ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာပရိသတ်များအတွက် အနုပညာပန်းခင်းကြီးမှာ ဖူးပွင့်လာဖို့အားယူကြိုးစားနေကြပြီးမကြာခင်ပြုလုပ် တော့မယ့် Mister & Miss International Island 2018 Myanmar Grand Final ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် လူငယ်ဝါသနာရှင်တွေရဲ့ ပြိုင်ပွဲတွေအပေါ် ခံစားချက်၊သူတို့ရဲ့ဝါသနာနဲ့သူတို့အကြိုက်ဆုံး စီနီယာအနုပညာရှင် Idol က ဘယ်သူတွေလဲဆိုတာ စုစည်းမေးမြန်းဖော်ပြလိုက်ပါတယ်။
ဝေဝေထွန်း
ဒီပြိုင်ပွဲကညီမအတွက် ပထမဆုံးပြိုင်ပွဲဖြစ်တဲ့အတွက် အတွေ့အကြုံ ကောင်းတွေ အများကြီးရမယ်လို့မျှော်လင့်ထားပါတယ်။ အဲဒါကြောင့်မို့ ညီမ ဒီပွဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာဖြစ်သလို ပညာတွေကိုလည်း သေချာလေ့လာထားပါတယ်။ ငယ်ငယ်လေးကတည်းက ဒီအနုပညာကို ဝါသနာပါခဲ့တာပါ။ဘားအံမှာကျောင်းတက်နေရင်းနဲ့ဒီပွဲလေးကိုOnline ပေါ်မှာမြင်ပြီး ဝါသနာပါလို့ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ငယ်ငယ်က အမှတ် တရကတော့ ကျောင်းစုံညီပွဲတော်တွေမှာဆိုရင် Show လျှောက်တာတို့၊ က တာတို့တော့ရှိပါတယ်။ ဝါသနာပါတာကတော့ သရုပ်ဆောင်တာ ဝါသနာပါပါ တယ်။ အနုပညာပေါ် လျှောက်လှမ်းဖို့ကတော့ အခက်အခဲတွေတော့ရှိမယ် လို့ထင်ပါတယ်။ ဘယ်လိုအခက်အခဲပဲရှိရှိ အဓိကပန်းတိုင်ကိုရောက်ဖို့အရေးကြီးပါတယ်။ ဒါကြောင့်ကြိုးစားသွားမှာပါ ညီမရဲ့ Idolက ရွှေမှုံရတီပါ။
သင်းရနံ့လင်း
ပြိုင်ပွဲကနေညီမ မျှော်လင့်ထားတာကတော့ မိန်းကလေးတိုင်းရဲ့စံပြတစ်ယောက်အနေနဲ့ရော၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မယ့် Missတစ်ယောက်အနေနဲ့ရော အောင်မြင်မှုသရဖူကို ဆောင်းနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ ညီမငယ်ငယ်က အကကို အရမ်းဝါသနာကြီးခဲ့တာပါ။ အမှတ်တရဖြစ်ရတဲ့ငယ်ငယ်က အနုပညာအကြောင်းဆိုရင်တော့ ကျောင်းကပွဲမှာ စင်ပေါ်တက်ဖျော်ဖြေနေ ရင်း ညီမဝတ်တဲ့ဝတ်စုံက နောက်ကျော ဇစ်ပွင့်နေတာကို အောက်ကပရိသတ် က ဝိုင်းဟားကြတဲ့အမှတ်တရလေးပါ။ ရှက်လွန်းလို့ ကျောင်းတောင်နှစ်ရက်ဆက်တိုက်မသွားဖြစ်ခဲ့ဘူးရှင့်။ အနုပညာအလုပ်တွေထဲမှာဆိုရင် Dancing ပေါ့နော်။ ဒါပေမဲ့ အနုပညာဘယ်အလုပ်မဆို ညီမဆက်လျှောက်လှမ်းသွားဖို့ အစီအစဉ်ရှိပါတယ်ရှင့်။ အခက်အခဲအနေနဲ့ကတော့ ထွေထွေထူးထူးမရှိပါဘူး။ ကြိုးစားမှုတိုင်းအတွက် ရလဒ်တခုက အမြဲရှိနေစမြဲမို့လို့ အခက်အခဲကတော့ မရှိပါဘူး။ အနုပညာလမ်းကြောင်းပေါ်ကိုတော့ အနေအထားတစ်ခုဆိုတာထက် အနေအထားတိုင်းမှာ အောင်မြင်မှု တွေရနေဖို့ ကြိုးစားသွားမှာပါ။ ညီမရဲ့ အားကျရတဲ့ Idolကတော့ မရွှေမှုံရတီပါရှင့်။ သူကငယ်ရွယ်တယ်။ ထက်မြက်တယ်။ အနုပညာကို နေရာပေါင်းစုံကနေ အကောင်းဆုံး သရုပ်ဆောင်နိုင်တယ် အခက်အခဲတိုင်းကိုကျော်လွှားနိုင်တဲ့ ခွန်အားတွေ အချိန်တိုင်းရှိတယ်။ အဲဒါကြောင့်သူက ညီမရဲ့ စံပြ Idolပါ။
နန်းမြင့်သဇင်
ညီမကပြိုင်ပွဲကနေအတွေ့အကြုံကောင်းများရအောင်နဲ့ နိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးဖြစ်ဖို့ မျှော်လင့်ထားပါတယ်ရှင့်။ ငယ်ငယ်ကအနုပညာ ဝါသနာက အကနဲ့တေးသရုပ်ဖော်ဘက်မှာ ပါဝင်ခဲ့ပါတယ်။ အမှတ်တရအ နေနဲ့ ငယ်ငယ်က ၉ တန်းမော်ဒယ်လ်ပြိုင်ပွဲမှာ Best Catwalk ဆုရခဲ့ပါတယ်။ အနုပညာနေနဲ့ သရုပ်ဆောင်နဲ့ အကကို စိတ်ဝင်စားပါတယ်။အနုပညာလမ်းကြောင်းရဲ့ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ အဲဒီအထဲက အောင်မြင်မှုဒဏ်လည်း ခံနိုင်ရပါမယ်။ ကျရှုံးတဲ့ဒဏ်လည်း ခံနိုင်ရပါမယ်။ ယုံကြည်ရာ အနုပညာကို အောင်မြင်မှုရရှိတဲ့အထိ ဆက်လျှောက်သွားပါမယ်။ ညီမရဲ့ အနုပညာရှင် Idolက ဝတ်မှုံရွှေရည်ပါရှင့်။
ဟန်ကျော်ဇော
ကျွန်တော်က နိုင်ငံကိုယ်စားပြု Misterတစ်ယောက်ဖြစ်ဖို့ မျှော်မှန်းထား ပါတယ်။ မရခဲ့ရင်တောင် အတွေ့အကြုံအများကြီးလိုချင်ပါတယ်။ ငယ်ငယ်ကတည်းက အနုပညာနဲ့ ပတ်သက်သမျှ ပွဲတွေပါဝင်ခဲ့ပါတယ်။ အမှတ်တရအနေနဲ့ကတော့ မော်ဒယ်လ်ရှိုးမှာ ဆုရရှိခဲ့ဖူးပါတယ်ခင်ဗျ။ အနုပညာမှာတော့ သရုပ်ဆောင်ကို ဝါသနာပါပါတယ်။ အနုပညာလမ်းကြောင်း အခက်အခဲတွေ ကတော့ အများကြီးရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဓိကက ဇွဲမလျှော့ဘဲကိုယ်ဖြစ်တာကို ဖြစ်မြောက်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။ အောင်မြင်မှုရှိသလို၊ ကျရှုံးမှုလည်းရှိမှာပါ။ ယုံကြည်မှုနဲ့ရည်မှန်းချက်အထိ ရောက်အောင် လျှောက်လှမ်းသွားမှာပါ။ ကျွန်တော့် Idolကတော့ အောင်ရဲလင်းပါ။
YoYo
ကျွန်တော် ပြိုင်ပွဲကနေ မျှော်လင့်ထားတာတွေကတော့ အတွေ့အကြုံက တော့ ပထမဦးစားပေးပါဗျ။ အတွေ့အကြုံတွေကနေတစ်ဆင့် အောင်မြင်မှုဆိုတဲ့ အရာကို အရည်အချင်းနဲ့အတူ ရယူချင်မိတာပါဗျ။ ငယ်ငယ်ကတော့ ပြည်သူ ချစ် အဆိုရှင်တစ်ယောက်ဖြစ်ချင်မိတာပေါ့။ အနုပညာအမှတ်တရတွေထဲက ပြောပြ ပါဆိုရင်တော့ ကျွန်တော်နေတဲ့ စစ်တပ်လေးက သီချင်းဆိုပြိုင်ပွဲတွေ၊ ကျောင်းကကျင်းပပေးတဲ့ အဆိုပြိုင်ပွဲတွေမှာ အောင်မြင်မှုလေးတွေ ရရှိခဲ့တာ ကိုပါ။ အနုပညာဆိုတာကတော့ ဘယ်အရာကို ဆိုတာထက် အနုပညာတိုင်းကို စိတ်ဝင်စားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က အနုပညာကို ချစ်မြတ်နိုးတဲ့ သူယောက်မို့ပါ။ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းဖို့ အဓိက အခက်အခဲကတော့ နောက်ကပံ့ပိုးပေးမယ့်မိဘပါ။ ကျွန်တော့်အတွက် အခက်ခဲဆုံးက ကျွန်တော့်ကို တစ်ထောင့်တစ်နေရာကနေ အားပေးဖေးမပေး မယ့် မိဘ၊ ကျွန်တော့်အတွက် အလိုအပ်ဆုံးနဲ့ အခက်ခဲဆုံးအရာပါ။ ကျွန်တော် အစောကပြောခဲ့သလိုပေါ့နော်။ အနုပညာကိုချစ်တယ်။ အဲဒီအတွက် အနုပညာ အလုပ်နဲ့ပတ်သက်ြပီး ဘယ်နေရာကနေရနေရ လျှောက်လှမ်းသွားဖို့ အစီအစဉ် ရှိပါတယ်။ အနုပညာလောကမှာ လေးစားအားကျရတဲ့စံပြ Idolကတော့ ကိုဝေဠုကျော်ကိုပါ။ ဘာလို့လဲဆိုတော့ သူကအနုပညာကိုချစ်တယ်။ ပရဟိတ ကို မြတ်နိုးတယ်။ လုပ်ကိုင်တယ်။ မှန်တဲ့လမ်းတွေကိုလျှောက်လှမ်း နေတဲ့သူ တစ်ယောက်မို့ပါ။
နော်မြင့်မြတ်နိုး
ဒီပြိုင်ပွဲမှာသမီး နိုင်ငံကိုယ်စားပြု Winner ဆုရှင်Missတစ်ဦးအဖြစ် ရရှိဖို့ ကြိုးစားရင်း မျှော်လင့်ထားပါတယ်။ ငယ်ငယ်ကတည်းက အနုပညာနဲ့ ပတ်သက်ရင် အဆိုဘက်ကိုလည်း ဝါသနာပါသလို၊ ငယ်ငယ်ကဆိုရင် TV ကနေ သီချင်းလာတို်င်းကတတ်တယ်။ အဖေနဲ့ အမေ ရှေ့မှာဆိုလည်း သရုပ်ဆောင်ပြပြီး ကတတ်တဲ့ အကျင့်လေးရှိတယ်။ ပြောရမယ်ဆိုရင် အနုပညာသရုပ်ဆောင်တစ်ဦးကို ဒီနေ့အထိ ဖြစ်ရမယ်လို့လည်း ယုံကြည်ပါတယ်။ ငယ်ငယ်ကတည်းက အမှတ်တရက အနုပညာတစ်ခုမကပါဘူး။ အများကြီးရှိတာတော့ အမှန်ပဲ။ State ကျောင်းသူဘဝတုန်းကဆိုရင် ကျောင်းပွဲမှာ ပြဇာတ်တို့၊ ကျောင်းဖွင့်ပွဲတွေမှာလည်း သမီးမပါမဖြစ်သလို၊ ရွှေကြိုးဖြတ်တာတို့ လုပ်ရပါတယ်။ ဘယ်အနုပညာကို စိတ်ဝင်စားလဲဆိုတော့ ဖွေးဖွေးနဲ့ ရွှေမှုံရ တီကို တအားအားကျတယ်။ သူတို့လို သရုပ်ဆောင်ကောင်းဖြစ်ချင်တယ်။ အဲဒါကြောင့် သရုပ်ဆောင်ခြင်းဆိုတဲ့ အနုပညာကို စိတ်ဝင်စားပါတယ်။ အနုပညာ လမ်းကြောင်းကိုလျှောက်လှမ်းတဲ့အခါ အခက်အခဲတွေကျတော့ အများ ကြီးပဲလေ။ သမီးတို့ဆိုရင် အတွေ့အကြုံမရှိသေးတော့ ပိုဆိုးတာပေါ့နော်။ တစ်ခုချင်း တစ်ခုချင်းကို အစကနေ လိုက်သင်ရမယ်။ နာမည်ကြီးသရုပ်ဆောင်တွေတောင် ခုထိသူတို့အတွက် အခက်အခဲဖြစ်နေတုန်းလေ။ ဒါကြောင့် ကျွန်မဝါရင့်၊ သမ္ဘာရင့်ဆရာဆီမှာ ဖြည်းဖြည်းချင်းသင်ယူရင်း အခက်အခဲတွေကို ကျော်ဖြတ်သွားမှာပါ။ သမီး Idolကတော့ ခုနကပြောတဲ့ ဖွေးဖွေးနဲ့ ရွှေမှုံရတီကို အရမ်းအရမ်းချစ်တာပေါ့။
အောင်ပြည့်စုံ