ချစ်စရာကောင်းတဲ့ မင်းသမီးလေး ပိုင်ဖြိုးသုကတော့ လတ်တ လောမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်း ကျန်းမာရေးသံတမန်တစ်ဦးအဖြစ် ဇူလိုင်လ ၂၈ ရက်နေ့က ခန့် အပ်ခြင်းခံခဲ့ရပါတယ်။ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ပြည်သူ လူထုဆီရောက်ရှိဖို့အတွက် ကျန်းမာရေးသံတမန် တစ်ဦးအဖြစ် အကောင်းဆုံး လုပ်ဆောင်မယ်လို့လည်း ပိုင်ဖြိုးသု က ပြောပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေ အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့အပေါ် စိတ်မ ကောင်းဖြစ်ရပုံကိုလည်း ပိုင်ဖြိုးသုက “လတ်တလောဖြစ်ဖြစ်ချင်းမှာ တော့ ထုတ်လုပ်ရေးတွေ ထိခိုက်တယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ရေ ရှည်မှာတော့ အကုန်လုံးအတွက် နစ်နာပါတယ်။ ရုပ်ရှင်လောကတစ်ခု လုံးလည်း ထိခိုက်ပါတယ်။ ဒီလိုဖြစ်လာလို့ ထုတ်လုပ်ရေးပိုင်းက အရင်း အနှီးထုတ်ပြီး မရိုက်ကူးတော့ဘူး၊ သူမထုတ်တော့ဘူးဆိုရင် သုတို့ သရုပ်ဆောင်တွေ၊ အဓိကသရုပ် ဆောင်ရော၊ ဇာတ်ပို့၊ ဇာတ်ရံသရုပ်ဆောင်တွေရော စက်မှုအလွှာတွေရော အကုန်လုံး ထိခိုက်ရတယ်။ အမြန်ဆုံး တရားဥပဒေစိုးမိုးပြီးတော့ သုတို့ အတွက် အဆင်ပြေဖို့ပဲ ဆုတောင်းပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီပုံစံအတိုင်း တခြား ဇာတ် ကားတွေ ထပ်ပြီး အဲဒီလိုမျိုးတွေဖြစ်နေဦးမယ်ဆိုရင် ရုပ်ရှင်လောကအတွက် ကြောက် စရာတအားကောင်းတယ်။ ရုပ်ရှင်လောကဆိုတာက လူတွေအများကြီး၊ မိသားစုပေါင်း များစွာ မှီခိုနေတဲ့အရာ တစ်ခုပါ။ အဲဒီအတွက် အကုန်လုံးအတွက် ထိခိုက်နစ်နာနေရတဲ့အရာတစ်ခုဖြစ်တဲ့ အတွက် အမြန်ဆုံးအဆင်ပြေချင်ပါတယ်”လို့ ပြောပါတယ်။
လတ်တလောမှာတော့ ပိုင်ဖြိုးသုက ဗီဒီယိုဇာတ်ကားတွေ ပါဝင်ရိုက်ကူးဖြစ်နေပြီး ဩဂုတ်လအတွင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးဖို့ ရှိတယ်လို့ ပြော ပါတယ်။
သဲစုလှိုင်