မြန်မာနိုင်ငံလုံးဆိုင်ရာသဘင်သက်ကြီးပူ ဇော်ပွဲနဲ့သဘင်သီချင်း ပြိုင်ပွဲအခမ်းအနားကို ယခင်သဘင်အစည်းအရုံးဥက္ကဋ္ဌပန်တျာ ဦးမြ ကြည်လည်း တက်ရောက်ခဲ့ပါတယ်။ ပန်တျာ ဦးမြကြည်က သူ့အနေနဲ့လက်ရှိသဘင်အစည်း အရုံးရဲ့လုပ်ဆောင်ချက်တွေကို မုဒိတာပွားပြီး ဘယ်သူပဲလှုပ်ရှားကြ၊လှုပ်ရှား ကြအနုပညာသမား ဆိုတဲ့ စိတ်ဓာတ်နဲ့ အားပေးပါကြောင်း၊ အမှုဆောင် အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေက အားနည်းချက်တွေ လည်း မရှိပါဘူးလို့သူက ပြောခဲ့ပါတယ်။ သူ့ အနေနဲ့ယခင် ဥက္ကဋ္ဌသက်တမ်း အတွေ့အကြုံတွေကို ပြန်လည်မျှဝေချင်တာရှိရင်လည်း ပြောပြပေးပါလို့ မေးမြန်းတဲ့အခါမှာတော့..
” အတွေ့အကြုံဆိုရင်တော့ သဘင်ဆိုတာကအဝိုင်းအဝန်းလေးတော်တော်လေးကြီးတယ်။ ပြီးတော့ ပြည်နယ်နဲ့တိုင်းကျေးလက်ဒေသ တွေအထိ သဘင်အနုပညာရှင်တွေက ပြန့်နှံ့ နေတဲ့အတွက် အောက်ခြေ အထိသက်ရောက်ဖို့ ကတော့ တော်တော်လေးလိုပါတယ်။ ဦးတို့ လက်ထက်မှာ သဘင်ပညာရှင်ဦးရေစာရင်း ကောက်ယူ နိုင်ဖို့အတွက် စာလည်းထုတ်တယ်။အစည်း အဝေးတွေမှာ လည်း ပြောပြတယ်။ သို့ပေမယ့်လည်း မြို့နယ်တွေအနေနဲ့ တစ်ဆင့်ပြန်ပြီး စာရင်း ကောက်ဖို့ဆိုတာမှာ သူတို့အနေနဲ့လည်း အခက် အခဲရှိပုံရပါတယ်။ အဲဒီမှာလူဦးရေစာရင်းက အတိအကျကောက်လို့မရခဲ့ဘူး။ ဒါကဦးတို့ လက် ထက်က အတွေ့အကြုံပေါ်မှာပြန်ပြီး ဖြန့်ဝေပေး တာပါ။ နောက်တစ်ချက်က ဦးတို့အနေနဲ့က အသွင် ပြောင်းစနစ်နဲ့ ဝင်ခဲ့ရတာကိုး။ ဒီမိုကရေ စီအသွင် ပြောင်းကာလမှာ ဦးတို့စတင်ပြီး အကောင် အထည်ဖော်ရတဲ့အခါ ဘာတွေစပြီး အခက်အခဲ ဖြစ်ခဲ့လဲဆိုတော့ ဦးတို့လက်ထက်မှာ တိုင်းနဲ့ပြည် နယ်တွေကနေ ရွေးချယ်တင်မြောက်ပြီး မြို့နယ် ကနေတစ်ဆင့်တိုင်း၊ တိုင်းကနေတစ်ဆင့်ဗဟိုကို ရွေးတဲ့အခါမှာ သူတိုင်းသူ့မြို့နယ်က ကော်မတီတွေ ပါလာတယ်။
ကော်မတီတွေပါလာတဲ့အခါမှာ ကော်မ တီတွေရဲ့ သွားရေးလာရေး၊ စားရေးသောက် ရေးကအစ နံပါတ်၁ဝန်ထုပ်ကတက်လာပြီ။ ဒီဘက်မှာဝင်ငွေကိုပြန် ကြည့်တဲ့အခါ မမျှတော့ ဘူးပေါ့။ မမျှတဲ့အခါ ငွေရေးကြေးရေးနဲ့ပတ်သက်လို့ စတင်အခက်အခဲတွေ့လာတယ်။ ဥပမာ သူတို့ သွားစရိတ် လာစရိတ် စားစရိတ်တွေပေါ့။ ပြီး တော့ ဦးတို့လက်ထက်မှာ အစည်းအဝေးတွေ ကျတော့လည်း နေပြည်တော်ကို ပဲသွားရတယ်။ ပြီးတော့ အခမ်းအနားတွေလည်း နေပြည်တော်မှာ ပဲတက်ရောက်ရတဲ့အခါ သွား စရိတ်၊လာစရိတ်တွေ လည်း ထပ်မံပြီးပိုလာတယ်။ အဲဒီအခါမှာ အရင် ဦးစိန်အောင်မင်းတို့ ဦးစိန်မာဒင်တို့ လက်ထက် ကတည်းက တည်ထောင်ခွင့်ကတ်ကို ၁သောင်း ရောင်းခဲ့တယ်။ ဦးတို့လက်ထက်မှာလည်း ၁သောင်းပဲရောင်းခဲ့တယ်။ ဒီ့ထက်ပိုသင့် တယ်ပေါ့။ အများပြည်သူရဲ့ ဆန္ဒအရရော ဒီလိုဈေးနှုန်းမြှင့် တင်လိုက်မယ်ဆိုရင် အခက်အခဲ ဖြစ်မှာလည်းစိုးတဲ့အတွက် ဒါကိုတစ်သောင်းနဲ့ပဲ ရောင်းခဲ့တယ်။ အဲဒီ့တစ်သောင်းတောင်မှ သက်ဆိုင်ရာတိုင်းတွေက ပေးသွင်းခြင်းအားနည်း ခဲ့တယ်။ ပေးသွင်းခြင်းအားနည်းတဲ့အခါမှာ ငွေကြေးတော် တော်အခက်အခဲပြဿနာတက်ခဲ့တယ်။ ဒီဘက်က လှုပ်ရှားမှုတွေဆောင်ရွက်မှု တွေကျတော့ ပိုကျယ်ပြန့်လာတယ်။ ပိုကျယ်ပြန့် လာတဲ့အခါမှာ ဦးတို့မှာမနည်းထိန်းသိမ်းပြီး တော့ လှုပ်ရှားခဲ့ရတယ်” လို့ ပြန်လည်မျှဝေ ပြောပြပေးခဲ့ပါတယ်။ပန်တျာဦးမြကြည်အနေနဲ့ သဘင်သက်ကြီး ပူဇော်ပွဲကို တက်ရောက်ဖို့ လာရင်း သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌဦး ဖိုးချစ်နဲ့လေဆိပ်မှာတွေ့ဆုံ ဖြစ်ခဲ့ပြီး အကြံပြုစကားများ ပြောဖြစ်ခဲ့ပါသေးတယ်လို့ သိရပါတယ်။
လင်းအက္ခရာ