လျှပ်စစ်သုံးယာဥ်များထုတ်လုပ်ရန် စက်ရုံများအတွက် စည်ပင်ဆိုင်ရာ ဖြေလျှော့မူများပေးသွားမည်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် လျှပ်စစ်သုံးယာဉ်များထုတ်လုပ်တပ်ဆင်သည့် စက်ရုံ၊အလုပ်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံပါက စက်မှုဇုန်နှင့်ပတ်သက်သည့် ကိစ္စများအား အဆင်ပြေချောမွေ့စေရန် ဇုန်ကော်မတီများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟုပြောသည်။
ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဆိုင်ရာအထူးသက် သာခွင့်များညှိနှိုင်းကြီးကြပ်ရေးလုပ်ငန်းကော်မ တီဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား သြဂုတ် ၂၄ ရက် နေ့လည် ၁ နာရီခွဲက နေပြည်တော်၌ ပြုလုပ်ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယင်း စက်ရုံ၊အလုပ်ရုံများအတွက် စည်ပင်သာယာဆိုင်ရာလိုင်စင်များအား လျင်မြန်လွယ်ကူစွာရရှိနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေလျှော့ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ရန်ကုန်တိုင်းအခွန်အခပြဌာန်းချက်၊နှစ်စဉ်ပြဌာန်းသည့်ရန် ကုန်တိုင်းအခွန်အခဥပဒေတို့အရ လက်ရှိကောက်ခံနေသည့်အခြေအနေတို့အား ရန်ကုန်မြို့တော်ဝန်က ဆွေးနွေးတင်ပြခဲ့သည်။
လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများအတွက်သက်သာခွင့်၊လျှော့ပေါ့ခွင့်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့တင်ပြထားသည်ဟုဆိုသည်။
လောင်စာဆီသုံးယာဉ်များပေါ်တွင်ကာလအပိုင်းအခြားအလိုက်အခွန်အခကောက်ခံမည့်လျာထားချက်များကိုလည်း ဆွေးနွေးခဲ့သည်။
လျှပ်စစ်သုံးယာဉ်အသုံးပြုမှုစီးရေအား ကာလအပိုင်းအခြားအလိုက်အခွန်အခကောက်ခံမည့်အခြေအနေများ၊ အားသွင်းနေရာများအား ကားပါကင် ၃၆ နေရာခန့်တွင် တည်ဆောက်ပေးသွားမည့်အစီမံများအား ပြောကြားခဲ့သည်။