ရွှေဘိုမြို့နယ်၊ကော့ကျေးရွာရှိ အ.လ.က ကျောင်းအား Drone ယာဉ်သုံးကာ လက်လုပ်ဗုံးဖြင့်ဖောက်ခွဲမှုဖြစ်
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ကော့ကျေးရွာရှိ အ.လ.က ကျောင်းအား ဇွန် ၂၉ ရက်ညပိုင်းက Drone ယာဉ်သုံးကာ လက်လုပ်ဗုံးဖြင့်ဖောက်ခွဲမှုဖြစ်ပွားခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။
ယင်းနေ့ည ၇ နာရီက ကော့ကျေးရွာရှိ အ.လ.ကကျောင်းဝင်းအတွင်း၌ လုံခြုံရေးတာဝန်ကျနေသည့် လုံခြုံရေးအဖွဲ့ဝင်များအား လက်နက်ကိုင်အဖွဲ့ဝင်များက ဘိုးနော်တောကျေးရွာဘက်မှနေ၍ Drone ယာဉ်သုံးကာ လက်လုပ်ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ လက်လုပ်ဗုံးသည် စာသင်ကျောင်းအမိုးပေါ်သို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် စာသင် ကျောင်းအမိုးပျက်စီးခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များတွင် ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။