ဒဂုံတက္ကသိုလ် သိပ္ပံဌာနများနှင့်ဂျပန်နိုင်ငံ Gifu University တို့ကြားပူးပေါင်းဆောင်ရွက်ရေးအတွက် MoU ရေးထိုး
ဒဂုံတက္ကသိုလ် သိပ္ပံဌာနများနှင့်ဂျပန်နိုင်ငံ Gifu University အင်ဂျင်နီယာမဟာဌာနကြီး အောက်ရှိ သိပ္ပံဌာနများကြား ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဥ်များအတွက် ပူးပေါင်းဆောင်ရွက်ရေး MoU ရေးထိုးခြင်းအား ဇူလိုင် ၁၅ ရက်က ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။
ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်နှင့်ဂျပန်နိုင်ငံ Gifu University မှ Vice President Dr. Shinji Kambara တို့မှ အမှာစကား များပြောကြားခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများ၊ဆရာ ဆရာမများ၊သိပ္ပံဆိုင်ရာသုတေသနနှင့်လေ့ကျင့်လဲလှယ်ရေးခရီးစဉ်၊သိပ္ပံပညာရှင်များနှင့်သိပ္ပံပ ညာဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများ၊ဖိုရမ်များနှင့်သင်တန်းများပူးတွဲကျင်းပခြင်းနှင့်သုတေ သနရလဒ်များအား သုတေသနစာစောင်များတွင် ရေးသားဖော်ပြခြင်း လုပ်ငန်းစဉ်များအကောင် အထည်ဖော်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်ဖက်အဖွဲ့အစည်းကြား ပူးပေါင်းဆောင် ရွက်ရေးအတွက် တာဝန်ရှိသူများက MoU ရေး ထိုးခဲ့ကြသည်။
ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်း မောင်၊ဒု-ပါမောက္ခချုပ်များ၊ပါမောက္ခဌာနမှူးများ၊ပါမောက္ခများနှင့်သင်ကြားစီမံဌာနမှ ဌာနမှူးများ၊ ဂျပန်နိုင်ငံ Gifu University မှ Vice President Dr. Shinji Kambara၊ The Faculty of Engineering ဌာနမှူး Prof. Dr. Toshiaki Murai နှင့်သိပ္ပံဌာနများမှ ပါမောက္ခဌာနမှူးများတက်ရောက်ခဲ့ကြသည်။