရှည်တည်တံ့တဲ့ အိမ်ကလေး ဖြစ်မှာပါ။ ဒါကြောင့် အရေးကြီးဆုံး ဖြစ်တဲ့ အုတ်မြစ်ကို အသေအချာ ချရပါတယ်။
အခုခေတ်ကတော့ အလွယ် လုပ်နေတာ တွေ့ရပါတယ်။ ဆိုပါ တော့၊ အိမ်ရဲ့အခြေခံဖြစ်တဲ့ အုတ်မြစ် ကို ဖြစ်သလိုတူးပြီး ယိုင်နဲ့နဲ့ပေါ် အိမ်တင်လိုက်တာမျိုးပါ။ ဒီလို အိမ်မျိုးကတော့ ဘယ်သောအခါမှ ရေရှည်မခံပါဘူး။
အိမ်တစ်အိမ်ဆောက်တော့ မယ်ဆို လေပြင်းဒဏ်၊ ငလျင်ဒဏ် များအပြင် အိမ်ရဲ့ခံနိုင်ရည်အား၊ ပွားများလာမယ့် ပရိဘောဂ၊ လူ စ သဖြင့် အားလုံးကိုတွက်ပြီးမှ အုတ် မြစ်ကို အသေအချာချရပါတယ်။
အုတ်မြစ်ချပြီးပြီဆိုရင်တော့ အိမ်ကြမ်းခင်း၊ အကာ၊ အမိုး စသဖြင့် လိုသလိုဆောင်ရွက်ရပါတယ်။ ကိုယ့် အိမ်ကို အခန်းဖွဲ့ဘယ်နှခန်း လုပ်မယ်၊ မီးဖိုချောင်၊ ရေချိုးခန်း ဘယ်နားထား မယ်၊ တံခါးတွေ ဘယ်နှပေါက်ဖောက် မယ် စသဖြင့် အသေအချာစဉ်းစားပြီး တည်ဆောက် ရပါတယ်။
ဆိုပါတော့၊ အိမ်တစ်လုံးလုံး ပြီးပြီဆိုရင်တော့ အရေးအပါဆုံး အိမ်တံခါးတွေ တပ်ရပါတယ်။
အိမ်တစ်လုံး လှလှပပရှိနေနိုင် ဖို့ကို အိမ်ပုံစံကျဖို့၊ အိမ်ထဲက ပရိဘောဂတွေ သပ်ရပ်လှပဖို့၊ ကြမ်းခင်းပြောင်လက်ဖို့၊ မျက်နှာကြက် ကြွေပြားတွေ ကပ်နေရုံမျှနဲ့ မလုံ လောက်ပါဘူး။ အိမ်တစ်အိမ်လုံး လုံခြုံစွာတည်ရှိနေဖို့ တံခါးကလည်း အရေးအကြီးဆုံးပါပဲ။
အိမ်ကြီးကလှပြီး တံခါးတွေက ယိုင်နဲ့နဲ့ဖြစ်နေရင်လည်း ဒီအိမ်ဟာ ပြီးပြည့်စုံတဲ့အိမ်လို့ မဆိုလိုနိုင်ပါဘူး။
လူတွေ၊ ကုန်ပစ္စည်းတွေ၊ သဘာ ဝနေရောင်ခြည်၊ လေနုအေးတွေ ဝင်ထွက်နိုင်တဲ့တံခါးက အရေးအပါ ဆုံးဖြစ်ပါတယ်။
အိမ်တစ်အိမ်လုံးလှပနေပြီး တံခါးတွေက မလုံခြုံရင် ဒါဟာ အိမ် ကောင်းတစ်အိမ် မဟုတ်ပါဘူး။ သူခိုး သူဝှက်တွေ ဝင်ထွက်သွားလာေ နနိုင် ရင်၊ ဒါ့အပြင် ကြွက်၊ ခြင်၊ ယင် ဝင်ချင်သလို ဝင်နိုင်၊ထွက်နိုင်ရင် အိမ်ကောင်းမှ ပီသပါတော့မလား။
ကိုယ်တိုင်ကအိမ်ထဲမလှ လှ အောင်လုပ်ထားတဲ့ ဆိုဖာ၊ ဆက်တီ ပေါ်ထိုင်ပြီး
“ဟော..ဒီအိမ်ကြီး သာယာ တော့မှာ။ မယုံကြည့်နေ”
ပြောနေရုံနဲ့ မပြီးပါဘူး။ အရှေ့ တံခါး၊ အနောက်တံခါး၊ ဘေးတံခါး စသည်ဖြင့် တံခါးတွေကမှ မလုံခြုံ ရင် အိမ်တွင်းနေသူရဲ့ လုံခြုံရေး ဘယ်လိုမှစိတ်မချရဘဲ ကျီးလန့်စာ စား ဘဝနဲ့..
“ဘယ်အချိန် သူခိုးတွေဝင်မလဲ”
“ဘယ်အချိန် ငါ့အိမ် ဓားပြ တိုက်မလဲ”
စသဖြင့် အိမ်တွင်းမှာနေရင်း စိတ်မချရရင် ဒါဟာ အိမ်ကောင်း တစ်အိမ် မဟုတ်ပါဘူး။ အိမ်ကောင်း တစ်အိမ်ဆိုတာ အိမ်တွင်းလှနေဖို့ ထက် အိမ်တွင်းနေထိုင်သူတွေရဲ့ လုံခြုံရေးအတွက် အရေးပါတဲ့တံခါး တွေ ခိုင်ခံ့နေဖို့ အဓိကကျပါတယ်။
ဒီတံခါးတွေကမှ မသေချာရင် အိမ်တွင်းနေသူတွေရဲ့ဘဝ ဘယ်မှာ လုံခြုံမှုရရှိနိုင်မှာလဲ။
ဒါကြောင့်..
ဆိုဖာပေါ်မှာ ထိုင်ပါ။
“တီဗီတစ်လုံးကနေ နှစ်လုံး ဖြစ်လာလိမ့်မယ်”
“သားသမီးတွေကို အဝတ် အသစ်တွေ မကြာခင်ဝယ်ပေးမယ်၊ ကြည့်နေ”
ပြောပါ။
ဒါပေမဲ့ အိမ်ရဲ့တံခါးကမှ မလုံခြုံရင် ဝယ်ပေးတဲ့ တီဗီနှစ်လုံး လည်း သူများပြန်’မ’သွားမှာပါ။ ဆင်ယင်ထားတဲ့ အဝတ်အစားသစ် လည်း သူများပြန်ဝင်ခိုးခံရမှာပဲ ဖြစ် ပါတယ်။
ဒါကြောင့် ဒီအိမ်မှာနေတဲ့ အိမ်သားတွေအတွက်
“ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ အိမ်သစ်”
ဆိုတဲ့အစား
“အိမ်သားများအားလုံး လုံခြုံ စိတ်ချရတဲ့ တံခါးခိုင်ခိုင်မာမာကလေး အရင်တပ်ပေးကြပါလားခင်ဗျာ”
အကြည်တော်