မော်လိုက်မြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့များ ၏ ဖမ်းဆီးခြင်းခံထားရသည့် အမျိုးသမီးငယ် ၄ ဦးအား ကယ်တင်နိုင်ခဲ့
စစ်ကိုင်းတိုင်း၊မော်လိုက်မြို့နယ်အတွင်းရှိ လက် နက်ကိုင်အဖွဲ့ဝင်များ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် အမျိုးသမီးငယ် ၄ ဦးအား လုံခြုံ ရေးအဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များက စက်တင်ဘာ ၄ ရက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်စဥ် မိုင်းနွဲ့ကျေးရွာ၊အရှေ့ဘက်နှစ်မိုင်ခန့်အကွာ၌ လက်နက်ကိုင်အဖွဲ့တစ်ခု၏ စခန်းတစ်ခုအားတွေ့ရှိခဲ့သဖြင့် တိုက် ခိုက်ခဲ့ကြသည်။
ထိုသို့ တိုက်ခိုက်ရာ လက်နက်ကိုင်အဖွဲ့ဝင်များထွက်ပြေးသွားခဲ့ကြပြီး စခန်းအတွင်းမှလက်နက်၊ခဲယမ်းများ၊ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၄ ဦးအား ကယ်တင်နိုင်ခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက အမျိုးသမီးငယ် ၄ ဦးအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲ ပြောင်းအပ်နှံပေးခဲ့ကြကြောင်း သိရသည်၊
ပုံစာ-လုံခြုံရေးအဖွဲ့ဝင်များကကယ်တင်ပေးခဲ့သည့် အမျိုးသမီးငယ် ၄ ဦးအနက် အမျိုးသမီးငယ် ၂ ဦးအားတွေ့ရစဥ်-