ဒီဇာတ်ကားဟာ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလလဆန်းပိုင်းမှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာက “ပေါလ်ဂရင်း ဂရေ့စ်’ ဖြစ်ပြီးအဓိကဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်သူတွေ ကတော့ မင်းသားမက်ဒါမွန်၊ တွမ်မီလီဂျုံးနဲ့ မင်းသမီးငယ် “အစီလီယာ ဗီကန်ဒါ” တို့ပဲဖြစ်ပါတယ်။
ဇာတ်လမ်းမှာ မင်းသား မက်ဒါမွန်က စီအိုင်အေရဲ့ သုတ်သင်ရှင်းလင်းရေးမှူးဟောင်း “ဂျေဆန်ဘွန်း” အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူဟာ စီအိုင်အေက ထွက်ပြေးသွား လို့ အလိုရှိခံနေရသူဖြစ်ပြီး ဖခင်နဲ့ ပတ်သက်တဲ့ အမှန်တရားကို ဖော် ထုတ်ဖို့ ကြိုးစားနေပုံအကြောင်း ဖြစ်ပါတယ်။ ဟိုအရင်က စီအိုင်အေရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ဖူးတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်း “နစ်ကီပါဆန်” က အေဂျင်စီရဲ့ ဆာဗာထဲကို ထိုးဖောက်ဝင်ရောက်မိပြီး၊ ဝင်မိ တဲ့အခါမှာ ဂျေဆန်ဘွန်း (မက်ဒါမွန်) နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ၊ ဂျက်ဆန်ဘွန်းအတွက် အလွန်အန္တရာယ်ရှိနေတဲ့ သတိထားရမယ့် အချက်အလက်တွေကို သိခွင့် ကြုံလိုက်ရတာကနေစပြီး နောက် ကြောင်းအဖြစ်သနစ်တွေကိုပါ သိလိုက်ရလို့ စီအိုင်အေရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ “ရောဘတ် ဒူဝီ” ရဲ့ လိုက်လုပ်ကြံနေတဲ့ အန္တရာယ်ကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ ကြာမြင့်ချိန်က ၂ နာရီနဲ့ ၃ မိနစ်ဖြစ်ပြီး သန်း ၁၂ဝ ကုန်ကျခဲ့တဲ့ ဒီဇာတ်ကားဟာ လက်ရှိ ရုံတင် ကာလအတွင်းမှာ သန်း ၁၄ဝ ကျော် ပြန်ရနေပြီလို့ ဆိုပါတယ်။ ရေဂျာဗစ် ဆိုတဲ့ မြို့က “နစ်ကီပါဆန်” ဆိုတဲ့ အမျိုးသမီးဟာ ဟက်ကာအဖွဲ့တစ်ခုနဲ့ ပေါင်းမိပြီး စီအိုင်အေရဲ့ အဓိကဆာဗာထဲက လျှို့ဝှက်စစ်ဆင်ရေး အစီအစဉ် အသေးစိတ် အချက်အလက်တွေကို ခိုးယူသွားတယ်။ နစ်ကီပါဆန်ဟာ သူရရှိခဲ့တဲ့ အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါ ဂျေဆန်ဘွန်း (မက်ဒါမွန်) အတွက် အသက် အန္တရာယ်ပေးမယ့် အစီအစဉ်တွေ ပါဝင်တာကိုတွေ့လို့ စိတ်မကောင်း ဖြစ်သွားပြီး ဂျေဆန်ဘွန်းကို ရှာကာ သတင်းပေးဖို့ ကြိုးစားပါတယ်။ တစ် ချိန်တည်းမှာပဲ သူမရဲ့ ဆာဗာချိုး ဖောက်ခိုးဝင်မှုကို စီအိုင်အေက သိသွားပြီး သူမ နောက်ကို ခြေရာခံကာ လိုက်ကြပါတော့တယ်။ ဂရိကိုရောက်နေတဲ့ ဂျေဆန် ဘွန်း (မက်ဒါမွန်)နဲ့ အမျိုး သမီးနစ်ကီ ပါဆန်တို့ တွေ့ကြပါတယ်။ သူတို့ နှစ်ယောက် အစိုးရဆန့်ကျင် ရေး ဆန္ဒပြနေတဲ့ လူအုပ်ကြီးထဲမှာ တွေ့ ဆုံကြတာဖြစ်ပါတယ်။ အဲဒီမှာ ဆိုင်ကယ်တစ်စီးနဲ့ နှစ်ယောက်သား လွတ်အောင်ပြေးပေမယ့် တိုက် အပေါ်ဆုံးထပ်ကနေ ချိန်ပြီး စောင့် ပစ်လိုက်တဲ့ လျှို့ဝှက်ကျည်ဆန်ကြောင့် အမျိုးသမီး နစ်ကီပါဆန် သေဆုံး သွားပါတယ်။ စီအိုင်အေဟာ လူတချို့ကို ဖမ်းဆီးပြီး သူတို့ရဲ့လျှို့ဝှက်ကိစ္စ မပေါက်ကြားအောင် အချိန်မီ တားဆီးလိုက်ပါတယ်။ အမျိုးသမီး နစ်ကီပါဆန်က နောက်ဆုံးထွက် သက်ကို မရောက်ခင် စီအိုင်အေရဲ့ လျှို့ဝှက်ဖိုင်တွေ ထားလေ့ရှိတဲ့ နေ ရာက သေတ္တာရဲ့သော့ကို ဂျေဆန်ဘွန်း (မက်ဒါမွန်)ရဲ့ လက်ထဲကို ထည့်ပေးနိုင်ခဲ့ပါတယ်။
ဒီတော့မှ ဂျေဆန်ဘွန်းဟာ သူ ဘာမှမသိတဲ့ သူ့ရဲ့မိသားစုအကြောင်း ကို ပြန်ပြီးစုံစမ်းပါတယ်။ အမျိုးသမီး နစ်ကီပါဆန်ပေးခဲ့တဲ့ အချက် အလက်တွေမှာ စီအိုင်အေရဲ့ သုတေ သန ပညာရှင်ဖြစ်ခဲ့ဖူးတဲ့ “ရစ်ချတ် ဝက်ဘ်” ဆိုတဲ့ ပုဂ္ဂိုလ်ဟာ သူ့ဖခင်ဖြစ် နေတာကို အံ့သြဖွယ်ရာ တွေ့လိုက်ရပြီး သူ့ဖခင်ဟာ သွေးရိုးသားရိုး သေဆုံးတာမ ဟုတ်ဘဲ လှည့်စားသတ် ဖြတ်ခြင်းခံရတယ် ဆိုတာကို သိသွားပြီးတဲ့ နောက် စီအိုင်အေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ရှုပ်ထွေးမှုကြီးကို ဂျေဆန် ဘွန်း တစ်ယောက် စီအိုင် အေထဲက လက်ရှိ အတော်ဆုံးအဖွဲ့ သားဖြစ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ အကူအညီနဲ့ တစ်လွှာချင်း ဆက်ရှင်းသွားနေပါတော့ တယ်။ ဘယ်သူတွေ ဘာဆက် ဖြစ်ကြမလဲပေါ့လေ။
ဝင်းကိုမောင်