မတ်လနောက်ပိုင်း ပထမဆုံးအနေဖြင့်အမေရိကန်ဆီဈေး ၄ ဒေါ်လာအောက်ကျဆင်းခဲ့
မတ်လမှစ၍ ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့က အမေရိက၌ ဓာတ်ဆီလက်လီရောင်းချမှု ပျမ်းမျှစျေးနှုန်းသည် တစ်ဂါလန်လျှင် ၄ ဒေါ်လာအောက်ကျဆင်းသွားပြီး ကမ္ဘာ့လောင်စာဆီအများဆုံးသုံးစွဲသူဖြစ်သည့် ယာဉ်မောင်းများကို သက်သာရာရစေခဲ့သည်။
အမေရိကန်မော်တော်ယာဉ်အသင်း၏ အဆိုအရ ကြာသပတေးနေ့တွင် နိုင်ငံတွင်း ပျမ်းမျှဈေးသည် တစ်ဂါလန်လျှင် ဒေါ်လာ ၃ ဒသမ ၉၉၀ သို့ ကျဆင်းသွားသည်ဟုသိရှိရသည်။
ဇွန်လတွင် ဓာတ်ဆီဈေးသည် ၅ ဒသမ ၀၂ ဒေါ်လာဖြင့် အမြင့်ဆုံးသို့စံချိန်တင်ရောက်ရှိလာခဲ့ပြီး ဇူလိုင်လကဆီဝယ်ယူမှုသည် ၂၀၂၀ ပြည့်နှစ်ကပ်ရောဂါကာလထက်ပင် လျော့နည်းသွားခဲ့သည်။
ယခုအပတ် ကြာသပတေးနေ့၌ ရေနံစိမ်းတစ်စည်လျှင် ၉၈ ဒေါ်လာသာရှိခဲ့သည်။သို့သော် ဈေးနှုန်းများကြီးမြင့်ချိန်က တစ်စည်လျှင် ၁၃၉ ဒေါ်လာအထိမြင့်တက်သွားခဲ့သည်။ရောင်းလိုအားကိုတင်းကြပ်စွာ ကန့်သတ်မှုကြောင့် စျေးကျသွားခဲ့ခြင်းဖြစ်သည်။
အိမ်ဖြူတော်သည်လည်း US Strategic Petroleum Reserve မှ ရေနံစိမ်းစည်ပေါင်း သန်း ၁၈၀ ကျော်ကို ထုတ်ေပးနေပြီး အမေရိက၏ ရေနံထွက်ရှိမှုသည် ယခုနှစ်တွင် တစ်ရက်လျှင် စည်ပေါင်းငါးသိန်း (၁၂ ဒသမ ၂ သန်း)ခန့်အထိ မြင့်တက်လာခဲ့သည်။လွန်ခဲ့သည့် လေးပတ်အတွင်း ဝယ်လိုအားအတွက် ထုတ်ပေးနိုင်သော ဓာတ်ဆီ ထုတ်ကုန်စုစုပေါင်းသည် ၆ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း EIA၏ အချက်အလက်များအရသိရသည်။
မကြာသေးမီက အချက်အလက်များအရ ၀ယ်လိုအားသည် ဇူလိုင်လမှစ၍မြင့်တက်လာသည်ကို တွေ့ရှိခဲ့သည်။ယခုဈေးနှုန်းကျဆင်းမှုသည် ဝယ်လိုအား ပြန်လည်မြင့်တက်လာစေမည့် အချက်ပြမှုတစ်ခုဖြစ်သည်ဟု သုံးသပ်သူများကမျှော်လင့်ခဲ့ကြသည်။
ယခုကဲ့သို့ စျေးနှုန်းများကျဆင်းခြင်းသည် ၀င်ငွေနည်း သောအမေရိကန်ပြည်သူများအတွက် အထောက်အကူဖြစ်စေသည်။Bank Of America ၏ကိန်းဂဏန်းများအရ ဇွန်လက ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းအထိကုန်ကျခဲ့သောစက်သုံးဆီကုန်ကျစရိတ်သည် ဇူလိုင်လတွင် ၉ ဒသမ ၃ ရာခိုင်နှုန်းလောက်အထိကျဆင်းသွားသည်ဟုသိရှိရသည်။
“ကျွန်မမှာ ဆီတိုင်ကီတစ်ဝက်ပဲရှိသေးလို့ဈေးတွေကျနေချိန်မှာ ထပ်ဖြည့်ချင်သေးတယ်” ဟု အတ္တလန်တာတွင် ဗုဒ္ဓဟူးနေ့က ဓာတ်ငွေ့တစ်ဂါလန်လျှင် ၃ ဒသမ ၄၅ ဒေါ်လာဖြင့် ရရှိခဲ့သည့် အရောင်းဝန်ထမ်း Kelly Ferrel ကပြောကြားခဲ့သည်။”ဖြစ်နိုင်ရင်တော့ဒီထက်ပိုပြီးဈေးတွေကျစေချင်ပါတယ်” ဟုလည်းသူမကဆိုခဲ့သည်။
သို့သော် Goldman Sachs မှလေ့လာသူတစ်ဦးကမူ ရေနံစိမ်းဈေးသည် ယခုနှစ်ကုန်ပိုင်းတွင်ပြန်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
Source – Reuters