ရန်ကုန်တိုင်း၊ ဒလမြို့၊ ဗိုလ်ရန်ပြေရပ်ကွက်ရှိ သောက်သုံးရေကန်အားမြေဖို့ခဲ့သူအား ဒဏ်ကြေး(၃)သိန်းချမှတ်ပြီးဖြစ်ကာ ၎င်း ရရှိထားသော ဂရန်ကိုလည်းပယ်ဖျက်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ပုဂ္ဂိုလ်သည် ယင်းသောက်သုံးရေကန်အား နှစ်(၆၀)ဂရန်ရရှိထားသည်ဟုဆိုကာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ခွင့်ပြုချက်မရဘဲ မြေဖို့ခဲ့သဖြင့် ဆက်လက်ပြုလုပ်ခြင်းမပြုရန် ရန်ကုန်မြို့တော်စည်ပင်မှ မတ် ၁၉ ရက်နှင့် မတ် ၂၁ ရက်တို့တွင် အကြောင်းကြားစာများပေးပို့ခဲ့ကြောင်း သိရသည်။
ထိုသို့ အကြောင်းကြားစာများပေးပို့ခဲ့သော်လည်း ဆက်လက်ပြုလုပ်နေသဖြင့် မတ် ၂၄ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဥပဒေပုဒ်မ ၃၁၂(ဃ)အရ ထိုပုဂ္ဂိုလ်အား မြို့နယ်တရားရုံး(စည်ပင်သာယာ)အမှတ်(၂)လ သာမြို့နယ်က ဒဏ်ကြေးငွေကျပ်(၃)သိန်းပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဒဏ်ကြေးငွေ(၃)သိန်းချမှတ်ခဲ့သော်လည်း ၄င်းသည် ယင်း သောက်သုံးရေကန်အား မြေဖို့ခြင်းလုပ်ငန်းများကို ဆက်လက်ပြုလုပ်ခဲ့သဖြင့် ၎င်းအားထုတ်ပေးထားသည့် ဂရန်ကိုပယ်ဖျက်ခဲ့ကြောင်း သိရသည်။
