Looking for something?

Explore the website

Looking for something?

Friday, March 14, 2025

MNL-2 တန်းတက်ရေး ဟက်ထရစ်ဂိုးများဖြင့် တာထွက်လှခဲ့သည့်...

MNL-2 သို့ တန်းတက်ရေးအတွက် MNL II Promotion Amateur Club Tournament 2025 အုပ်စု(က)ပွဲဦးထွက် ပွဲစဥ်များကို ယနေ့...

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန်...

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၄ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်ရှိ...

တာချီလိတ်မြို့တွင် သင်္ကြန်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး...

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်မောင်းနှင်သူများအား ကြိုတင်အသိပညာပေးခြင်းကို ယနေ့မတ်လ (၁၄)ရက်မှစတင်၍ (၃) ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး၊ ပညာပေးကာလကျော်လွန်ပါက မော် တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေး...

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ...

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့အား အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကသီးခြား စီ အသီးသီး သွားရောက် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန၏...
HomeNewsLocal Newsရွေးကောက်ပွဲ မကျင်းပမီ အားလုံးပါဝင်သည့်...

ရွေးကောက်ပွဲ မကျင်းပမီ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုလုပ်ရန် တင်ပြခဲ့ကြောင်း ဒေါက်တာအေးမောင်ပြော

၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပြီး အဆိုပါ ရွေးကောက်ပွဲမကျင်းပမီအချိန်အတွင်း အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပသင့်သည်ဟု တင်ပြဆွေးနွေးခဲ့ကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

အဆိုပါ တင်ပြမှုကို ယခင်ကလည်း လုပ်ဆောင်ခဲ့ဖူးသလို ပြီးခဲ့သည့် ဇန်နဝါရီ (၂၄) ရက်က နေပြည်တော်တွင် NSPNC နှင့် တွေ့ဆုံစဉ် အထွေထွေကဏ္ဍ၌လည်း ထပ်မံတင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

” ရွေးကောက်ပွဲ မတိုင်ခင်မှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုနဲ့ ဒီရွေးကောက်ပွဲကြီး တည်ငြိမ်အေးချမ်းစွာ ပြီးပြီးမှ အားလုံးလက်ခံတဲ့ ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွက်လာအောင် လမ်းဖွင့်ပေးရင် မကောင်းဘူးလား ဆိုတဲ့ ဘက်နဲ့တော့ ကျွန်တာ်တို့ တင်ပြတာ ရှိပါတယ်။ တနည်းအားဖြင့် တွေ့ဆုံဆွေးနွေးပြီးမှ အားလုံးပါဝင်တဲ့ အားလုံးလက်ခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တည်ငြိမ်အေးချမ်းစွာဖြင့် အစိုးရတစ်ရပ်ကိုအပြောင်းအလဲလုပ်နိုင်တဲ့ အနေအထားဖြစ်အာင် လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ သဘောတူညီမှု ကြိုတင်ရနိုင်ခဲ့ရင်မကောင်းဘူးလား ဆိုတဲ့ဘက်နဲ့တော့ တင်ပြဖူးပါတယ်။ ဒါလည်းပဲ ဆက်ပြီးတော့ ကြည့်ရမယ့်အနေအထားပါ” ဟု ဒေါက်တာအေးမောင်က ပြောသည်။

လက်ရှိအခြေအနေများကို ကျော်လွှားနိုင်ရန် လတ်တလောကြုံတွေ့နေရသည့် ပဋိပက္ခများကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် ပြည်တွင်းနိုင်ငံရေး အင်အားစုများကလည်း အကြံပြုမှုများရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက ငွေဆောင်တွင် ပြုလုပ်ခဲ့သည့် ပြည်တွင်းနိုင်ငံရေး အင်အားစုများ၏ တွေ့ဆုံမှု၌လည်း အဆိုပါ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရန်ဆိုသည့် အကြံပြုချက်ပါဝင်သည့် သဘောတူညီမှုတစ်ရပ် ထွက်ပေါ်ခဲ့ပြီး ယင်းသဘောတူညီချက်များကို သက်ဆိုင်ရာ ဘက်အသီးသီးသို့ တင်ပြသွားမည်ဆိုသည့်သဘောမျိုး ငွေဆောင်ဆွေးနွေးပွဲ၌ ပါဝင်ခဲ့သူများဘက်က ထုတ်ဖော်ပြောဆိုထားသည်ကို တွေ့ရသည်။

အလားတူ အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ အမြန်ဆုံးပြေလည်နိုင်စေရန် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် တိုက်တွန်းမှုများ ရှိနေသည့် အခြေအနေဖြစ်သည်။

အမေရိကန် ၊ ဥရောပသဂ္ဂ အပါအဝင် အနောက်နိုင်ငံ အချို့ကလည်း နိုင်ငံရေးအကျဥ◌်းသားများကိုလွှတ်ပေးကာ ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲများကျင်းပကာ လက်ရှိကြုံတွေ့နေရသည့် ပဋိပက္ခများကို အဖြေရှာရန် တိုက်တွန်းမှုများ ရှိနေသည်။

” အမှန်ကတော့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတစ်ခုကတော့ လိုအပ်ချက်ပါ။ အားလုံးပါဝင်နိုင်ခြေရှိမရှိကတော့ သူ့ရဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်တွေနဲ့လည်း ဆိုင်ကြမယ် ထင်ပါတယ်။ ကျွန်တော်တို့ရည်မှန်းချက်ကတော့ အားလုံပါဝင်ပြီးတော့မှ မြန်မာ့နိုင်ငံရေးပြဿနာကို အတူတူရင်ဆိုင်ဖြေရှင်းကြမယ်။ ဒါကတော့ လက်ရှိ မြန်မာနိုင်ငံရေး ရေချိန်ကိုကြည့်ကြည့် သမိုင်းသင်ခန်းစာကိုကြည့်ကြည့် လိုအပ်ချက်ပါ” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

၎င်း၏ ဆွေးနွေးတင်ပြချက်များအပေါ် NSPNC တာဝန်ရှိသူများက မှတ်သားသွားပြီး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကို ပြန်လည်တင်ပြသွားမည့်အခြေအနေဖြစ်ကြောင်းလည်း သိရသည်။

နစက အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ပါတီစုံအထွေထွေရွေးကောက်ကျင်းပကာ အဆိုပါ ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် အစိုးရသစ်အား အာဏာလွဲပေးသွားမည်ဟု ပြောဆိုထားပြီး တိုင်းပြည်၏ ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆွေးနွေးအ‌ဖြေရှာကြရန်နှင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြရန် ပြောကြားထားမှုများလည်း ရှိနေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MNL-2 တန်းတက်ရေး ဟက်ထရစ်ဂိုးများဖြင့် တာထွက်လှခဲ့သည့် Enjoy Brother အသင်း

MNL-2 သို့ တန်းတက်ရေးအတွက် MNL II Promotion Amateur Club Tournament 2025 အုပ်စု(က)ပွဲဦးထွက် ပွဲစဥ်များကို ယနေ့ မတ်လ (၁၄)ရက်၌ ယှဉ်ပြိုင်ကစားကြရာ W United အသင်းနှင့် Enjoy Brother အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲစဥ်၌ Enjoy Brother အသင်းက သွင်းဂိုး (၄)ဂိုးပြတ်သွင်းယူ၍ အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။ ပွဲစဉ်အတွင်း Enjoy Brother အသင်း၏ လက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဖြင့်သည့် ကျောနံပါတ်(၈၈) ဝတ်ဆင်ကစားသည့် နေလင်းထွန်းက ဟက်ထရစ်ဂိုးနှင့် ကျောနံပါတ်(၁၉)ဝတ်ဆင်ကစားသည့် ချစ်လှအောင်၏...

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၄ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်ရှိ လှိုင်သာယာဘုရင့်နောင်ပြည်သူ့ပန်းခြံအားကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ လျှပ်စစ်မီးတိုင်များစနစ်တကျရှိစေရေး ဆောင်ရွက်ရာ၌ လုပ်ငန်းဆောင်ရွက်မှုများမှာ လိုအပ်ချက်များရှိနေ၍ ရေထွက်စနစ်များ စနစ်တကျကောင်းမွန်စေရန် ရေနုတ်မြောင်းများ၊ တံတားများကို သတ်မှတ်ချက်များနှင့်အညီ ရေစီးရေလာကောင်းမွန်အောင် ပြန်လည်ပြုပြင်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ " လှိုင်သာယာမှာ ရေစီးရေလာကောင်းမွန်ရေးဟာ အဓိကဖြေရှင်းဆောင်ရွက်ပေးရမယ့်ကိစ္စတစ်ခုဖြစ်တာကြောင့် အလေးထားဆောင်ရွက်ရပါမယ်။ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရေဝင်ရေထွက်ကောင်းမွန်ရပါမယ်။ မိုးရာသီမရောက်ခင် ရေစီးရေလာကောင်းမွန်စေဖို့နဲ့ ရေထွက်ပေါက်တွေစနစ်တကျ ဖြစ်အောင်ဆောင်ရွက်ရပါမယ်"ဟု နစက...

တာချီလိတ်မြို့တွင် သင်္ကြန်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး (၃)ပြုလုပ်၊ ပညာပေးကာလကျော်လွန်ပါက အရေးယူမှုများ လုပ်ဆောင်မည်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်မောင်းနှင်သူများအား ကြိုတင်အသိပညာပေးခြင်းကို ယနေ့မတ်လ (၁၄)ရက်မှစတင်၍ (၃) ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး၊ ပညာပေးကာလကျော်လွန်ပါက မော် တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ မတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြုလုပ်သည့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဗိုလ်ချုပ်လမ်းမကြီတစ်လျှောက် ပြုလုပ်ခဲ့ကြကြောင် သိရသည်။ အသိပညာပေးရာ၌ သင်္ကြန်ကာလ မော် တော်ဆိုင်ကယ် မောင်းနှင်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများမှ ကာကွယ်ရန် ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းကြရန်နှင့် မေးသိုင်းကြိုးအား စနစ်တကျတပ်ဆင်ရန်၊ နှစ်ဦးထက်ပိုမို စီးနှင်းခြင်းမပြုရန်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071