လျှပ်စစ်နှင့် စက်မှုကဏ္ဍအတွက် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကို နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေတူးဖော်မည်ဟု စွမ်းအင် ဝန်ကြီးပြော
လျှပ်စစ်နှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် နေနံနှင့် သဘာဓာတ်ငွေ့ပြည့်မီအောင် နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေထုတ်လုပ်သွားရမည်ဖြစ်ကြောင်း စွမ်းအင်ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက ပြောသ ည်။
ဩဂုတ်လ (၂၇) ရက် က ထောက်ရှာပင် – ကမ်းနီရေနံမြေကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
” ရေနံနှင့်ရေနံထွက် ပစ္စည်းများ ပြည်ပမှ တင်သွင်းမှု လျှော့ချနိုင်ရေးနှင့် ပြည်တွင်းထုတ်လုပ်မှုတိုးတက်ရေး စီမံချက်နှင့်အညီ ရေနံမြေများမှ ရေနံတိုးတက်ထုတ်လုပ်နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန် ဖြစ်ပါတယ်။ ရေနံမြေများအနေဖြင့် နိုင်ငံတော်ရဲ့ လျှပ်စ စ်နှင့်စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးတို့အတွက် လိုအပ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေတူးဖော်ထုတ်လုပ်သွားရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက ပြောသည်။
ထို့အပြင် ရေနံမြေများသည် ရေနံစိမ်းနှင့် သဘာဝဓာတ် ငွေ့များကို ကိုင်တွယ်လုပ်ကိုင်နေရခြင်းကြောင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေး အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်သည့်အတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ပြီး ဝန် ထမ်းများနှင့်ရေနံမြေလုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်သွားရန်လည်း မှာကြားခဲ့သည်။
ထောက်ရှာပင်-ကန်းနီရေနံမြေရှိ တွင်းအမှတ် ၃၁၃ မှ သဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ၁ ဒသမ ၅ သန်းခန့် ထွက်ရှိနိုင်မည် ဖြစ်သည့်အတွက် ဓာတ်ငွေ့ကို အသုံး ပြု၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စက်မှုလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်းလုပ်ငန်းများကို အကျိုးရှိထိရောက်စွာ အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။