Monday, November 25, 2024

အာရှတွင် အကျပ်အတည်းများဖြစ်လာစေရန် အမေရိက,က ထိုင်ဝမ်ကို...

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကို အသုံးချ၍ အာရှတွင် ဆိုးဝါးသောအကျပ်အတည်း ပေါ်ပေါက်လာစေရန် လုပ်ဆောင်နေကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko က ပြောဆိုသည်ဟု...

နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရသည့် အရက်အဆိပ်သင့်မှုအတွက် တရားမျှတမှုဖော်ဆောင်မည်ဟု...

မီသနောအဆိပ်သင့် အရက်သောက်သုံးမိမှုကြောင့် နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရခြင်းအတွက် အလွန်တရာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် ယင်းကိစ္စတွင် တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဟု လာအိုအစိုးရက ကတိပြုခဲ့သည်။ နာမည်ကျော် ခရီးသွားမြို့ Vang...

ဒဂုံမြောက်ပိုင်းတွင် ဆိုင်ကယ်အသုံးပြု၍ ဖုန်းလုယက်သူအား ဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဆိုင်ကယ်အသုံးပြု၍ လမ်းသွားလမ်းလာများထံမှ ဖုန်းများကိုလုယက်ခဲ့သူအား ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ဆိုင်ကယ်အသုံးပြု၍...

မနီလာ ဆင်းရဲသားရပ်ကွက်တွင် မီးအကြီးအကျယ်လောင်

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာအနီးဝန်းကျင်တွင်ရှိသည့် ဆင်းရဲသားရပ်ကွက်တစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်က မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ခဲ့သောကြောင့် လိမ္မော်ရောင် မီးတောက်မီးလျှံများနှင့် အမည်းရောင် မီးခိုးလုံးများ ကောင်းကင်သို့ ထိုးတက်ခဲ့သည်။ နေအိမ်တစ်လုံး၏...
HomeNewsLocal Newsလုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ...

လုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်နေ

ပြည်သူလူထုအနေဖြင့် လုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်နေကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀(င)အရ ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် သန့်ရှင်းကောင်းမွန်ပြီး လုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေးကို အဓိကဦးတည်ချက်ထားလျက် မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံအတွင်း ဟောင်းနွမ်းစုတ်ပြဲနှင့် ချွတ်ယွင်းငွေစက္ကူများ လျော့နည်းပပျောက်စေရေးနှင့် ပြည်သူများအကြား ငွေစက္ကူကိုင်တွယ်အသုံးပြုမှုပုံစံ မှန်ကန်ပြီး အလွယ်တကူမပျက်စီးစေရေးအတွက် အသိပညာပေးဆောင်ရွက်ရာတွင် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသော ဘဏ်များ၏အခန်းကဏ္ဍသည် များစွာအရေးကြီးကြောင်း ၎င်းကပြောကြားခဲ့သည်။

ထို့ပြင် အများပြည်သူ ကိုင်တွယ်သုံးစွဲငွေများတွင် သစ်လွင်သန့်ရှင်းကောင်းမွန်သော ငွေစက္ကူများကို လည်ပတ်သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ချက်များ၊ ငွေစက္ကူအတုနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် သတိပြုလျက် ကာကွယ်ဆောင်ရွက်ရန် အချက်များအပါအဝင် ဘဏ်များမှ အထူးအလေးဂရုပြု ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုသည့် အချက်များ စသည်တို့ကို အစည်းအဝေးသို့တက်ရောက်လာသူများက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှတွင် အကျပ်အတည်းများဖြစ်လာစေရန် အမေရိက,က ထိုင်ဝမ်ကို အသုံးချနေ–ရုရှား

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကို အသုံးချ၍ အာရှတွင် ဆိုးဝါးသောအကျပ်အတည်း ပေါ်ပေါက်လာစေရန် လုပ်ဆောင်နေကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko က ပြောဆိုသည်ဟု တာ့စ် သတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့ပြီး ထိုင်ဝမ်နှင့် ပတ်သက်သော တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို မော်စကိုက ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဝါရှင်တန်သည် ၎င်းတို့ထောက်ခံထားသည့် တရုတ်တစ်နိုင်ငံတည်းမူကို ချိုးဖောက်၍ လက်ရှိအနေအထားကို ထိန်းသိမ်းထားသည်ဆိုသော ကြွေးကြော်မှုအောက်တွင် ထိုင်ဝမ်နှင့် စစ်ရေး၊ နိုင်ငံရေးဆက်ဆံမှု အားကောင်းလာသကဲ့သို့ လက်နက်ရောင်းချပေးမှုများလည်း တိုးမြှင့်လာသည်ကို မြင်တွေ့နေရသည်ဟု Rudenko က...

နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရသည့် အရက်အဆိပ်သင့်မှုအတွက် တရားမျှတမှုဖော်ဆောင်မည်ဟု လာအို ကတိပြု

မီသနောအဆိပ်သင့် အရက်သောက်သုံးမိမှုကြောင့် နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရခြင်းအတွက် အလွန်တရာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် ယင်းကိစ္စတွင် တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဟု လာအိုအစိုးရက ကတိပြုခဲ့သည်။ နာမည်ကျော် ခရီးသွားမြို့ Vang Vieng သို့ သွားရောက်လည်ပတ်ခဲ့ကာ အဆိပ်သင့်အရက်များ သောက်သုံးမိခဲ့သောကြောင့် ဒိန်းမတ်နှစ်ဦး၊ သြစတြေးလျနှစ်ဦး၊ ဗြိတိန်တစ်ဦးနှင့် အမေရိကန်တစ်ဦးတို့ သေဆုံးခဲ့သည်။ “ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့နဲ့ ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ တရားမျှတမှုဖော်ဆောင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု အစိုးရက ပြောဆိုခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရ၏ ပထမဆုံး လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှုအဖြစ် နိုဝင်ဘာ ၂၄...

ဒဂုံမြောက်ပိုင်းတွင် ဆိုင်ကယ်အသုံးပြု၍ ဖုန်းလုယက်သူအား ဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဆိုင်ကယ်အသုံးပြု၍ လမ်းသွားလမ်းလာများထံမှ ဖုန်းများကိုလုယက်ခဲ့သူအား ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ဆိုင်ကယ်အသုံးပြု၍ လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သ တင်းအရ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ နိုဝင် ဘာ ၆ ရက်ည ၆ နာရီခွဲကျော်ခန့်တွင် ရွှေပေါက္ကံမြို့သစ်နေ ဆန်းထက်ဝေ(၂၃)နှစ်အား မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြသည်။ စစ်ဆေးချက်အရ ဖုန်းလုယက်မှုဖြစ်စဥ်များနှင့် လုယက်မှုများကျူးလွန်စဉ် စီးနင်းအသုံးပြုခဲ့သည့် Bashan (ဖြူ/ပြာရောင်)ဆိုင်ကယ်နှင့်အ တူ လမ်းသွားလမ်းလာများထံမှ လုယက်ယူ ဆောင်ကာ မြောက်ဥက္ကလာပမြို့နယ်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071