ချစ်စနိုးဦးက အဆိုတော်တစ်ဦးနဲ့ ချစ်သူတွေဖြစ်နေကြပြီး ချစ်သူသက်တမ်းကလည်း လေးနှစ်ရှိသွားပြီဖြစ်ပါတယ်။ ချစ်သူနှစ်ဦး နှစ်ယောက်တစ်ဘဝ ထူထောင်မယ့်အချိန်ကို သူ့ပရိသတ်တွေအတွက် မေးမြန်းဖြစ်တဲ့အခါ ချစ်စနိုးဦးက ..
” ကိုယ်ကလည်း အိမ်ထောင်ပြု ရမယ့်အသက်အရွယ်တစ်ခုတော့ ရောက်နေပြီ။ နှစ်ယောက်စလုံးက လည်းအသက်ရွယ် မငယ်ကြတော့ ဘူး။ အဲဒီအတွက် ရည်ရွယ်ထား တာတော့ရှိတာပေါ့နော်။ ဒါပေမဲ့ လည်း ဘယ်အရာကိုမှ အတိအကျကြီး မပြောချင်သေးဘူး။ မပြောဘူးဆိုတာကလည်း တစ်ခါတလေကျ ဖူးစာတို့၊ ကံတို့ဆိုတာ ပြောလို့မရ ဘူး။ တချို့ဆို ယူပြီးမှတောင် အိမ်ထောင်ရေး ကွဲသွားကြတာရှိ တယ်။ တစ်ခုခုဖြစ် ရင် နစ်နာတာက မိန်းကလေးတွေပဲ နစ်နာတာလေ။ ပြောပြီးမှ တစ်ခုခု အလွဲလွဲ အချော် ချော်ဖြစ်သွားရင် ကိုယ့်အတွက်လည်း မကောင်းဘူး။ သူ့အတွက်လည်း မကောင်းဘူး။ တကယ် အကောင် အထည် ဖော်ပြီဆိုမှ ဒါကဒီလိုဒီလိုပါ ဆိုတာကို ချပြချင်တယ်။ ပြီးတော့ အဖေနဲ့ အမေကိုလည်း တတ်နိုင် သလောက် နေပြီး ကျွေးမွေးပြုစုချင် သေးတယ်။ မိန်းကလေးဆိုတာ အိမ်ထောင်ကျရင် ယောက်ျားလေး ဘက်မှာလိုက်နေတာထုံးစံပဲလေ။ အဲဒီတော့မယူခင်လေး ကိုယ်ရှိနေ တုန်းလေး ကိုယ်လုပ်ပေးနိုင်တာ လုပ်ပေးချင်တယ်။ မိဘတွေနဲ့ နေရ တာလည်း မဝသေးဘူး။ ဖူးစာပါမယ့် အချိန်ကျမှ ဝုန်းဒိုင်း လည်း ဖြစ်ချင် ဖြစ်မယ်။ အေးဆေး လည်းဖြစ်ချင်ဖြစ်မယ်” လို့ ပြောပြပါတယ်။ သူမရဲ့ မင်္ဂလာဆောင်စိတ်ကူးက …
” ငယ်ငယ်လေးကတည်းက သူ များမင်္ဂလာဆောင်တွေကို သွားကြည့်တယ်။ သဘောလည်းကျတယ်။ ကိုယ်ကိုယ်တိုင်ကျဘယ်လို ဆောင် ချင်လဲဆိုရင် ငယ်ငယ်ကတည်းက ပြောတာအခုအချိန်ထိပေါ့နော်။ ကိုယ့်ကျရင်ရှိတဲ့သူတွေကို မကျွေး ချင်ဘူး။ မရှိတဲ့သူတွေကိုပဲ ကျွေးချင် တယ်။ ချမ်းသာတဲ့လူတွေကို ကျွေးတာထက် တကယ်လိုအပ်တဲ့ နေရာမှာပဲလှူဒါန်းချင်တယ်။ အဲဒါ ကြောင့် အစ်မက ပြောတယ် မင်္ဂလာ ပွဲအတွက် ကုန်မယ့်ငွေတွေကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းချင်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့စိတ်ကူးအတွေး ပေါ့နော်။ နှစ်ဦး နှစ်ဖက် ဖြစ်ချင်တာတော့ ညှိရမှာ ပေါ့နော်။ ကိုယ်ဖြစ်ချင်တာက တော့ အဲဒါမျိုး ပါ။ တခြားစိတ်ကူးယဉ်တာမျိုးတော့ မရှိပါဘူး” လို့ စိတ်ကူးထဲက မင်္ဂလာပွဲလေး အကြောင်းကို ပြောပြခဲ့ပါတယ်။
ဇင်မာနွယ်