အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ အဖွဲ့နှင့် လက်ရှိ သမ္မတ ဂျိုးဘိုင်ဒင်၏ အုပ်ချုပ်ရေးအဖွဲ့တို့သည် အာဏာ အပြည့်အဝ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ရန်အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
“သူ့ရဲ့ ဝန်ကြီးအဖွဲ့ရဲ့ ရွေးချယ်မှု လုပ်ငန်းစဉ်ကို ပြီးမြောက်ပြီးနောက်မှာတော့၊ ရွေးကောက်ခံ သမ္မတ ထရမ့်ဟာ သမ္မတ ဂျိုးဘိုင်ဒင် ရဲ့ အိမ်ဖြူတော်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်းအားဖြင့် သူ့ရဲ့ အုပ်ချုပ်ရေး အကူးအပြောင်းရဲ့ နောက်တဆင့်ကို ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဒီလက်မှတ်ရေးထိုးမှုဟာ ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ ဝန်ကြီးအဖွဲ့ အမည်စာရင်း တင်သွင်းခံရသူတွေ အပါအဝင် အရေးကြီးတဲ့ ပြင်ဆင်မှုတွေကို စတင်နိုင်စေမှာ ဖြစ်ပါတယ်။ ဌာနဆိုင်ရာနဲ့ အေဂျင်စီတိုင်းကို ဆင်းသက်တဲ့အဖွဲ့တွေ ဖြန့်ကျက်ပြီး စနစ်တကျ အသွင်ကူးပြောင်းရေးကို ပြီးအောင် လုပ်ဆောင်မှာပါ” ဟု ရွေးကောက်ခံသမ္မတ၏ ဝန်ထမ်းအကြီးအကဲ Susie Wiles က ပြောကြားခဲ့သည်။
ရီပတ်ဘလီကန်သမ္မတလာင်း ဒေါ်နယ်ထရန့်သည် နိုဝင်ဘာ ၅ ရက်က ကျင်းပသော အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် သမ္မတလောင်း ကမလာ ဟားရစ်ကို အနိုင်ရရှိခဲ့သည်။ ထရမ့်၏ကျမ်းသစ္စာကျိန်ဆိုမှုကို ဇန်နဝါရီ ၂၀၊ ၂၀၂၅ တွင် ပြုလုပ်ရန် စီစဉ်ထားသည်။