Friday, December 27, 2024

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို...

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆)...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်...

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည်...
HomeNewsLocal Newsပြည်တွင်းကုန်ထုတ်လုပ်မှုတွင် ​ဝယ်လိုအားနှင့်​ရောင်းလိုအားမျှချေရှိအောင်ဆောင်ရွက်ပေးရန်လိုအပ်ကာ မဆောင်ရွက်နိုင်ပါက...

ပြည်တွင်းကုန်ထုတ်လုပ်မှုတွင် ​ဝယ်လိုအားနှင့်​ရောင်းလိုအားမျှချေရှိအောင်ဆောင်ရွက်ပေးရန်လိုအပ်ကာ မဆောင်ရွက်နိုင်ပါက ကုန်ဈေးနှုန်း ကြီးမြင့်မှုအား ကြုံရမည်ဟု နစက ဥက္ကဋ္ဌပြော

ပြည်တွင်းကုန်ထုတ်လုပ်မှုတွင် ​ဝယ်လိုအားနှင့်​ရောင်းလိုအားမျှချေရှိအောင်ဆောင်ရွက်ပေးရန်လိုအပ်ကာ မဆောင်ရွက်နိုင်ပါက ကုန်ဈေးနှုန်း ကြီးမြင့်မှုအား ကြုံရမည်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌက သြဂုတ် ၁၂ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေမှ ရန်ပုံငွေလွှဲအပ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတိုးတက်ဖွံ့ဖြိုးရန် စီးပွားရေးတိုးတက်အောင်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကာ စီးပွား ရေးကောင်းမွန်မှသာ နိုင်ငံရေးတည်ငြိမ်မည်ပြီးမည်သည့်နိုင်ငံတွင်မဆို စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် နှစ်အလိုက်ဘတ်ဂျက်ငွေများ လျာထားဆောင်ရွက်ကြသည်ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ GDP ပမာဏသည် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသည်ကိုတွေ့ရှိရပြီး ငွေ ကြေးတန်ဖိုးပြောင်းလဲမှုများကြောင့် ပြောင်းလဲခြင်းနှင့်ထုတ်ကုန်ပစ္စည်း volume တက်လာခြင်းတို့ကြောင့်လည်း GDP တိုးပွားလာရခြင်းမျိုးရှိနိုင်သည်ဟု ပြောသည်။

[ Volume of GDP= Price x Quantity]

“ပြည်တွင်းစားသုံးမှုနဲ့ပြည်ပပို့ကုန်ကိုကြည့်ပြီး  စဉ်းစားဆောင်ရွက်ရမှာဖြစ်သလို အမှန်တကယ် တိုးတက်မှုရှိ၊မရှိ ကိုလည်း စစ်ဆေးဆောင်ရွက်ရမှာဖြစ်ပါတယ် ပြည်တွင်းကုန်ထုတ်လုပ်မှုမှာ Supply & Demand မျှချေရှိအောင်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ် အဲ့လိုမှမဟုတ်ရင်ကုန်ဈေးနှုန်းကြီးမြင့်မှုကိုကြုံရမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် စီးပွားရေးတွင်ကုန်ထုတ်မှုသည် အဓိကကျသဖြင့် စိုက်ပျိုးမွေးမြူရေးအား အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရမည်ဟု ပြောသည်။

“ဒါ့ကြောင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကနေ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရေးမှာအသုံးပြုနိုင်ဖို့ ရန်ပုံငွေအဖြစ်  စီမံဆောင်ရွက်ခဲ့တာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လျှင်မြန်စွာတိုးတက်အောင်မြင်နိုင်သည့်(Quick Win)နှင့်စိုက်ပျိုးရာသီနှင့်ကိုက်ညီမှုရှိသည့် နွေစပါးနှင့်ဆောင်းသီးနှံတို့ကို ထောက်ပံ့ပေးနိုင်မည့် အခြေအနေကိုတွေ့ရှိရသည်ဟု ပြောသည်။

ထို့ကြောင့် နွေစပါးနှင့်နိုင်ငံ၏ အဓိကပြည်ပပို့ကုန်တစ်ခုဖြစ်သည့် ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ရန်ပုံငွေပေးအပ်ခြင်းဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း များပြားလာမည်ဖြစ်ပြီး စိုက်ပျိုးမည့် တောင်သူများအနေ ဖြင့်လည်း ၎င်းတို့ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများကို အခြားနေရာများတွင် ရင်းနှီးသုံးစွဲနိုင်မည်ဟု ပြောသည်။

“အလုပ်အကိုင်အခွင့်အလမ်းရှိလာရင် ဝင်ငွေရလာမှာဖြစ်သလို ပြည်တွင်းဝယ်လိုအား ပြည် တွင်းရောင်းအားတွေလည်း တက်လာမှာဖြစ်လို့ ကောင်းမွန်တဲ့လုပ်ငန်းလည်ပတ်မှုတစ်ခုဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြု

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆) ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့် အဖွဲ့ (၁၈) ဖွဲ့ရှိပြီး ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ပါတီတည်ထောင်ခွင့်ရရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP)သည် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုသော အဆိုပါလူငယ်သည် ရက်ပ်သီချင်းများဆိုကာ ဖောက်သည်များကို ဆွဲဆောင်လေ့ရှိသူဖြစ်သည်။ သူသည် ငွေကြေးအတွက် အရက်ကို တကြိုက်တည်း အမြန်သောက်ပြသည့် အလောင်းအစားဗီဒီယိုများစွာတွင် ပါဝင်ခဲ့သည်။ ပါတီပွဲတစ်ခုတွင် အားပေးအားမြှောက်လုပ်နေသည့် လူအုပ်ကြား၌ ထာနာကမ်က ဝီစကီပုလင်းသေးတစ်လုံးကို အမြန်မော့သောက်ပြနေသည့် ဗီဒီယိုဖိုင်သည် အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။ ပါတီပွဲတက်သူအချို့က မိုဘိုင်းလ်ဖုန်းများဖြင့် သူ့ကို ဗီဒီယိုရိုက်နေခဲ့ကြသည်။ အလောင်းအစားဖြင့် အရက်သောက်ပြခဲ့ပြီးနောက် ထာနာကမ်သည်...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်က စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းငွေ(၆၆)နှစ်အား လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် Free Land Attack Force...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071