Friday, December 27, 2024

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို...

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆)...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်...

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည်...
HomeInternationalနျူကလီယားလက်နက်ဖျက်သိမ်းရေး ပံ့ပိုးကူညီမည်ဟု ပေလိုစီကတိပြု၊...

နျူကလီယားလက်နက်ဖျက်သိမ်းရေး ပံ့ပိုးကူညီမည်ဟု ပေလိုစီကတိပြု၊ နှစ်နိုင်ငံနယ်စပ်သို့ သွားရောက်ရန် စီစဉ်ထား

နျူကလီယားလက်နက်ဖျက်သိမ်းရေး ပံ့ပိုးကူညီမည်ဟု ပေလိုစီကတိပြု၊ နှစ်နိုင်ငံနယ်စပ်သို့ သွားရောက်ရန် စီစဉ်ထား

ဆိုးလ်၊ ဩဂုတ် ၄ ရက်

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီနှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော် ဥက္ကဌ ကင်မ်ဂျင်ပြို တို့သည် မြောက်ကိုရီယားအပေါ် ပြင်းထန်သော ဟန့်တားမှုများ ဆက်လက်ပြုလုပ်သွားရန် နှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး ကြိုးပမ်းရာတွင် နိုင်ငံအချင်းအချင်း ပံ့ပိုးကူညီရန် သြဂုတ် ၄ ရက် ကြာသပတေးနေ့တွင် ကတိပြုခဲ့ကြသည်။

ဆိုးလ်၌ ပေလိုစီနှင့် အမျိုးသားလွှတ်တော် ဥက္ကဌ ကင်မ်ဂျင်ပြိုတို့ တွေ့ဆုံပြီးနောက် အဆိုပါပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး တိုးတက်ပြောင်းလဲလာသော မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို စိုးရိမ်ပူပန်နေကြောင်း ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားအပေါ်ပိုမို တားဆီးမှုများပြုလုပ်ခြင်းကို အခြေခံကာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် လက်တွေ့ကျသော နျူကလီးယားကင်းစင်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေသော အစိုးရနှစ်ရပ်၏ အားထုတ်မှုများကို ထောက်ခံရန် ကျွန်ုပ်တို့ သဘောတူညီခဲ့သည်ဟု အဆိုပါ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ပေလိုစီက ၎င်းနှင့် ကင်မ်သည် ဒေသတွင်း လုံခြုံရေး၊ စီးပွားရေးနှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နည်းလမ်းများကိုပါ ဆွေးနွေးခဲ့ကြကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပေလိုစီသည် ထိုင်ဝမ်ခရီးစဉ် အပြီးတွင်တောင်ကိုရီးယားနိုင်ငံသို့ ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် ရောက်ရှိခဲ့သည်။

ထို့နောက် ပေလိုစီသည် ကင်မ်နှင့် အခြားလွှတ်တော်အမတ်များဖြင့် ဆွေးနွေးမှုများမ ပြုလုပ်မီ ဆိုးလ်ရှိ အမေရိကန်သံရုံး အရာရှိများနှင့် ကြာဿပတေးနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပေလိုစီသည် ကြာဿပတေး ညနေ့ပိုင်းတွင် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်အနီးရှိ ပူးတွဲလုံခြုံရေးနယ်မြေသို့ သွားရောက်ရန်စီစဉ်နေသည်ဟု တောင်ကိုရီးယား အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ပေလိုစီသည် သမ္မတဟောင်း ဒေါ်နယ် ထရမ့်‌ေနာက်ပိုင်းအဆိုပါနေရာသို့ သွားရောက်လည်ပတ်မည့် အမေရိကန်၏ ရာထူးအမြင့်ဆုံး အရာရှိတစ်ဦး ဖြစ်လာမည်ဖြစ်သည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြု

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆) ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့် အဖွဲ့ (၁၈) ဖွဲ့ရှိပြီး ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ပါတီတည်ထောင်ခွင့်ရရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP)သည် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုသော အဆိုပါလူငယ်သည် ရက်ပ်သီချင်းများဆိုကာ ဖောက်သည်များကို ဆွဲဆောင်လေ့ရှိသူဖြစ်သည်။ သူသည် ငွေကြေးအတွက် အရက်ကို တကြိုက်တည်း အမြန်သောက်ပြသည့် အလောင်းအစားဗီဒီယိုများစွာတွင် ပါဝင်ခဲ့သည်။ ပါတီပွဲတစ်ခုတွင် အားပေးအားမြှောက်လုပ်နေသည့် လူအုပ်ကြား၌ ထာနာကမ်က ဝီစကီပုလင်းသေးတစ်လုံးကို အမြန်မော့သောက်ပြနေသည့် ဗီဒီယိုဖိုင်သည် အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။ ပါတီပွဲတက်သူအချို့က မိုဘိုင်းလ်ဖုန်းများဖြင့် သူ့ကို ဗီဒီယိုရိုက်နေခဲ့ကြသည်။ အလောင်းအစားဖြင့် အရက်သောက်ပြခဲ့ပြီးနောက် ထာနာကမ်သည်...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်က စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းငွေ(၆၆)နှစ်အား လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် Free Land Attack Force...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071