လာမည့် နိုဝင်ဘာလတွင် ရန်ကုန်မြို့ပတ်ရထားခရီးစဉ်၌ DEMU တွဲဆိုင်းသစ်များဖြင့် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ DEMU တွဲဆိုင်းအသစ်များပြေးဆွဲရန် လမ်းပိုင်းများအဆင့်မြှင့်တင်ခြင်း ၊ ရထားနှင့်ကားလမ်းကူးဂိတ်များတွင် အချက်ပြစနစ်များတပ်ဆင်ခြင်း၊ ဘူတာများ အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ခရီးသည်များ အတတ်အဆင်း အဆင်ပြေစေရန် ဘူတာပလက်ဖောင်းမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DEMU တွဲ (၆) တွဲပါ တွဲဆိုင်း (၁၁) ဆိုင်းကို ဝယ်ယူထားပြီး (၉) ဆိုင်းရောက်ရှိနေပြီဖြစ်သည့်အတွက် လာမည့်နိုဝင်ဘာလတွင် ပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်သည်။
ထို့ပြင် ဒီဇယ်ဈေးမြင့်တက်လာမှုကြောင့် အောက်တိုဘာလ (၂၀) ရက်မှ စတင်ကာ လက်မှတ်ခနှုန်းထားများကို သုညမိုင်မှ မိုင် (၂ဝ) ခရီးအတွက် ယခင် (၂ဝဝ) ကျပ်အစား (၄ဝ ဝ) ကျပ်၊ မိုင် (၂ဝ) နှင့်အထက် မြို့တစ်ပတ်ခရီးအတွက် ယ ခင် (၃ဝဝ) ကျပ်အစား (၈ဝဝ) ကျပ်အဖြစ် ပြောင်းလဲသတ် မှတ်ထားကြောင်း သိရသည်။

