Thursday, December 26, 2024

ကျိုက်မရော ချောင်းနှစ်ခွ ဒေသခံစစ်ရှောင်များ တစ်နှစ်ကျော်ကြာသည်အထိ...

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်‌နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင်...

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို (၃၃)ရက်တိုင်တိုင်...

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကို(၃၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ (၄၆၂)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ (၇၇)ကြိမ်မြောက်...

လားရှိုး- မိုင်းကျက်- မိုင်းယော်သွားလမ်းပိုင်းရှိ တံတားတစ်စင်း...

ရှမ်း/မြောက် လားရှိုး-မိုင်းကျက်- မိုင်းယော်သွားလမ်းပိုင်းရှိ မိုင်းယော် (ဖွန်ချောင်)တံတားမှာ ယမန်နေ့ဒီဇင်ဘာ (၂၅) ရက် မွန်းလွဲပိုင်းအချိန်ခန့်က ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ လမ်းပိုင်းအတွင်း သွားလာနေသည့်...
HomeNewsLocal Newsဘဏ်လုပ်ငန်းများ ပုံမှန်ပြန်ဖြစ်ရန် ကြိုးပမ်းနေကြောင်း...

ဘဏ်လုပ်ငန်းများ ပုံမှန်ပြန်ဖြစ်ရန် ကြိုးပမ်းနေကြောင်း နစက ဥက္ကဋ္ဌ ပြော

ဘဏ်လုပ်ငန်းများ ပုံမှန်ပြန်ဖြစ်ရန် ကြိုးပမ်းနေကြောင်း နစက ဥက္ကဋ္ဌ ပြော

ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် အခြေအရပ်ရပ်ကြောင့် တုန့်ဆိုင်းသွားသည့် ဘဏ်လုပ်ငန်းများကို ပုံမှန်အနေ အထားသို့ ပြန်လည် ရောက်ရှိရန် ကြိုးပမ်းနေကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယမန်နေ့ ဇွန်လ (၁၆) ရက်က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဇန်နဝါရီလမှစ၍ ဘဏ်လုပ်ငန်းများ ပုံမှန်အခြေအနေနီးပါးပြန်လည် လည်ပတ်နိုင်ပြီဟု ဆိုနိုင်သော်လည်း အချို့သောဘဏ်များ ပြန်လည်ဖွင့်လှစ်ရန်အတွက် ဝန်ထမ်းအခက်အခဲများကြောင့် ဖွင့်လှစ်နိုင်မှုအားနည်းနေသည်ကို တွေ့ရှိရပါတယ်။ ဘဏ် လုပ်ငန်းများပုံမှန်ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက် နောက်ပိုင်း ပြည် တွင်း၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အပြောင်းအလဲများကြောင့် ပြည်တွင်းရှိ ဘဏ်လုပ်ငန်းများအကြားတွင် ကန့်သတ် ချက်များ ဖြစ်ပေါ်ခဲ့ပြီး ငွေကြေးအကြပ်အတည်းများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဘဏ်များအကြား ငွေသွင်း ၊ ငွေထုတ်နှုန်းထားများ ကန့် သတ်ချက်များ ရှိခဲ့ပြီး ပြည်တွင်း ဘဏ်သုံးစွဲသူများအ ကြား အခက်အခဲများ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့သည့် အတွက် ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍လည်း စီးပွားရေးအရ တိုက်ခိုက်မှုများရှိ၍ ဘဏ်များ မပြိုလဲစေရန် ထိန်းသိမ်း ကြပ်မတ်ခဲ့ရခြင်းများရှိကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

” မိမိတို့တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံရေးအရ ဆူပူမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဘဏ်လုပ်ငန်းများ တုန့်ဆိုင်းသွားခဲ့ပါတယ်။ စိုးရိမ်ပူပန်မှုများကြောင့် အပ်ငွေများပြန် လည်ထုတ်ယူခြင်း၊ စီးပွားရေးအရ တိုက်ခိုက်ရန်အတွက်ဘဏ်များရှိ ပိုက်ဆံများ ကိုထုတ်ယူခြင်းနှင့် ငွေကြေးထုတ်ယူခြင်းများကို သတ်မှတ်စည်းကမ်းများအတိုင်း ဆောင်ရွက် ခြင်းမပြုခြင်းများဖြစ်ပေါ်ခဲ့သဖြင့် ဘဏ်များပြိုလဲမှုမရှိစေရေး ကြပ်မတ်ထိန်းသိမ်းဆောင် ရွက်ခဲ့ ရပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ယမန်နေ့က ကျင်းပသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၅/၂၀၂၂)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုက်မရော ချောင်းနှစ်ခွ ဒေသခံစစ်ရှောင်များ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်‌နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အဆိုပါ ဒေသတွင် တပ်မတော်နှင့် ဒေသတွင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ ဒေသခံထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ကြောင်း ဆိုသည်။ " အခု ‌ရွာ(ချောင်းနှစ်ခွ)မှာက နေတဲ့သူတွေနေပြီဆိုပေမယ့် အရေအတွက် နည်းသေးတာပေါ့။ ပြန်မနေသေးတဲ့ သူတွေက တိုက်ပွဲဖြစ်မှာဆိုးတာရော။ အိမ်ပြန်ဆောက်ဖို့ မတတ်နိုင်သေးတာရောကြောင့် မပြန်ကြတာပေါ့။ အဓိက ကကြောက်နေသေးတာပေါ့။ ရွာမှာတော့ပြန်လည်ထူထောင်ရေးလုပ်နေတယ်လို့ကြားရပေမယ့် အားလုံးစိတ်ချရမှပြန်ရဲမှာ"ဟု ၎င်းက...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင် ကွန်ရက်ပြဿနာများစတင်ဖြစ်ပွားခဲ့သည်ဟု X ပေါ်တင်ခဲ့သော ပို့စ်တစ်ခုတွင် JAL က ပြောကြားခဲ့သည်။ သို့သော်လည်း ချို့ယွင်းမှုဖြစ်ရသည့် အကြောင်းရင်းကို နံနက် ၈း၅၆ နာရီတွင် ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့သည်ဟုပြောသည်။ စနစ် ကို ချို့ယွင်းစေသော router တစ်ခုကို ယာယီပိတ်လိုက်ရပြီး ဒီဇင်ဘာလ ၂၆ ရက်‌နေ့တွင် ထွက်ခွာမည့် ခရီးစဉ်များအတွက် လက်မှတ်ရောင်းချမှုကို ဆိုင်းငံ့ထားကြောင်းလည်း...

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို (၃၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ (၄၆၂)ပါး ဝင်ရောက်ဖြေဆိုမည်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကို(၃၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ (၄၆၂)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်အထိ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးသို့ ဝင်ရောက်ဖြေဆိုကြမည့် ရဟန်းသာမဏေများသည် အနည်း ဆုံးပထမကြီး၊ ဝိနယဝိဒူ၊ သာမဏေကျော်(တတိယဆင့်) အောင်မြင်ပြီးသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071