ကမ္ဘာ့နိုင်ငံ ဆုပေးပွဲတွေ ကတော့ အဆန်းဆန်းပဲ။ ဂရမ်မီဆု ပေးပွဲမှာ Album of the year ဆု ရရှိသွားတဲ့ Adele က စိတ် မကောင်းဖြစ်ပြီး ကျွန်မနဲ့ ဒီဆု မထိုက်တန်ကြောင်း ပြောခဲ့ကာ ဆုကိုရိုက်ချိုးသလို beyonce ရဲ့Album ကို မမီဘူးလို့ ဝန်ခံ ပြော ဆိုသွားတယ်။
ခုလည်းကြည့်ဦး။ Holly wood ရုပ်ရှင်က ၈၉ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ အခမ်းအနားကြီး မှာ အမှတ်မထင် အမှား တစ်ခု ဖြစ် ခဲ့ပြန်တယ်။ ဘာလဲ ဆိုတော့ အကောင်းဆုံး ဇာတ်ကားဆုကို အရင်ဆုံး ဖွင့်ဖောက် ကြေညာဖို့ အသက် ၇၉နှစ် ရှိပြီဖြစ်တဲ့ မင်းသား ကြီး ဝါရီဘီတီဆီ ကို ဖိတ်ကြား လိုက်ပါတယ်။ မင်းသားကြီး စင်ပေါ် ရောက်လာပါတယ်။ သူ့ကိုပေးတဲ့ စာအိတ်ကို ဖွင့်ဖောက် ကြေညာလိုက် ပါတယ်။ မင်းသမီး Emma Stone (La La Land) ဇာတ်ကားဆိုတော့ မင်းသမီး နဲ့အဖွဲ့က ပျော်ရွှင်နေကြပါတယ်။ ထိုအချိန်မှာ ဇာတ် ကား ဆုစာအိတ်နဲ့ မင်းသမီးဆု စာအိတ် လွှဲမှားပေးမိကြောင်း အမှားပြင်ဆင် ချက်ကို ကြေညာလိုက်တဲ့ အခါ မင်းသမီး အပျော် ရပ်သွားတယ်။ ဒါပေမဲ့ သူမ ကျေနပ်ပါတယ်။ မင်းသမီးဆု သူရပြီဆိုတာပဲ။ အမှား ကောင်းပေါ့။
ဇာတ်ကားဆု ကြေညာရာမှာ တော့ အကောင်းဆုံး ဇာတ်ကားဆုကို Moonlight ဇာတ်ကားက ရရှိ သွားပါတယ်။ ဒါရိုက်တာဆု ရရှိသွားသူ Damien Chazellz က အသက်အငယ်ဆုံး မှတ်တမ်း ဝင်ခဲ့ပါတယ်။
ံHollywood မှာ ဂရမ်မီဂီတဆု၊ Oscar ရုပ်ရှင်ထူးချွန်ဆု တွေဟာ လွဲလွဲလေးပဲ ကောင်းပါတယ်ဆိုတဲ့ သီချင်းလို၊ ထူးဆန်း မှားယွင်းမှုတွေ ရှိလာပါ တယ်။ ဒါဆို ကျွန်တော်တို့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုမှာရော အဆန်းအပြားသော အမှားအယွင်း လေးများ မရှိဘူးလား။ မထင်ပါနဲ့ ရှိပါ တယ်။ ရှိတာချင်းတူရင် ကျွန်တော်တို့ အကယ်ဒမီက စတာလို့ ပဲပြောချင် တယ်။
ကျွန်တော် ပြောပါ့မယ်။ ၂ဝဝ၅ ခုနှစ်၊ နေပြည်တော်မှာ ကျင်းပချိန်ပေါ့။ အခမ်းအနား ကျင်းပရာကို ၄နာရီခွဲကတည်းက ဖိတ်ကြား ခံရသူတွေ ရောက်ရှိ နေပါပြီ။ ကျွန်တော် တို့ ပိုပြီး ရင်ခုန်ပါတယ်။ ကျွန်တော် ရိုက်ကူးတဲ့ “ဧဒင်ရဲ့ အိပ်မက်” ဇာတ်ကား က နောက်ဆုံးအဆင့် ရွေးချယ်တဲ့ အထိ ပါဝင်လာပါ တယ်။ အဲဒီမှာ ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနဲ့ အမျိုးသား ဇာတ်ပို့ဆု ၃ဆု အတော် နီးစပ်နေတာပါ။ ဇာတ်ကားဆုက ပိုသေချာနေတဲ့ သတင်း ဝင်လာ ပါတယ်။
ကျွန်တော်တို့အဖွဲ့လိုက် တစ်နေရာတည်းမှာ တည်းပြီး၊ တစ်ချိန်တည်းမှာ ရောက်လာ ကြပါတယ်။ နေရာယူပြီး မကြာခင် မှောင်စပျိုးချိန် (ပြန်ကြားရေး ဝန်ကြီး ရောက်ရှိနေ ရာယူပြီးချိန်) ပရိသတ်များရဲ့ အာမေဋိတ်သံ အကျယ်ကြီး ထွက်လာပါ တယ်။ အဲဒါက LED ပေါ်မှာ ဆုရစာရင်းတွေ တက်လာတာပါ။ ဇာတ်ကားဆု၊ ဇာတ် ညွှန်းဆု၊ အမျိုးသား ဇာတ်ပို့ဆု ရရှိသူ အမည်တွေရဲ့အရောက်မှာ စက်ခန်းက အမှားကို သိလို့ ရပ်လိုက်ပါတယ်။
ဘယ်လိုပဲပြောပြော ကျွန်တော်တို့ သေချာမှုတွေက တက်တက်စင် လွဲသွားပါပြီ။ အဲဒီလို အမှားမျိုး၊ အလွဲမျိုးတွေရှိခဲ့တာပါ။
နောက်တစ်မျိုး မရိုးတာက ၂ဝဝ၈ခုနှစ် အကယ်ဒမီ ချီးမြှင့်ပွဲပါ။ အားလုံးနေရာ ယူပြီးချိန် (ပြန်ကြား ရေးဝန်ကြီး)ရောက်ပြီး သကာလ မှာပေါ့။ ကလေးသရုပ်ဆောင် နှစ်ဦး ဟိုလျှောက်သွား၊ ဒီလျှောက်သွားနဲ့ ကလေးဆိုပြီး ဘယ်သူမှမတားပါဘူး။ သူတို့ ကျွန်တော် ထိုင်နေရာ ကို ရောက်လာတယ်။ နံဘေးက မင်းသားကို သေချာပြီလို့ ပြော တယ်။ ပြီးတော့ သုံးခုံကျော်က ဒါရိုက်တာကိုလည်း ဖက်နမ်းကြ နဲ့ ဆုအားလုံး ရွတ်ပြတယ်။ မင်းတို့ဘယ်လို သိတာလဲမေးတော့ လျှောက်သွားရင်း စက်ခန်းထဲ ရောက်သွားတယ်။ ဦးလေး တစ် ယောက်က စာအိတ်ထဲက စာအိတ်ကို ကြည့်ပြီး ကွန်ပျူတာပေါ် ရိုက်တင်တာကို မြင်ခဲ့တာတဲ့ဗျ။ တကယ် ကြေညာတော့ သူ တို့လေး တွေ ပြောတဲ့အတိုင်းပါပဲ။ အားလုံး ကွက်တိပဲ။ အဲဒီလို အဆန်းအပြား တွေနော်။ ပြောမယ်ဆို Hollywood ထက် ကျွန်တော်တို့က ဦးပါတယ်။
၂ဝ၁၆ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီကြိုတင်ခန့်မှန်း ပါ့မယ်။ ကျွန်တော့်ရဲ့အထင် အမြင်ပါ။ Heart of Soul ထုတ် လုပ်ရေးအတွက် ဒါရိုက်တာမီးပွား ရိုက် ကူးတဲ့ “အေဒင်ရဲ့ နတ်သမီး” ဇာတ်ကားကို မိုးနီလွင်က ဇာတ်လမ်း၊ ဇာတ်ညွှန်း ရေးပါတယ်။ ဇာတ်ကားပေ အရှည်မှာ ၁၁၈၃၅ပေ ရှိပါတယ်။
သရုပ်ဆောင်များက စိုင်းစိုင်းခမ်းလှိုင်၊ မေဂရေ့စ်၊ ပိုင်ဖြိုးသု၊ ဝင့်ယမုံလှိုင်၊ မြနှင်းရည်လွင်၊ မာရီကိုးလ်၊ သားညီ၊ ဆန်းထွဋ်၊ ဦးဇော်ဦး၊ ဦးဝင်းမြိုင် တို့ပါဝင်ကြပြီး ဓာတ်ပုံပညာရှင်များ၊ သား ကျော်၊ တိုးဝင်း၊ အသံလင်းကျော်ကျော်၊ နောက်ခံတေးဂီတ Myanmar Music Scores၊ တည်းဖြတ် ဥာဏ်ဝင့်တို့ ဖြစ်ကြတယ်။
ဇာတ်လမ်း ဖော်ကျူးရာမှာတော့ အချစ်ကြီးပြီး အမျက်ကြီး သော၊ ဂီတနောက်ခံ တေးဂီတ ဇာတ်လမ်းကျောရိုးပါ။ လူငယ်များ သင်ခန်းစာရ ဖွယ်ရာနှင့် ဖျော်ဖြေရေးအသွင် ရိုက်ကူးတင်ပြထားတာ ပါ။ ဇာတ်လမ်းအမျိုးအစားမှာ ခေတ်ပေါ်တေးဂီတ နဲ့လျှို့ဝှက် သည်း ဖို အချစ် ဇာတ်လမ်းဖြစ်ပါတယ်။
“အေဒင်ရဲ့နတ်သမီး” ရုပ်ရှင်ဇာတ်ကားအတွက် အကယ်ဒမီ ကြိုတင်ခန့်မှန်းရပါမူ
၁။ ဇာတ်ညွှန်းဆု – မိုးနီလွင်
၂။ အဓိက အမျိုးသား ဇာတ်ဆောင်ဆု – စိုင်းစိုင်းခမ်းလှိုင်
၃။ အဓိက အမျိုးသမီး ဇာတ်ပို့ဆု – ပိုင်ဖြိုးသု
ကျွန်တော် ဖော်ပြပါ ဆု၃ဆု ကိုသာ ကြိုတင်ခန့်မှန်းပါတယ်။ ဟုတ်လားမဟုတ်လား မတ်လ ၁၈ ရက်နေ့မှာ ရင်ခုန်ရမှာပါ။ ကျွန်တော့်ရဲ့ အတွေးအထင် ဟာ ပရိသတ်နဲ့ ထပ်တူကျပါစေ။
ဒီတစ်ပတ် မှာတော့ ဇာတ်ကားတစ်ကားသာ ကြိုတင် ခန့်မှန်းနိုင် ပါတယ်။ နောက်တစ်ပတ် ဆန်ကာတင် ၁ဝကားထဲက ဘယ်ဇာတ်ကား ဘယ် အနုပညာရှင်တွေလဲ ဆိုတာ ပရိသတ်နဲ့အတူ ရင်ခုန်ကြမယ်။
ဒါရိုက်တာ မောင်ဗေဒါ